စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်္ကန္တ ကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်


*..အားလုံးမင်္ဂလာပါ...
အားလုံးဗဟုသုတရစေဘို့ရည်ရွယ်ပြီး ဒီပို့စ်လေးကိုရေးလိုက်ပါတယ် မနက်ကဆရာ
တော်တရားကိုနာရင်း ရေးခြင်စိတ်ပေါက်သွားတာနဲ့ ရေးလိုက်တာပါ ဆရာတော်ဟော
သောတရားအား ကျွန်တော်တက်သလောက်နဲ့ အလင်းသူအလင်းသားများအတွက်လက်
ဆောင်ပို့ပေးလိုက်ပါတယ်...
* သင်္ကြန်ဆိုတာ သင်္ကန္တ ဆိုတဲ့ပါဠိတော်က ဆင်းသက်လာတာပါ သင်္ကန္တဆိုတဲ့ပါဠိရဲ့
ဆိုလိုချက်က ကူးပြောင်းခြင်းလို့ အဓိပ်ပါယ် ရပါတယ် ကူးပြောင်းတယ်ဆိုရာမှာ တစ်
နှစ်မှသည် တစ်နှစ်သို့ကူးပြောင်းခြင်းကိုပြောပါတယ်တဲ့...
  သင်္ကြန်ပွဲဆိုတာ ရှေးလူကြီးသူမများ အဓိကလုပ်ခဲ့တာက နှစ်ဟောင်းက အငြစ်အ
ကျေးများကို နှစ်သစ်သို့မပါရလေအောင် ကုသိုလ်ကောင်းမှုတွေလုပ်ပြီး မိမိစိတ်ကို
ဆေးကြောတာပါ သင်္ကြန်ရက်အတွင်းမှာ ကိုယ်တက်နိုင်သမျှ စတုဒိသာကျွေးခြင်း
သံဃာတော်များကို ဆွမ်းကပ်ကုသိုလ်ယူခြင်း ဥပုတ်သီလဆောင့်ထိမ်းခြင်း တရား
ထိုင်ခြင်းစတဲ့ ကုသိုလ်များကို ကိုယ်တက်နိုင်သလောက်အားထုပ်ခြင်းဟာ နှစ်ဟောင်း
က အကုသိုလ် အငြစ်အကျေးများကို ကုသိုလ်ရေးနဲ့ဆေးတဲ့ သဘောပါ..
  ရှေးတုန်းက သင်္ကြန်ပတ်တယ်ဆိုတာက ယဉ်ကျေးတယ် ငွေဖလားမှာ အမွှေးနံ့သာ
ရေတို့ နံ့သာဖြူရေတို့ထည့်ပြီးတော့ သပြေခတ်လေးနဲ့ စိတ်ထဲကလဲ ကျန်းမာပါစေ
ချမ်းသာပါစေ နှစ်ဟောင်းကအငြစ်အကျေးတွေပြောင်ပါစေ ဆိုပြီးလောင်းကျတာ
စိုတယ်ဆိုရုံလောက် လောင်းကျတာ စတာနောက်တာမရှိဘူး အသောက်အစားကို
တက်နိုင်သမျှရှောင်တယ် နောက်သင်္ကြန်ရက်အတွင်းမှာ သိကြားမင်းကလူပြည်ဆင်း
တယ် ဆင်းပြီးတော့ မကောင်းတာလုပ်တဲ့ သူတွေဆိုရင်ခွေးသာရေနဲ့ရေးမှတ်သွား
တာ သေရင်ငရဲပို့မလို့ အဲလို့လူကြီးလူငယ် အားလုံးကယုံကြည်တယ်...
  ဒါကြောင့်သင်္ကြန်ရောက်ရင်မကောင်းတာမလုပ်မိအောင် ကျိုးစားကြတယ် ကုသိုလ်
များများလုပ်နိုင်အောင်ကျိုးစားကျတယ် ဒါဟာရှေးရိုးရာချစ်စရာကောင်းတဲ့သင်္ကြန်
လေးပါတဲ့ အခုကြတော့အားလုံးပြောင်းသွားတယ် သင်္ကြန်ဆိုတာ အပျော်သက်သက်
ဖြစ်လာတယ် လူငယ်တော်တော်များများဟာ ကုသိုလ်လုပ်ဘို့စိတ်မဝင်စားတော့ဘူး
လူငယ်တွေမပြောနဲ့ လူကြီးတွေပါ ပါလာကျတယ် သင်္ကြန်ရောက်ရင်သောက်မယ်စား
မယ် လည်မယ်ပတ်မယ် ပျော်မယ်ပါးမယ်ဆိုတာတွေများလာတယ် ဒါကြောင့်လူတွေ
မှာကုသိုလ်အလုပ်တွေ အားနည်းလာတယ် အကုသိုလ်တွေများလာတယ် ..
   ဒါကြောင့် ဒီနေ့ခေတ်မှာ လူတွေဟာ ကုသိုလ်အားနည်းလာတော့ စည်းပွားရေးတွေ
မကောင်းကျတော့ဘူး ရောဂါတွေများလာတယ် အသေဆိုးနဲ့သေတာတွေများလာ
တယ် ဒါဟာကုသိုလ်အားနည်းလာလို့ပဲ ဒါနကုသိုလ်နဲလာတော့ လူတွေဆင်းရဲလာ
တယ် သီလကုသိုလ်နဲလာတော့ ရောဂါတွေများလာတယ် တရားအားထုပ်တဲ့ကုသိုလ်
တွေနဲ့လာတော့ လူတွေ အသေဆိုးနဲ့သေတာတွေများလာတယ် ဒါဟာမြန်မာလူမျိုး
တွေစဉ်းစားရမဲ့အချက်ပဲ...
  ဘုရား တရား သံဃာ ရတနာသုံးပါးကိုမှီပြီးတော့ မြန်မာလူမျိုးတွေဒုက္ခရောက်နေ
တာဟာ ကုသိုလ်အားနည်းလာလို့ပဲ  ဒါကြောင့်နှစ်သစ်မှာကံကောင်းခြင်တယ်ဆိုရင်
ကုသိုလ်တွေများများ အားထုပ်နိုင်အောင်ကျိုးစားရမယ် မကောင်းတဲ့ကံတွေစဉ်ကြယ်
သွားအောင် ကောင်းတဲ့ကုသိုလ်ရေနဲ့ဆေးကြောရမယ် ဒါဟာလူတိုင်းလူတိုင်း ကြရမဲ့
သင်္ကြန်ပဲ ဒီလိုလုပ်နိုင်မှ နှစ်သစ်မှာကောင်းတာတွေ ကောင်းကျိုးတွေ ရမယ်..
   အားလုံးသောသူငယ်ချင်းအပေါင်းတို့ရေ ဆရာတော်ဟောတာကိုပြန်ရေးပေးလိုက်
တာပါ သူငယ်ချင်းတို့လေ့လာလို့ရအောင်ပါ ...
 .....သူငယ်ချင်းတို့အားလုံးနှစ်သစ်မှာချမ်းသာပျော်ရွှင်ကျပါစေ....
................အရှင်ဆေက (ခေတ္တရဟန်း).......

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...