ကျွန်တော် သင်္ကြန်တွင်း မိုးကုတ်ရောက်နေတယ်ဆိုတာ သိတဲ့လူတွေသိကြမှာပါ။ တစ်ချို့က မေးကြပါတယ်။ မန္တလေးသင်္ကြန်မနေဘဲ ဘာလို့ မိုးကုတ်ကိုလာတာလဲတဲ့။ ကျွန်တော်မှာ အဖြေမရှိပါ။ လတ်ဆတ်အေးမြတဲ့ မိုးကုတ်သင်္ကြန်လေးနဲ့ နှစ်သက်ကူးချင်တယ်။ မိုးကုတ် ဟာ မန္တလေးလောက်တော့ ဘယ်စည်ကားလိမ့်မလဲ။ ဒါပေမယ့် ရှိတဲ့ မဏ္ဍပ်လေးတွေမှာ တော့ တိုးမပေါက်လောက်အောင်ကို အပြတ်အသတ်စည်ကား ပါတယ်။ ချမ်းအေးတဲ့ မိုးကုတ်ရာသီဥတုမှာ ရေပက်ခံရမယ်ဆိုတော့ စဉ်းစားကြည့်ကြပေါ့ဗျာ။ စိမ့်နေတာပါပဲ။ ဒါကြောင့် မသောက်တတ်ပေမယ့် ဆေးဖြစ်ဝါးဖြစ် နည်းနည်းလေးမှီဝဲပြီး တွေ့ရာမဏ္ဍပ်မှာကားထိုးပြီး ကခဲ့ကြပါတယ်။
မိုးကုတ်(အရှေ့ပိုင်း)မှာ မဏ္ဍပ်(၄)ခုရှိတယ်၊ အနောက်ပိုင်းမှာ မဏ္ဍပ်(၃)ခုရှိတယ် ပေါင်း(၆)ခုပဲရှိတယ်။ ကြိတ်ကြိတ်တိုးကို စည်ကားပါတယ်။ အနောက်ပိုင်းက ပိုပြီးစည်ကားတာကို တွေ့ခဲ့ရပါတယ်။ အောက်ပါဓါတ်ပုံများကို အမှတ်တရ ရိုက်ယူလာခဲ့ပါတယ်။
မိုးကုတ်(အရှေ့ပိုင်း)မှာ မဏ္ဍပ်(၄)ခုရှိတယ်၊ အနောက်ပိုင်းမှာ မဏ္ဍပ်(၃)ခုရှိတယ် ပေါင်း(၆)ခုပဲရှိတယ်။ ကြိတ်ကြိတ်တိုးကို စည်ကားပါတယ်။ အနောက်ပိုင်းက ပိုပြီးစည်ကားတာကို တွေ့ခဲ့ရပါတယ်။ အောက်ပါဓါတ်ပုံများကို အမှတ်တရ ရိုက်ယူလာခဲ့ပါတယ်။
အနောက်ပိုင်းက ကျပ်ပြင်အုပ်စု မဏ္ဍပ်
ကသဲအုပ်စု မဏ္ဍပ်
လယ်ဦး၊ ပိတ်ဆွယ်ဘက်သွားတဲ့လမ်း ဘေးမှာ ကဲနေကြတဲ့မမတွေ
ပိတ်ဆွယ်မဏ္ဍပ်
မုန့်လုံးရေပေါ် စားကြမယ်
မိုးမိတ်အထွက်မှာ ကဲနေတဲ့ မမတွေ
မြို့မ အောင်နန်းကျောင်းရှေ့က မဏ္ဍပ်
ပရဟိတ မိဘမဲ့ကလေးများကျောင်း မဏ္ဍပ် (ဖောင်တော်ဦးဘုရားရှေ့) ကျောက်တိုင်ကွင်း
ပရဟိတ မဏ္ဍပ်
ကဲနေတဲ့ကိုကိုများ
မင်းတံတား မဏ္ဍပ် (လျှပ်စစ်ရုံးရှေ့)
ရွှေလိပ်ပြာ မဏ္ဍပ်
ညောင်ပင်ကြီးရပ်ကွက်က မဏ္ဍပ် (အစည်ဆုံးပဲ)
ဆိုကြ၊ ကကြ၊ ရေပက်ကြ
ကသဲအုပ်စု မဏ္ဍပ်
အောင်နန်း(အထက)ရှေ့ကမဏ္ဍပ်
ရေပက်နေတဲ့မမများ
ရှောလီဝိုင်းအုပ်စု မဏ္ဍပ်
မိုးကုတ်မြို့ရဲ့ အဘိုးအဘွားတွေ ရေကန်တော့တဲ့ အလေ့အထ
စားခဲ့ရတဲ့ မုန့်လုံးရေပေါ်
ဘယ်လောက်ပဲးပျော်စရာကောင်းတဲ့နေရာဖြစ်ပါစေ.ဇာတိချက်ကျွေ မွေးရပ်မြေကိုတော့ဖြင့်
နှစ်သစ်ကူးတဲ့ သင်္ကြန်ရက်မှာ အရောက်ပြန်ချင်ကြတာ ဓမ္မတာ..
နှစ်သစ်မှာအလွမ်းတွေဝေးပါစေ... မောင်မြင့်

No comments:
Post a Comment