စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ အယဉ်ကျေးဆုံး ထမင်းဝိုင်း ၏ အင်္ဂါရပ်များ

                     ကမ္ဘာ့ အယဉ်ကျေးဆုံး ထမင်းဝိုင်း ၏ အင်္ဂါရပ်များ

(၁) ဆွမ်း (ထမင်း) ကို ရိုသေစွာ စားရမည်။
(၂) သပိတ်(သို့မဟုတ်) ပုဂံ ရှိသော ဆွမ်းပွဲတွင် အာရုံစိုက် စားရမည်။
(၃) ဆွမ်း(ထမင်းနှင့်ဟင်း)တို့ကို တစ်ပိုင်းခြင်း အစဉ် အတိုင်းယူပြီး စားသောက်ရမည်။
(၄) ဟင်းများများ ဆွမ်း နည်းနည်း မစားရ။
(၅) ဆွမ်း (ထမင်း)၏ လေးပုံတစ်ပုံခန့်သာ ဟင်းကို ထည့်ပြီး စားသုံးရမည်။
(၆) ဟင်းကို ဆွမ်းဖြင့် ဖုံးအုပ်ပြီး မစားသောက်ရ။
(ရ) ကဲ့ရဲ့လိုသောစိတ်ဖြင့် သူတစ်ပါး၏ ထမင်းပုဂံတို့ကို မကြည့်ရ။
(ဂ) ထမင်းလုတ် ကြီးကြီူး မစားရ။
(၉) ထမင်းလုတ်မရောက်မီ ပါးစပ်ကို ကြိုတင် ဖွင့်ဟ မထားရ
(၁၀) ထမင်းလုတ်ကို ညီညာ ၀န်းဝိုင်းအောင် ပြုလုပ် စားသောက်ရမည်။
(၁၁) လက်ချောင်းအားလုံးကို ခံတွင်းသို့ မသွင်းရ။
(၁၂) ထမင်း ပလုတ်ပလောင်းဖြင့် စကားမပြောရ။
(၁၃) ထမင်းကို ခံတွင်းသို့ ပစ်ပေါက်ဆော့ကစားသကဲ့သို့ မသွင်းရ။
(၁၄) ဆွမ်းကို ကိုက်ဖြတ်ပြီး မစားသောက်ရ။
(၁၅) ထမင်းကို ပါးစောင်မှာ ထားပြီး ပါးဖောင်းအောင် ပြုပြီး မစားရ။
(၁၆) လက်ကို ခါပြီး ထမင်းမစားရ။
(၁ရ) ထမင်းလုံးများ စားရတွင် ပြန့်ကျဲ မနေစေရ။
(၁ဂ) လျှာထုက်ပြီး ထမင်းမစားရ။
(၁၉) ပါးစပ်မှ အသံမြည်အောင် မစားရ။
(၂၀) ရှုးရှုးရှဲရှဲ အသံမမြည်အောင် စားရမည်။
(၂၁) လက်ချောင်းများကို လျက်ခြင်း၊ စုပ်ခြင်း၊ လက်ဝါးကို လျက်ခြင်း မပြုရ။
(၂၂) ပုဂံကို ခြစ်ပြီး မစားရ။
(၂၃) နှုတ်ခမ်းကို လျာဖြင့် လျက်ပြီးမစားရ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...