စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Windows မတင်ခင် နဲ့ တင်ပြီး စဉ်းစားးရမယ့် အချက်များ

    ကျွန်တော်တို့ အများဆုံး အသုံးပြုတာ windows ပါ၊ ဂိမ်းဆော့ဖို့ အင်တာနက်ကြည့်ဖို့ ဗီဒီယို ဓာတ်ပုံ တည်းဖြတ်ဖို့ နဲ့ ရုပ်ရုင်တွေ ကြည့်ဖို အတွက် windows က အများကြီး အထောက်အကူပြုပါတယ် ၊ windows အသစ်တင်ထားရင် စက်က တော်တော်မြန်တာ 3,4 လ ကြာတဲ့အခါ နှေးလာပြီ ဒီထက်ပိုသွားရင် တော်တော်ကြာလာမယ် ၊ ကွန်ပျူတာ သုံးတာ မြန်ချင်လို့ပါ နှေးရင် ဘယ်နှိပ်ပါ့မလဲ မဟုတ်ဘူးလား windows တင်ထားတာကြာပြီ ဆိုရင် blue screen တို့ system restart ဖြစ်သွားတာကြုံဖူး ကြမှာပါ နောက်စနစ် တော်တော်နှေးလာပြီဆိုရင် အရေးကြီးတဲ့ ဖိုင်တွေ ကူးထားပြီး windows အသစ်တင်ကြမှာပါ ၊ အဲဒီတော့ ကျွန်တော် အပိုင်း နှစ်ပိုင်းခွဲပြီး ပြောသွားပါမယ်
Desktop အတွက် windows တင်မယ်ဆိုရင် အဆင်ပြေတာများပါတယ် ဆိုလိုတာက laptop , netbook တွေထက် DVD Drive တွေပါလို့ပါ windows တင်ခါနီး ကိုယ့်ရဲ့ DVD drive တွေ ကောင်းမကောင်းစမ်းပါ မကောင်းဘူးဆိုရင် windows တင်တဲ့အချိန်မှာ အနှောက်အယှက် တွေနဲ့ ကြံရမှာပါ ပြီးတော့ motherboard,graphic card,wifi card တွေရဲ့ drivers တွေရှာထားပါ ၀ယ်တုန်းက ပါလာတဲ့ drivers disc တွေပျောက်နေရင် drivers တွေကို backup လုပ်ထားပါ driver တွေ backup လုပ်ဖို့ ဆော့ဝဲအများးကြီးရှိပါတယ် ၊ ပြီးတော့ Control Panel ထဲက Fonts ထဲက ဖိုင်တွေအကုန်လုံး copy ကူးပြီး New Folder ထဲ paste လုပ်ထားပါ ၊အကုန်လုံးပြည့်စုံပြီဆိုရင် windows တင်လိုက်ပါ။
        Laptop,Netbook တွေမှာ DVD drive တွေမပါတာဘဲ ဖြစ်ဖြစ် ပျက်သွားတာဘဲဖြစ်ဖြစ် windows တင်ခါနီး အလွန်ဒုက္ခရောက်ပါတယ် အဲဒီတော့ တင်နည်းက အလွန်ဆုံး နှစ်နည်းဘဲရှိတယ်  memory stick နဲ့ external DVD drive နဲ့ တင်တာပါ တစ်မျိုးရှိရင် အဆင်ပြေပါတယ် ၊ သူလည်းဘဲ လိုအပ်တဲ့ driver တွေ backup လုပ်ထားရမယ် windows တင်ပြီးမှ ကိုယ့်စက်ရဲ့ drivers တွေ ရှာမရလို့ အွန်လိုင်းမှာ download ဆွဲနေရပါဦးမယ် တကယ်လို့ ကိုယ့်စက်က ဗိုင်းရပ်ကိုက်နေတယ်ဆို ရင် ၄င်း drivers တွေကို backup မလုပ်ပါနဲ့တော့ ၊ Windows တင်တာ Virus , error ရှင်းချင်လို့ပါ ၊ Virus မကိုက်ဘူးဆိုရင် drivers တွေကို backup လုပ်ထားပါ Desktop လည်း ထိုနည်းတူပါဘဲ ၊ Netbook သုံးတယ်ဆိုရင် windows xp ဒါမှမဟုတ် windows 7 starter တင်ပါ  အားလုံး အဆင်ပြေပြီဆိုရင် windows တင်လိုက်ပါ။
     Windows တင်ပြီးသွားပြီဆိုရင် အရင်ဆုံး Antivirus တစ်ခုတင်လိုက်ပါ ( ကိုယ့်က ကျွမ်းကျင်သူဆိုရင် ကိုယ့် တင်မယ့်ဆော့ဝဲတွေကို အရင်တင်ပြီးမှ Antivirus ကို နောက်ဆုံးမှတင်ပါ ) ၊ လိုအပ်တဲ့ drivers တွေကို တင်ပါ ၊ ပြီးတော့ ကိုယ်က လုပ်ငန်းတစ်ခုခု လုပ်တယ်ဆိုရင် သူနဲ့ သက်ဆိုင်တဲ့ ဆော့ဝဲတွေကို တင်ပါ ၊ ဂိမ်းတွေ ကိုယ်ကြိုက်တဲ့ ဆော့ဝဲတွေ မြန်မာဖောင့်တွေကို တင်လိုက်ပါ ၊ ပြီးရင် Antivirus ကို update လုပ်ပြီး windows တစ်ခု လုံးကို scan လုပ်လိုက်ပါ ၊ အားလုံးပြီးသွားရင်  hard disk ကို Defragment လုပ်ပြီး စက်ကို restart လုပ်လိုက်ပါ ၊ ဒါဆိုရင် အားလုံးအဆင်ပြေသွား ပါလိမ့်မယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...