စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ယောင်္ကျားမျိုးပွားဥ လှူသည့် ဆေးခန်းတွင် ၂ နာရီကြာသဖြင့် သေရသူ





တရုတ်ပြည်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်ခဲ့တဲ့ မှုခင်းကို ယခု ရုံးတင်မှ ပြည်သူအများ သိရှိလာရခြင်း ဖြစ်ပါတယ်။ ယင်းကတော့ အမျိုးသား မျိုပွား ဆဲလ်အရည် လှူဒါန်းတဲ့ တက္ကသိုလ်ဆေးခန်းမှာ လှူဖို့ ကြိုးစားရင် သေဆုံးသွား တဲ့ ဆေးကျောင်းသား တစ်ဦး ဖြစ်ပါတယ်။

တရုတ်ပြည်အရှေ့ပိုင်းက Wuhan မြို့က Wuhan တက္ကသိုလ်မှ အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသား တစ်ဦး ဖြစ်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းများက သူ့ကို sperm (အမျိုးသား မျိုပွား ဆဲလ်အရည်) လှူဖို့ အတွက် တိုက်တွန်းပါတယ်။ ဒါနဲ့ပဲ တက္ကသိုလ်ရဲ့ ဆေးခန်းမှာပဲ သွားရောက်လှူဒါန်း ပါတယ်။ ဒါတောင် ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ စတုတ္ထမြောက် အကြိမ် ဖြစ်ပါတယ်။ ဒီတော့ လှူဒါန်းလို့ ရအောင် အခန်းထဲမှာ တစ်ယောက်တည်း စိတ်ကြိုက်နေစေ ပါတယ်။ ၁၈ နှစ်အောက် မဖတ်ရ ပုရိသကြိုက် မဂ္ဂဇင်း ထားရှိထားပေးပြီး ၂ နာရီကြာချိန် အခန်းထဲကနေ ဘာသံမှ ထွက်မလာတော့ ဝင်စစ်တဲ့အခါ သေဆုံးနေတဲ့ လူငယ်ကိုသာ တွေ့မြင် ရပါတယ်။

နှလုံးရပ်လို့ သေဆုံးသွားရခြင်း ဖြစ်ပါတယ်။ ဒီအတွက် သေဆုံးသူ ကျောင်းသား မိသားစုမှ လျော်ကြေးငွေ တောင်းပါတယ်။ ယခု ရက်ပိုင်းကပဲ တရားရုံးရဲ့ စစ်ဆေးချက်အရ လူငယ်ဟာ သူလှူဖို့ မလှူဖို့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိတာကြောင့် ယခု သေဆုံးမှုမှာ အခြားလူ အပြစ် မပါကြောင်း ဆိုပါတယ်။ တစ်ချိန်ကြရင် မြန်မာပြည်မှာ အဲ့လို မျိုးပွားဥ လှူဒါန်းတဲ့ ဘဏ် ရှိမလာနိုင်ဘူးလို့ ပြောလို့ မရပါဘူး။ ဒီတော့ တရုတ်ပြည်က ကျောင်းသားလေး သတင်းက သတိထားစရာလေး ဖြစ်စေခဲ့ ပါတယ်။
.
Ref: Dailymail 
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...