စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂင်းနစ်စံချိန်ဝင်ခဲ့တဲ့ ခွေးကလေး ဂျစ်ဖ်



စက်တင်ဘာလအတွင်း နှစ်(၆၀)ပြည့်အဖြစ် ထုတ်ဝေမယ့် ဂင်းနစ်စံချိန် စာအုပ်မှာ စံချိန်နှစ်ရပ် ရေးထိုးနိုင်ခဲ့တဲ့ ခွေးပုလေး တစ်ကောင်အကြောင်း ပါဝင်လာမယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ်မြို့က ဂျစ်ဖ်ဆိုတဲ့ လေးနှစ်သားအရွယ် ခွေးပုလေးဟာ ခြေနှစ်ချောင်းထောက် အပြေးအမြန်ဆုံး၊ လက်နှစ်ချောင်းတည်းနဲ့ အပြေးအမြန်ဆုံး စံချိန်နှစ်ရပ် တင်နိုင်ခဲ့ပါတယ်။

ဂျစ်ဖ်ဟာ ခြေနှစ်ချောင်းတည်းနဲ့ ၆.၅၆ စက္ကန့်အတွင်း ၁၀မီတာ ပြေးပြနိုင်သလို ခြေထောက်မြောက်ပြီး လက်နှစ်ချောင်းထောက် ပြေးရာမှာ ၅ မီတာကို ၇.၇၆စက္ကန့်ပဲ ကြာမြင့်ခဲ့ပြီး ဂင်းနစ်စံချိန် တင်ခဲ့တာပါ။ ဂင်းနစ်စံချိန် ပြုစုသူတွေရှေ့မှောက် ပထမဆုံး ပြေးပြရာမှာ အဲဒီလို စံချိန်ချိုးနိုင်ခဲ့တာလို့ သိရပါတယ်။ အရုပ်ကလေးနဲ့တူလွန်းတဲ့ ဂျစ်ဖ်ဟာ အပြေးကောင်းရုံတင်မကဘဲ စကိတ်စီးတာ၊ လက်ဆွဲနှုတ်ဆက်တာ၊ ဦးခေါင်းညွတ်ပြီး အရိုအသေပြုတာမျိုးတွေလည်း လုပ်တတ်ပါတယ်။

ကေတီပယ်ရီရဲ့ Dark Horse ဗီဒီယိုမှာ ဂျစ်ဖ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဂျစ်ဖ်ဆိုတဲ့ နာမည်နဲ့ ဖေ့ဘွတ်စာမျက်နှာက Like ၁.၃သန်းကျော် ရှိသလို အင်စတာဂရမ်၊ တွစ်တာ စာမျက်နှာတွေမှာလည်း ဂျစ်ဖ်ကို အားပေးတဲ့ ပရိသတ်အများအပြားရှိနေပါတယ်။ Youtube မှာ ဂျစ်ဖ်ရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရူသူ ၅၀၀၀၀၀ ရှိခဲ့တယ်လို့ သိရပါတယ်။
@z (ရိုးရာလေး)

Ref:nydailynews
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/posts/749249888451599 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...