စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဓာတ်တိုးဆန့်ကျင် ပစ္စည်းများက သက်ကြီးအမျိုးသား များ၏ သုက်ပိုးအရည် အသွေးကို ကောင်းမွန်စေနိုင်



ခရမ်းချဉ်သီးနဲ့ အစိမ်းရောင် ပန်းဂေါ်ဖီ (ဘရိုကိုလီ)လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှု များပြားတဲ့ အစာတွေကို စားသုံးတဲ့ အသက်ကြီး အမျိုးသားတွေမှာ အဲဒီအစာတွေကို မစားသူတွေထက် သုက်ပိုး အရည်အသွေး ပိုမို ကောင်းမွန်နိုင်ကြောင်း အမေရိကန်မှ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။

ဗီတာမင်စီနဲ့ အီး၊ ဖောလိတ်နဲ့ သွပ်ဓာတ်များစွာ ရရှိတဲ့ အသက်၄၅နှစ် ထက်ကြီးသူတွေရဲ့ သုက်ပိုးမှာ ဒီအင်အေအမျှင် ပျက်စီးမှုနည်းပါးကြောင်း သုတေသီတွေတွေ့ရှိခဲ့တာကို မျိုးပွားခြင်းဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒီအင်အေအမျှင် ပျက်စီးမှုဟာ သုက်ပိုးရဲ့ မျိုးရိုးဗီဇအရည်အသွေးကို တိုင်းတာနိုင်ပြီး အမျိုးသားတွေအနေနဲ့ အသက်ကြီးလာတာနဲ့အမျှ သုက်ပိုး အရည်အသွေး ကျဆင်းသွားတတ်ပါတယ်။

ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေဟာ သုက်ပိုး အရည်အသွေးကို တိုက်ရိုက် ကောင်းမွန်စေနိုင်တာ ဒါမှမဟုတ် ကျန်းမာတဲ့ ကိုယ်ဝန်ဆောင် ရရှိဖို့အခွင့်အရေး မြင့်မားစေတာ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ အသက်၄၅နှစ် ကျော်သူ အမျိုးသားတွေမှာ ဗီတာမင်စီ အများဆုံး ရရှိသူတွေဟာ ဗီတာမင်စီနည်းစွာ ရရှိသူတွေထက် ဒီအင်န်အေ ပျက်စီးမှု ၂၀ရာခိုင်နှုန်း နည်းပါးကြောင်း၊ ဗီတာမင် အီး၊ သွပ်နဲ့ ဖောလိတ်အက်စစ်ဓာတ်ကို စမ်းသပ်ရာမှာလည်း ဗီတာမင်စီနဲ့ တွေ့ရှိချက်တူညီကြောင်း သိရပါတယ်။ အသက်ငယ်တဲ့ အမျိုးသားတွေမှာမူ
ဓာတ်တိုးဆန့်ကျင်ပစ္စည်း စားသုံးမှုနဲ့ သုက်ပိုး အရည်အသွေး ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။

အချဉ်အရသာရှိတဲ့ သစ်သီး၊ အနီရောင်နဲ့ အစိမ်းရောင် ငရုတ်သီးနဲ့ ခရမ်းချဉ်သီးတွေမှာ ဗီတာမင်စီ များစွာပါဝင်ပါတယ်။ အခွံမာသီး(Nuts) ဟင်းနုနယ်နဲ့ ဘရိုကိုလီလိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်အီးများစွာ ပါဝင်ပါတယ်။ ငါး၊ ပုစွန် စတဲ့ ပင်လယ်စာ၊ အမဲသား၊ ဆိတ်သားလိုမျိုး အနီရောင်အသား၊ ပဲအမျိုးမျိုး၊ အခွံမာသီးနဲ့ နို့ထွက်ပစ္စည်းတွေမှာ သွပ်ဓာတ်များစွာ ပါဝင်ပါတယ်။
http://www.myawady.net.mm/health/treatment/item/827-2012-12-05-10-34-03

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...