စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လေ့ကျင့်ခန်းလုပ်စဉ် တွေ့ရတဲ့ပြဿနာများ



By Myawady News, on July 9th, 2013

နံရိုးထဲဒါးနှင့် ထိုးနေသလို စူးအောင့် ခြင်း

လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်နေစဉ် နံရိုးကြားက စူးအောင့် တာဟာ ရင်ဝမ်းခြားကြွက်သား (diaphragm) ဆတ်ကနဲကျုံ့ခြင်းကြောင့် ဖြစ်ပါ
တယ်။ လေ့ကျင့်ခန်းကို အနည်း ငယ်နှေးလိုက်ပြီး အသက်ဝ၀ရှူပါ။
လေ့ကျင့်ခန်းလုပ်လျှင် စစချင်း အပြင်း အထန်မလုပ်ပါနဲ့။ သွေးပူအောင် လမ်းလျှောက်တာ၊ လှေကား အတက် အဆင်းလုပ်တာစသည်ဖြင့်
ဖြည်းဖြည်း ချင်းစပါ။

နှာရည်ယိုခြင်း

အထူးသဖြင့် အေးတဲ့ ပတ်ဝန်း ကျင်မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ အသက်ပြင်းပြင်းရှူလေ နှာခေါင်းတွင်းခြောက်သွေ့လေဖြစ်တာကြောင့် ဂလင်းများအလုပ်ပိုလုပ်ရပြီး နှာရည် ထွက်ရှိမှုပိုများပါတယ်။

ဝမ်းသွားခြင်း

လေ့ကျင့်ခန်းလုပ်စဉ်မှာ အူကို သွေးစီးဆင်းမှု လျှော့ချပြီး ကြွက်သားများထံ
ပိုမိုပို့ဆောင်ရတာကြောင့် ဝမ်းပျော့ပျော့သွားတတ်ပါတယ်။ လေ့ကျင့်ခန်း
မလုပ်ခင် နှစ်နာရီအလို ကတည်းက အစာမစားပါနှင့်။

မျက်နှာနီခြင်း

အပူစွန့်ထုတ်မှုကောင်းစေဖို့ မျက်နှာတဝိုက်ဆံခြည်မျှင်သွေးကြော (capillaries) တွေ ကျယ်လာရတာ ကြောင့် မျက်နှာနီမြန်းလာတတ်ပါ တယ်။ ရေအေးဝတ်တစ်ခုဆောင်ထားပြီး မျက်နှာသုတ်ပေးပါ။ ချွေးနှင့်
ချေးများကြောင့် ဝက်ခြံဖြစ်ခြင်းကိုပါ ကာကွယ်ပေးပါတယ်။

သီဟ
Source:RD
Health Updates Journal

https://www.facebook.com/photo.php?fbid=440585232705980&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...