စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Morning Glory ရေပူစမ်း

Morning Glory ရေပူစမ်း
Morning Glory ပန်းနဲ့ တူမတူ ဆိုတာကိုတော့ ပုံကိုကြည့်ပြီး နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
ရေပူစမ်းရဲ့ အပေါ်မျက်နှာပြင်ပေါ်မှာတော့ အပူငွေ့များ ဖြာထွက်နေတာကို တွေ့မြင်နိုင်ပါတယ်။ အချို့နေရာတွေမှာတော့ ရေကန်ရဲ့ အပူချိန်ဟာ ရေဆူမှတ်ထိအောင် ရှိနေတတ်ပါတယ်။ သို့သော်လည်း ပူလွန်းတဲ့ မြေအောက်ရေထဲမှာတော့ ဘေးပတ်ဝန်းကျင် ကျောက်ဆောင်များဆီက သတ္တုမျိုးစုံတို့ဟာ ပျော်ဝင်နေခဲ့ပါတယ်။ ထူးထူးဆန်းဆန်း စိမ်းပြာရောင် ရေညှိတွေ ဘက်တီးရီးယားတွေနဲ့ ရေထဲမှာပါဝင်တဲ့ သတ္တုဓာတ်တွေက ရေပူစမ်းရဲ့ အောက်ခြေအရောင်ကို  ကတ္တီပါ စိမ်းပြာရောင်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ အချို့သော အယ်လ်ဂျေးတွေဟာ အလွန်မြင့်မားသော အပူချိန်အတွင်းမှာတောင် အသက်ရှင်သန် နေထိုင်နိုင်ကြပါတယ်။ စိမ်းပြာရောင်ရှိတဲ့ ရေညှိတစ်မျိုးဟာဆိုရင် ၁၆၅ ဒီဂရီစင်တီဂရိတ် အပူချိန်ထိ ခံနိုင်ရည်ရှိပါတယ်။
 
ထူးထူးဆန်းဆန်း အဝါရောင်၊ အညိုရောင်၊ လိမ္မော်ရောင်ရှိတဲ့ ရေညှိတွေနဲ့ ရေထဲမှာပါဝင်တဲ့ သတ္တုဓာတ်တွေက ရေကန်ရဲ့ အောက်ခြေအရောင်ကို  စိမ်းပြာရောင်ကတ္တီပါ အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ အချို့သော အယ်လ်ဂျေးတွေဟာ အလွန်မြင့်မားသော အပူချိန်အတွင်းမှာတောင် အသက်ရှင်သန် နေထိုင်နိုင်ကြပါတယ်။ စိမ်းပြာရောင်ရှိတဲ့ ရေညှိတစ်မျိုးဟာဆိုရင် ၁၆၅ ဒီဂရီစင်တီဂရိတ် အပူချိန်ထိ ခံနိုင်ရည်ရှိပါတယ်။
Morning Glory ရေပူစမ်းဟာ အချို့နေရာတွေမှာ ရေဆူမှတ်ထိအောင် ပူပြင်းသော်ပြီး အလွန်လှပတဲ့ စိမ်းပြာရောင်ရှိခဲ့သော်လည်း ဥယျာဉ်တွင်း အလည်လာရောက်ကြတဲ့ ဧည့်သည်များက ရေပူကန်အတွင်းသို့ အမှိုက်သရိုက်များ၊ အကြွေစေ့များ၊ တုတ်ချောင်းများ၊ ကျောက်ခဲများ ပစ်ချတဲ့အတွက် မြေပြင်အောက်မှ အပေါ်သို့ စီးထွက်လာသော ရေပူမှာလည်း နည်းပါးသွားခဲ့ပြီး ရေရဲ့အပူချိန်မှာ လျော့ကျခဲ့ရသလို၊ ရေပူစမ်းရဲ့အရောင်မှာလည်း ရွှေဝါရောင်သို့ ပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ရေပူစမ်းအနီးကို သွားတဲ့ လမ်းပေါင်းများစွာကို ပိတ်ပစ်လိုက်ပြီး သတ်မှတ်နေရာကနေသာ သွားနိုင်အောင် ဥယျာဉ်ရဲ့ တာဝန်ရှိသူများက ဆောင်ရွက်ထားကြပါတယ်။
ယခင်ကလည်း Yellowstone ဥယျာဉ်ကြီးအတွင်းက သစ်တောကြီးဟာ သုံးပုံတစ်ပုံခန့် မီးလောင်ကျွမ်းသွားခဲ့ရပါတယ်။ အဲဒီလို လောင်ကျွမ်းတဲ့မီးဟာလည်း ဥယျာဉ်တွင်း လာရောက် လည်ပတ်သူများရဲ့ ပေါ့ဆမှုကြောင့် လောင်ကျွမ်းရခြင်းဖြစ်ပါတယ်။ ဥယျာဉ်ကြီးအတွင်းမှာ တောင်တက်ခြင်း၊ စခန်းချခြင်း၊ ငါးမျှားခြင်း၊ လှေစီးခြင်း ၊ ရှုခင်းများ လှည့်လည်ကြည့်ရှုခြင်းတို့ ပြုလုပ်နိုင်ပြီး တစ်နှစ်နှစ်ကို လာရောက်လည်ပတ်သူပေါင်း များစွာ ရှိပါတယ်။
ချော(အစိမ်းရောင်လွင်ပြင်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...