စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဇနီး ၃၉၊ သားသမီး ၉၄ နဲ့ မြေး ၃၃ ယောက် ပိုင်ဆိုင်သူရဲ့ ကမ္ဘာ့အကြီးဆုံး မိသားစု


အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဘခ်တောင် ကျေးရွာမှ ဇီရိုနာ ချန်နာ ဆိုသူမှာ ဇနီး ၃၉ ယောက်ရှိပြီး သားသမီး ၉၄ ယောက်၊ ချွေးမ ၁၄ ယောက်နှင့် မြေး ၃၃ ယောက် ပိုင်ဆိုင်ထားသည်။ သူ့ရဲ့ ကမ္ဘာ့အကြီးဆုံး မိသားစု အတွက် ဂုဏ်ယူမဆုံးလည်း ဖြစ်နေသည်။ ထိုမိသားစုများမှာ ဘခ်တောင်ကျေးရွာမှ အခန်း ၁၀၀ ပါ လေးထပ်တိုက်ကြီးတွင် နေထိုင်ကြသည်။ ဇနီး ၃၉ ဦးကြားတွင် ပြဿနာ တစုံတရာ မရှိဘဲ အားလုံး ပျော်ရွှင် ကျေနပ်နေကြသည်ဟု ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။

မစ္စတာချန်နာက “ဘုရားသခင်က ကျနော်ကို အထူး စောင့်ရှောက်တယ်လို့ အမြဲခံစားမိပါတယ်။ ဇနီးတွေ သားသမီး တွေ အများကြီးစောင့်ရှောက်ဖို့ ဘုရားသခင်က အခွင့်ပေးထားတာပါ၊ ကမ္ဘာ့အကြီးဆုံး မိသားစု တစ်စုကို ဦးဆောင် နေရသူပေါ့” ဟု သတင်းစာကို ဂုဏ်ယူ ပြောဆိုခဲ့သည်။ မစ္စတာချန်နာ က မိသားစုကို စစ်တပ် စည်းကမ်းဆန်ဆန်နဲ့ ဖွဲ့စည်းထားသည်။ အကြီးဆုံး မယား ဇာသီယန်ဂီ က အခြား မယားများကို သန့်ရှင်းရေးမှအစ ချက်ပြုတ် လျှော်ဖွတ် အိမ်မှုကိစ္စအားလုံးကို ဦးဆောင်စီမံ ကွပ်ကဲသည်။ ညနေစာ တစ်ပွဲစာ စီစဉ်လျှင် ကြက်အကောင် ၃၀၊ အာလူး ၁၃၂ ပေါင်နဲ့ ဆန် ၂၂၀ ပေါင် ချက်ရသည်။

မစ္စတာချန်နာက သူ့မိသားစု ထပ်ချဲ့ဖို့အတွက် မိန်းမငယ်ငယ်များ ထပ်ယူဖို့ စဉ်းစားနေကြောင်းလည်း ပြောခဲ့သည်။ စိတ်ဝင်စားသူများ ဒေးလီးမေးလ် သတင်းစာကတဆင့် ဆက်သွယ်နိုင်ကြောင်း မောင်းခတ် ကြေငြာထားသည်။
မှတ်ချက် - http://myanmarinsingapore.com မှကူးယူတင်ပြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...