စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ယုံကြည်မှု ပျက်ပြားရခြင်း”




ယုံကြည်မှုပျက်ပြားရခြင်း၏အဓိကအကြောင်းရင်းမှာ “မုသားစကား”ပင်ဖြစ်သည်။
မုသားစကားပြောတတ်သူသည် မည်သည့်အကုသိုလ်ကိုမဆို ပြုလုပ်ရန် ဝန်မလေးသူများ
ဖြစ်သည်ဟု မြတ်ဗုဒ္ဓ ဟောတော်မူပါသည်။ထိုပုဂ္ဂိုလ်များသည် အခွင့်အရေးကိုလည်း တလွဲ
အသုံးပြုတတ်သည်။ ရပိုင်ခွင့်ကိုလည်းကျော်လွန် အသုံးပြုတတ်သည်။

အမြဲတမ်း လိမ်လည်လှည့်ပတ်ရန်သာကြံစည်နေတတ်သည့်အတွက် “ကိုယ်ကျင့်သိက္ခာ”
ပျက်ပြားနေသူလည်းဖြစ်သည်။သူတစ်ပါးကိုအများက အယုံအကြည်
ပျက်လာအောင်လည်း ထိုမုသားစကားပြောဆိုတတ်သူများကပင် ဖန်တီးတတ်သည်။

မိမိအပေါ်တစ်စုံတစ်ယောက်က ယုံကြည်မှု ပျက်ပြားလာသည့်အခါ “မယုံကြည်သူ” ၏ အပြစ်မဟုတ်ဘဲ ၊
ယုံကြည်မှု ပျက်ပြားအောင် ပြုလုပ်ခဲ့သည့် “မိမိ” အပြစ်သာဖြစ်သည်။

ယုံကြည်မှု ရရှိအောင် အချိန်များစွာယူ၍တည်ဆောက်ခဲ့ရသော်လည်း မိမိ
ကိုယ်ကျင့်သိက္ခာကို မထိန်းသိမ်းနိုင်သည့်အတွက်တခဏအတွင်းမှာ “ယုံကြည်မှုတတိုင်းကြီး” ပြိုလဲသွားနိုင်သည်။

ပျက်စီးသွားပြီးသော ယုံကြည်မှု ကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက်လည်း အလွန်ခဲယဉ်းပါသည်။
မယုံကြည်ရသော လူတစ်ယောက်ကို မိမိစိတ်ကအကြွင်းမဲ့ ပြန်လည်လက်ခံဖို့ ဆိုသည်မှာလည်း
အလွန်ပင် ခဲယဉ်းပါသည်။

အထင်အမြင် လွဲမှား၍ ယုံကြည်မှု ပျက်ပြားပါကအမှန်တရား ပေါ်ပေါက်လာသော အချိန်တွင်

ပြန်လည်တည်ဆောက်ရသည်မှာ လွယ်ကူနိုင်သည်။အမှန်တကယ် လိမ်လည် လှည့်ပတ်လည့်စားသူဖြစ်ပါက“မိဘအရင်း” ပင်ဖြစ်စေ ခွင့်လွှတ်သော်လည်း၊
ယုံကြည်မှု အပြည့်အဝ ရရှိနိုင်ရန် မဖြစ်နိုင်တော့ချေ။သို့အတွက် ဘဝတွင်အရေးကြီးပြီး၊
ကျေးဇူးကြီးမားသော မိဘဆရာကျေးဇူးရှင်များ၏ယုံကြည်မှု ကင်းမဲ့စေနိုင်သည့် အပြုအမူများကို
အထူးသတိထား ရှောင်ကြဉ်ရန်လိုအပ်ပါသည်။
 

-【အရှင်ဝိလာသဂ္ဂ
(ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...