စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သဘာဝစွမ်းအင်ကို ယူသည့်အိမ်များ ၀ယ်လိုအားတဟုန်ထိုး တိုး တက်လာ

အာရှ နှင့် အရှေ့ တောင်အာရှ နိုင်ငံများအတွင်း နေရောင်ခြည် (သို့) သဘာဝစွမ်းအင်ကို ယူသည့်အိမ်များ ၀ယ်လိုအားတဟုန်ထိုး တိုး တက်လာ

တိုးတက်လာ စဲအာရှ အလယ်ပိုင်း၊ အရှေ့တောင် အာရှ နှင့် ငံအချို့များဟာ ၀င်ငွေတိုးတက်မှုများလာတာနဲ့အမျှ Eco-Revolution ဆိုတဲ့ သဘာဝ ကို အခြေခံပြီး ဆောက်လုပ်ထားတဲ့အိမ်များ ကို သိသာစွာဝယ်လိုအားရှိလာနေ တယ်ဆိုတာကို တွေ့နေရပါတယ်။

လေ့လာသုံးသပ်ချက်အရ မြန်မာ့ House မှ ပါကစ္စတန် နိုင်ငံ ဟာ သဘာဝ နှင့် ကိုက်ညီတဲ့ အိမ်၊တိုက်၊ခန်း၊ကွန်ဒို ၁ သိန်း နီးပါးကို ၄င်း ရဲ့ ၀ိဘ်ဆိုက် မှာ တွေ့ရှိတင်ပြထားကြောင်းထုတ်ပြန် ပြောကြားသွားပါတယ်။ ယခုကဲ့သို့ သဘာဝနဲ့ကိုက်ညီတဲ့ အိမ်များကို စာရင်းအရ အများ ဆုံးဖြစ်တဲ့ အနေနဲ့ အာရှရဲ့ တိုးတက်ဆဲ နိုင်ငံထဲမှ ပါကစ္စတန် နိုင်ငံဟာနံပါတ် ၁ အနေ နဲ့ ဖြစ်နေခြင်း ဟာ ပါကစ္စတန် နိုင်ငံရဲ့ ၀င်ငွေတိုးတက်လာ မှု နဲ့ ပြည်သူလူထုရဲ့ အသိပညာသို့ မဟုတ် သဘာဝနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက် များ ဖြစ်နေတယ်ဆိုတာကို ဖြစ်ကြောင်း ၄င်း ရဲ့ ၀ဘ်ဆိုက်စ် ပေါ်မှာပြောကြားသွားပါတယ်။

နောက် နံပါတ် ၂ အနေနဲ့ သဘာဝကို အခြေခံ တဲ့ အိမ်များကို စွမ်းစွမ်း တမံ နဲ့ လှုပ်ရှား နေတာကာတော့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ လအတွင်း ဘဂါလားဒေ့ရှ် ဟာ Eco homes များကို ရာခိုင်နှုန်း ၄၂၀ အထိတိုးတက်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ဥပမာအားဖြင့် လွန်ခဲ့သည့် သြဂုတ်လအတွင်း သဘာဝနှင့် ကိုက်ညီတဲ့ အိမ်ပေါင်း ၇၀၀၀ ကျော် ရှိသွားပြည်ဖြစ်ကြောင်းသူ့နိုင်ငံရဲ့ အိမ်ခြံမြေ အရောင်း အ၀ယ်လုပ်ငန်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ဘီဒီ မှ ကြေငြာခဲ့ပါတယ်။ အခြားနိုင်ငံများ နှင့်နှိုင်းယှဉ်ပါက ဘင်္ဂလားဒေ့ရှ် ဟာ သဘာဝနှင့်ကိုက်ညီတဲ့အိမ် များ သို့မဟုတ် ဇီဝနှင့် နေရောင်ခြည်အခြေခံ အိမ်များ ပို ၍ ရွေးချယ်မှုရှိကြောင်း ၄င်းရဲ့ ၀ဘ်ဆိုက်စ် အရ သိရှိနိုင်ပါတယ်။

နံပါတ် ၃ အနေနဲ့ နေရောင်ခြည်သို့မဟုတ် သဘာဝနှင့် လျှော်ညီတဲ့ အိမ်ယာများကို အများဆုံး တွေ့ရှိနိုင်တဲ့ နိုင်ငံကတော့် မြန်မာနိုင်ငံ ဟုတ်ပါတယ်။ မြန်မာ့ အိမ်ခြံမြေ ရောင်းဝယ် ရှာဖွေမှု လုပ်ငန်းများကို ပြည်သူ များ အတွက် အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ မြန်မာ့ House ကတော့် လေ့လာစုစည်းမှု အရ ၀ဘ်ဆိုက်စ် မှာ ၂၇၀၀ ကြော်ရှိသွားပြည်ဖြစပါတယ်။ စာရင်းအရ အိမ်၊ခြ၊ံမြေ၊ တိုက်ခန်းပေါင်း ၂၀၀၀၀ နီးပါးမှ ၂၇၀၀ Eco Homes ရှိခြင်းဟာ မြန်မာအတွင်း ပြည်သူလူထုများ သဘာဝနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များကို လက်တွေ့အကောင်အထည်ဖော်နေပြီ ဆိုတဲ့အကြောင်းသိရှိနိုင်ပါတယ်။

အခြားသောအိမ်နီးချင်း နိုင်ငံများ နဲ့ အရှေ့ အလယ်ပိုင်း နိုင်ငံများ ဖြစ်တဲ့ အင်ဒိုနီးရှား ၊ဖိလိပိုင်၊ နှင့် ဆော်ဒီအာရေးဗြား များ မှာလည်း Eco Friendly Homes များ ပိုမိုများပြားလာပြီဖြစ် ကြောင်းသိရှိနိုင်ပါတယ်။ ယခုလို သဘာဝ နှင့် ကိုက်ညီသည့်အိမ်၊တိုက်ခန်း၊ ကွန်ဒိုများ ပိုမိုများပြားလာခြင်း ဟာ ပြည်သူလူထု၏ အသိတရား၊ နှင့် Eco Friendly products များကို သုံးခြင်း ၏ အကျိုးကျေးဇူးများကို သိထားခြင်းဖြစ်ကြောင်းဖော်ပြသွားတာဖြစ် ပါတယ်။ နောက်နောင်ဆိုရင် ကျွန်တော်တို့မြန်မာပြည်ဈေးကွက်မှာ ဈေးနှုန်း သက်သာပြီးခိုင်ခံ့လှပ၊ သဘာဝ နဲ့ကိုက်ညီတဲ့ အိမ်တွေကို ပိုတွေ့လာမှာဖြစ် ပါတယ်။ ဤဆောင်းပါးကို စာဖတ်သူများအတွက် အာရှ ဈေးကွက်အတွင်း သဘာဝနှင့်ကိုက်ညီတဲ့ အိမ်များ တိုးတက်လာခြင်း ကို နှိုင်းယှဉ်ခြင်းအနေနှင့် ဖော်ပြလိုတာဖြစ်ပါတယ်။

http://www.innewsmyanmar.com/2014/09/blog-post_5.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...