စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆေးဝါးများ မှီဝဲရာတွင် လိုက်နာသင့်သော ညွှန်ကြားချက်များ


 

အစာမစားမီ သောက်သင့်သော ဆေးများ မှီဝဲမည်ဆိုလျှင် အစာမစားခင် အနည်းဆုံး မိနစ် ၃၀ ခြားပြီး ဒီဆေး တွေကို မှီဝဲဖို့ လိုပါတယ်။အစာမစားခင် နှစ်မိနစ် အလိုမှာ ဆေးမသောက် သင့်ပါဘူး။

(အကြောင်းပြချက်- ဆေးဝါးတချို့ဟာ အစာရှိချိန်မှာ စားလိုက်ရင် အာနိသင် လျော့ကျ သွားတတ်လို့ပါ။) အစာစားပြီး သောက်သင့်သော ဆေးများ မှီဝဲမည်ဆိုလျှင် အစာစားပြီး ၅-၁၀ မိနစ်ကြာမှ ဆေးသောက် ရပါမယ်။ (အကြောင်းပြချက်- တချို့ဆေးတွေက အစာမရှိဘဲ စားလိုက်ရင် အစာအိမ်ကို မအီမသာ ဖြစ်စေ နိုင်ပါတယ်။ အစာရှိမှ ဝေဒနာ သက်သာ သွားနိုင်လို့ပါ။) ဆေးပတ်လည်အောင် သောက်ပါ ဆေးအားလုံးကို ဝေဒနာ သက်သာတဲ့ အထိ သတ်မှတ်ကာလ ပြည့်မီအောင် သောက်သင့် ပါတယ်။

(အကြောင်းပြချက်- သင့်ခန္ဓာကိုယ် ထဲမှာ ကျန်ရှိနေတဲ့ ပိုးမွှားတွေ သေစေဖို့ရာ အတွက် ဆေးပတ်လည်တဲ့ အထိ သောက်သင့် တာပါ။ ပိုးမွှားတွေ ကျန်နေရင် ပိုမို အာနိသင် ပြည့်လာပြီး ဆေးတွေကို ခုခံနိုင်စွမ်းရှိကာ နောက်တစ်ကြိမ် နာမကျန်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ) အားဆေး မှီဝဲမည်ဆိုလျှင် နေ့အချိန်အတွင်း အစာစားပြီးနောက် အားဆေးကို မှီဝဲ သင့်ပါတယ်။ အစာမရှိဘဲ အားဆေး မသောက်ပါနဲ့။ (အကြောင်းပြချက်- ဆီးကနေ ဗီတာမင် ဘီနဲ့စီ မြန်မြန်ထွက်ရှိ သွားတာကြောင့် အားဆေးရဲ့ အာနိသင် ဆုံးရှုံးသွား ပါလိမ့်မယ်)။
Good Health
  http://myawady.com.mm/health/knowledge/item/14396-2013-05-20-12-56-08

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...