စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


ဒီနေ့မုန့်လုံးရေပေါ်လုပ်ပုံလေးတွေ့ လုပ်နည်းလေးလဲ ရှယ်ပေးလိုက်ပါတယ်။


    ကောက်ညှင်းမှုန့် (Glutinous Rice Flour) နဲ့ ဆန်မှုန့် (Rice Flour) ကို ၃း၁ အတိုင်းရောပါ။ အခုလုပ်တာ ကောက်ညှင်းမှုန့် ဆန်ချင်ခွက် ၆ခွက်၊ ဆန်မှုန့်၂ခွက် ကို ရေချက်အေး ၃ခွက်ထည့်ပြီး ရောသမမွှေ နယ်ပါတယ်။ ၁၀မိနစ်၊၁၅ မိနစ်လောက် နှံ့နေအောင် ခပ်နာနာလေးနယ်ပြီးရင် မုန့်လုံးလို့ရပါပြီ။ မုန့်ပိုနပ်ချင်ရင် ၁နာရီ ၂နာရီလောက် အ၀တ်ကလေးရေစွတ် အပေါ်ကတင်ပြီး နှပ်ထားပါ။ ကိုယ်ကတော့ စိတ်မြန်သူဆိုတော့ မနှပ်တော့ပါဘူး။

ထန်းလျက်ကို ကတ်ကြေးနဲ့ အစိတ်ကလေးတွေ ရအောင်ညှပ်ပြီး မုန့်လုံးတာတွေကတော့ သိပြီးသားမှို့မပြောတော့ပါဘူး။ ပုံမှာသာကြည့်ကြပါတော့။

ရေနွေးပွက်ပွက်ဆူထဲ မုန့်လုံးထားတာတွေ အသာပစ်ထည့်ပါ။
မုန့်လုံးရေပေါ်ဆိုတော့ ရေပေါ်ပေါ်လာမှ ဇကာလေးနဲ့စစ်ယူရတာပါ။ မုန့်ကို နှပ်မထားရင် နယ်ပြီးပြီးချင်း လုံးတယ်ဆို မုန့်ပေါ်လာလာချင်း မဆယ်ပါနဲ့။ မုန့်ပိုကျက်သွားအောင် ခဏတဖြုတ်စောင့်ပြီးမှ ဆယ်ပါနော့။.
မုန့်ကလုံးတုံးက သေးသေးလေး။ မုန်ကျက်လာရင် ပွလာလို့ မုန့်လုံးက ပိုကြီးလာပါတယ်။ ဒါကြောင့် သိပ်အလုံးကြီးတွေ မလုံးပါနဲ့။ အလုံးကြီးတော့ ထန်းလျက်နည်းပြီး အရသာမရှိဖြစ်တတ်ပါတယ်။

အုန်းသီးကတော့ market တွေမှာ ခြစ်ပြီးသား ဖွေးဖွေးလေးတွေ ရောင်းပါတယ်။  ငှက်ပျောဖတ်လေးနဲ့
 တည်ခင်တာကလဲး ပိုလှပပြီးစားချင်စဖွယ် ဖြစ်စေပါတယ်။
 ငှက်ပျောဖတ်လေးနဲ့ဆိုတော့ အမြင်လည်းလှ မွှေးလည်း ပိုမွှေးသလိုပဲလေ။

အုန်းသီးခြစ်ပြီးသားမရ ရတာသာဝယ်လာရပါတယ်။ ဓါးခွဲဘို့ ခြစ်ဘို့ဆို တစ်ယောက်ယောက် အကူအညီလိုတယ်။ ဘယ်သူလာကူလုပ်ပေးမလဲ စောင့်လိုက်ဦးမယ်။
ဆင်ပြောင်ကြီး အမြီးကျမှ တစ်ရလေခြင်း။

ဟိုဘက်က မုန့်လုံးရေပေါ်ကတော့ အုန်းသီး မပါပဲနဲ့ ဘယ်သူစမြိုင်းလိုက်လဲမသိဘူး။ ၄လုံးလျော့နေပြီ .)


http://auntysweet.blogspot.com/2009/04/blog-post_6303.html

ကဲးအားလုံးပြီးသွားရင်တော့ စားဖိုအစဆင်သင့် ဖြစ်ပါပြီ..။
                                                   မြီးစမ်းကြည်ကြပါဦး.သူငယ်ချင်းတို...





မြန်မာတိုရဲ့အတာသင်္ကြန်မှာ မုန့်လုံးရေပေါ်က စတုဒီသာဆိုရင် မပါမဖြစ်သော မြန်မာစားစရာပါ။

သင်္ကြန်မှာ ပျော်ဖိုကြီးပဲးမတွေးပဲး ဒါနလေးတွေလုပ်ဖိုလဲး သတိရပါနော...
                                                                                         မောင်မြင့်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...