စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာပေါ်မှာရှိတဲ့အလှဆုံးနေရာတွေ-၂

Argentina-Brazil Border မှာရှိတဲ့ Iguazu ရေတံခွန်

ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးရှေ့ပြေး ရေတံခွန်တစ်ခု ဖြစ်ပါတယ်။ Iguazu ရေတံခွန်ကြီးဟာ သဘာဝတရားရဲ့ထူးခြားဆန်းကြယ်မှု တစ်ခုလည်းဖြစ်ပါတယ်။ ဒီရေတံခွန်ဟာ Argentina , Brazil နဲ့ Paraguay နယ်သုံးခုရဲ့ အစပ်မှာတည် ရှိတာဖြစ်ပါတယ် ။ အာဂျင်တီးနားလူမျိုးတွေက ဧည့်သည်တွေကို ရေတံခွန်ရဲ့ ညာဖက်ချမ်းကို လှည့်လည်ကြည့်ရှု ဖို့ ခွင့်ပြုခဲ့ပြီး ဘရာဇီးလူမျိုးတွေကတော့ သူတို့ဘက်ချမ်းကို မပျက်ဆီးသေးတဲ့ သဘာဝအမွေအနှစ်အဖြစ် ဂုဏ်ယူ ရှုမြင်ကြပါတယ် ။
ဒီရေတံခွန်ကို ပထမဆုံးစတွေ့ခဲ့တဲ့ အမျိုးသမီး Eleanor Roosevelt ရဲ့ပြောဆိုချက်အရ သူမဟာ ဒီရေတံခွန်ကို စစတွေ့ခြင်းမှာ " poor Niagara " လို့ တမိပါတယ်တဲ့ ။ ဒီရေတံခွန်ရဲ့ အနီးအနားပါတ်ဝန်းကျင် တ၀ိုက်မှာတော့ တွယ်တက်စရာ ကျောက်တုံးတွေ ရေမှုန်ရေမွှားတွေနဲ့ ပြည့်နှက်လို့နေပါတယ် ။ Iguazu ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့အခြားရေတံခွန်တွေနဲ့စာရင်အမြင့်မားဆုံးသော ရေစီးဆင်းကျဆင်းမှု ရှိတယ်လို့သိရပါတယ် ။
ကျွန်တော်တို့ရဲ့ကမ္ဘာပေါ်မှာတည်ရှိတဲ့ အလှပဆုံးနေရာတွေကိုကြည့်ခြင်းအားဖြင့်ကျွန်တော်တို့ဟာရွေးချယ်နိုင် ခွင့်တောင် ပျောက်ဆုံးနေပြီး မိမိတို့နှလုံးသားမှာ အနှစ်သက်ဆုံးဆိုတဲ့ နေရာတွေကိုသာ သွားရောက်ဖို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ် ။ အချို့က ကြည်လင်သန့်ရှင်းနေတဲ့ ရေမှုန်ရေမွှားတွေကို ချစ်ခင်နှစ်သက်စဉ်ပြီး ဆန်းကြယ်တဲ့ သဘာဝတရားကို ခံစားနေစဉ်မှာပဲ မှာပဲ တစ်ချို့ကတော့ မြို့သေးသေးရဲ့ ဗိသုကာလက်ရာတွေ အောက်မှာပဲ မိမိတို့ရဲ့ ဘ၀ကို မြှုပ်နှံထားကြပါတယ် ။
တောင်အမေရိကမှာ ရှိတဲ့ Amazon Rainforest- Amazon Bason



Amazon rainforest ဟာ ဘီလီယံ ချီတဲ့ ဧကတစ်ကြောမှာ အထူဆုံးတောအုပ် ဖြစ်ပါတယ် ။ ဒီတောအုပ်ကြီးဟာ Brazil ( 60% ) , Peru ( 13% ),Venezuela , Columbia , Ecuador , Guyana , Bolivia , French Guiana နဲ့ Suriname တို့ရဲ့ အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ် ။ဒီတောကြီးရဲ့ သိပ်သည်းနက်နဲမှုကတော့ အလွန်ပဲ နက်ရှိုင်းပြီး တောအုပ်တွေဟာ တစ်ခုနဲ့တစ်ခုစပ်ဆက်ပြီး လမ်းစရှာဖွေဖို့တောင် အလွန်ပဲခက်ခဲလှပါတယ် ။ နက်ရှိုင်းဆန်းကြယ်လှတဲ့ အလှအပတရားတွေနဲ့ အချိန်မဲ့ အသက်ရှူမှားဖွယ်ရာ ဒီတောအုပ်ကြီးဟာ ကမ္ဘာပေါ်မှာ နှိုင်းယှဉ်စရာမဲ့လှပြီး ဒီအတွေ့အကြုံကိုတော့ တစ်ခေါက်လောက် မြည်းစမ်းကြည့်သင့်ပါတယ် ။


အာရှနိုင်ငံရဲ့ Himalayas



မည်သည့် ရှုထောင့်ကနေကြည့်ကြည့် ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ် ။ တောင်တန်းတွေဟာ တစ်ရစ်ပြီးတစ်ရစ် တစ်သွယ်ပြီးတစ်သွယ် စီရီနေပြီး ကျောက်ဆောင်ကျောက်တုံးတွေ အစီလိုက်စဉ်ထားသလို ဖြစ်ပြီး အဲဒီတောင်အထပ် တွေကို ကြည့်ရင်ပဲ ၃၀၀၀ ကီလိုမီတာလောက် ရှိပါတယ်။ တောင်ထိပ်တောင်ဖျားတွေဟာ မိုးကောင်းကင်ကို ထိလုနီးပါး ဖြစ်ပြီး planet ကြီးတစ်ခုလုံးရဲ့ အမြင့်ဆုံးတောင်တွေ စုဝေးနေတာ ဖြစ်ပါတယ် ။ ကမ္ဘာ့အမြင့်ဆုံးတောင် ထိပ်တွေလည်း ပါဝင်ပါတယ် ။ Mount Everest နဲ့K2 တို့ပဲဖြစ်ပါတယ် ။ ဒီတောင်တန်းတွေဟာ Afghanistan , Bhutan , China , India , Nepal, Pakistan နိုင်ငံတွေနဲ့ ထိစပ်နေပါတယ်။ ဒီနေရာဟာ ကောင်းကင်နဲ့ထိစပ်နေတဲ့ ကမ္ဘာ့နေရာလည်း ဖြစ်ပါတယ် ။


Ontario , Canada , New York , United States မှာ ရှိတဲ့ Niagara ရေတံခွန်



Niatara မြစ်ထဲမှာ ကြီးမားလှပတဲ့ ရေတံခွန်ပေါင်း များစွာစီးဆင်းလျှက်ရှိပါတယ် ။ သူတို့ဟာ ရေအားလျှပ်စစ်အတွက် အဓိကပင်ရင်း ဖြစ်ပြီးထင်ရှားကျော်ကြားလှပါတယ် ။ ဒီရေတံခွန်တွေကို ၃ မျိုးလည်း ခွဲခြားထားပါတယ် ။ Canadian ဘက်မှာ Horseshoe ရေတံခွန်American ဘက်မှာAmerican ရေတံခွန်နဲ့ Bridal Veil ရေတံခွန်တို့ပဲ ဖြစ်ပါတယ် ။ ဒီရေတံခွန်တွေဟာ နောက်ဆုံးရေခဲခေတ် ရဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်ပါတယ်။ဒီရေတံခွန်တွေဟာ အမြင့်ဆုံးမဟုတ်ပေမယ့် အလွန်အမင်းကျယ်ဝန်းပြီး North America မှာ အားအပြင်းဆုံးလည်း ဖြစ်ပါတယ် ။
လေးရာသီ ဟော်တယ်တဲ့ နာမည်လေးက သူ့ကို Bora Bora လို့ခေါ်တယ် ဂူဂဲလ်မှာ အလွယ်တကူရှာနိုင်ပါတယ် ။



ပါရာဂွေး ၊ ဘရာဇီး ၊ အာဂျင်တီးနား နိုင်ငံ သုံးနိုင်ဆုံရာ မြစ်ဆုံ

လှပလွန်းသော ရေကူးကန်
တည်နေရာ - အင်ဒိုနီးရှား
Ubud Hanging Gardens Luxury Resorts,
Bali, Indonesia

သင်္ကြန်မှာ အပန်းဖြေချင်ရင်
တည်နေရာ - ဂရိနိုင်ငံ အေသင်မြို့
နေရာလေးက ချစ်စရာတော့အကောင်းသားး)

မရောက်ဖူးသော်လည်း ခုလိုစားလေးပုံလေးတွေကြည့် စာတွေဖတ်လိုက်ရတော့ ရောက်ဖူးသလိုခံစားရပါတယ်---------
ရောက်ဖူးချင်တယ်ဆိုရင်တော့သွားကြည့်ပေါ့ဗျာ ဟီးးးးးးးးးးးးးး
သက်တန့်ချို ဘလော့ဂ်မှ ကူးယူထားပါသည်။
မိတ်ဆွေများအားလေးစားလျှက်----

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...