စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာတို့၏ လများသတ်မတ်ပုံ

Posted on: 2011-08-08 00:00:00

မြန်မာပြက္ခဒိန် စံနစ်သည်  Luni-Solar ဟု ခေါ် သည့် လသွား လမ်းကြောင်း ဖြင့် တစ်လတာ ကာလကို သတ်မှတ်ပြီး တစ်နှစ်တာ အချိန်ကာလကိုတော့ နေသွားလမ်းကြောင်း ဖြင့် ချိန်ညှိသတ်မှတ် သည့် စံတစ်ကို သုံးပါသည်။ လက ကမ္ဘာ ကို တစ်ပတ် ပတ်မိတဲ့ အချိန် ကို တစ်လတာ ကာလ ဟု သတ်မှတ်ပြီး ကမ္ဘာက နေကို တစ်ပတ်ပြည့် အောင် ပတ်မိတဲ့ အချိန်ကာလကိုမူ တစ်နှစ်တာ ကာလဟု သတ်မှတ်ခြင်း ဖြစ်ပါသည်။

လတစ်လရဲ့ အစ ကာလကို လကွယ်သွားပြီးသည့် အချိန်မှ စတင်ပြီး လ တဖြည်းဖြည်း ပြည့်လာသည်အထိ အဆိုပါ လ၏ လပြည့် (လဆန်း) ကာလ ဟု သတ်မှတ်ပါသည်။ ထိုသို့ လပြည့် ပြီးသည့် နောက် တဖြည်းဖြည်း ပြန်ကွယ်သွားသည့် ကာလကို အဆိုပါလ၏ လကွယ် (လဆုတ်) ကာလ အဖြစ် သတ်မှတ် ပြန်ပါ သည်။ ဒါ့ကြောင့် တစ်လတာ ကာလတွင် လဆန်း နှင့် လဆုတ် ကာလ တစ်စုံ ပါဝင်ပါသည်။ လဆန်းကာလ သည် ၁၅ ရက် ဖြစ်ပြီး လဆုတ်ကာလဟာ ပျမ်းမျှအားဖြင့် ၁၄.၅ ရက် ဖြစ်ပါ သည်။

လသည် ကမ္ဘာကို တစ်ပတ် အပြည့် လည်ပတ်ရန် အတွက် အတိအကျ အားဖြင့် ၂၇.၃၂၁၇ ရက် ကြာပါသည်။ မျက်မြင်အားဖြင့် မူ ၂၉.၅ ရက် သတ်မှတ် ကြပါသည်။ လ က ကမ္ဘာကို ပတ်နေချိန် တွင် ကမ္ဘာကလည်း နေကို ပတ်နေသည် ဖြစ်ရာ လပြည့် ကာလနှင့် လဆန်း ကာလ တို့ ပိုမို ရှည်ကြာသွားရခြင်း ဖြစ်ပါသည်။

အထက်ပါ ပုံတွင် လပြည့် သည့် နေ-ကမ္ဘာ-လ တို့ တစ်တန်းတည်း ကျသည့် အခြေအနကို တွေ့ ရမှာပါလိမ့်မည် ။ ကမ္ဘာဟာ နေကို တစ်ရက် ကို ပျမ်းမျှ ၁ ဒီကရီနှုံး ဖြင့် လှည့်ပတ်ပါသည်။ လက ကမ္ဘာကို တစ်ရက်လျှင် ၁၃ ဒီကရီ နှုံးနှင့် ပတ်ပါသည်။ ထိုသို့ ကမ္ဘာ နှင့် လ အသီးသီး ရွေ့ လျား နေကြာရာ လမှ ကမ္ဘာကို တစ်ပတ် တိတိ ပတ်မိချိန်တွင် ကမ္ဘာ သည်လည်း နေကို ၃၀ ဒီကရီခန့် ရွေ့လျား ပြီးနေပြီ ဖြစ်သည်။ ထိုအခါ လပြည့် ဖြစ်ရန် အတွက် နေ-ကမ္ဘာ-လ သုံးခု တစ်တန်းတည်း ဖြစ်ရန် လိုအပ်သည် ဖြစ်ရာ လသည် ရှေ့ သို့ ၃၀ ဒီကရီ ခရီးကို (နှစ်ရက်ကျော် ကြာ ) ထပ်မံ လည်ပတ်ရန် လိုအပ် နေပြန်သည်။ ထို အကြောင်း များကြောင့် လ တစ်ကြိမ်ပြည့် ပြီးနောက် ထပ်မံပြည့် ရန်အတွက် ပျမ်းမျှ ၂၉ ရက်ခွဲ ခန့် အချိန် လိုအပ်ရ ခြင်းဖြစ်သည်။


သို့သော်လည်လည်း တစ်လတာ ကာလကို သတ်မှတ် ရန်မှာ ရက်ဖြင့် သာ အတိအကျ သတ်မှတ်ရမည်ဖြစ်ရာ ပိုသည့် တစ်ရက်ခွဲကို နောက်လတွင် တစ်ရက်ပြည့် ထည့်ပေါင်းပေးခြင်းဖြင့် ၂၉ ရက် ရှိသော လနှင့် ရက် ၃၀ ရှိသော လ များကို တစ်လှည့်စီ သတ်မှတ်ပြီး ချိန်ညှိလိုက်ပါသည်။ ထို့ကြောင့် မြန်မာ ပြက္ခဒိန် စံနစ်တွင် တစ်နှစ်တာ ကာလအတွင် ၂၉ (လဆန်း ၁၅ ရက်၊ လဆုတ် ၁၄ ရက်)  ရက်ရှိသော လ နှင့် ရက် ၃၀ (လဆန်း ၁၅ရက်၊ လဆုတ် ၁၅ ရက်) ရှိသော လ ပေါင်း ၁၂ လ (ရက်ပေါင်း ၃၅၄ ရက်) ဖြင့် သတ်မှတ် ဖွဲ့ စည်းထားရခြင်း ဖြစ်ပါသည်။

ထို မြန်မာ လပေါင်း ၁၂ လမှာ
  1. တန်ခူး (၂၉ ရက်)
  2. ကဆုန် (ရက် ၃၀)
  3. နယုန် (၂၉ ရက်)
  4. ဝါဆို (ရက် ၃၀)
  5. ဝါခေါင် (၂၉ ရက်)
  6. တော်သလင်း (ရက် ၃၀)
  7. သီတင်းကျွတ် (၂၉ ရက်)
  8. တန်ဆောင်မုန်း (ရက် ၃၀)
  9. နတ်တော် (၂၉ ရက်)
  10. ပြာသို (ရက် ၃၀)
  11. တပို့တွဲ (၂၉ ရက်)
  12. တပေါင်း (ရက် ၃၀)
အသီးသီးဖြစ်ပါသည်။
 http://www.myanmarcalendar.org/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...