စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း

( ဓါတ်ပုံ - အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးတို့ ကူးစက်ပုံ နည်းလမ်းများ ဇယား )

 

ပေါက်ပေါက် - ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၄)။

ယနေ့ ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံခန့်မှာ ဘီပိုး ရောဂါကူးစက်ခံနေကြရပြီး နာတာရှည်ရော ဂါပိုးသယ်ဆောင်သူ သန်း ၃၅ဝခန့်ရှိကြောင်း၊ စီပိုးကူး စက်ခံရသူပေါင်းမှာလည်း သန်း ၁၈ဝရှိပြီး နှစ်စဉ်အကူး စက်ခံရသူ လေးသန်းကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစီရင်ခံစာမှာ မကြာသေးခင်က သတိပေးဖော်ပြ ထားပါတယ်။

ဘီပိုး စီပိုးဟာ ကူးစက်ရန်လွယ်ကူတာကြောင့် ကမ္ဘာနှင့်တစ်ဝန်း နှစ်စဉ်လူဦးရေ တစ်သန်းခန့် သေဆုံး နေရပါတယ်။ မြန်မာနိုင်ငံအနေနှင့်လည်း လူဦးရေသန်း ၆ဝ၏ ၁ဝရာခိုင်နှုန်းမှာ ရောဂါပိုးကူးစက်ခံရပြီးဖြစ်တာ ကြောင့် ကျန် ၅၄သန်းသောပြည်သူများအတွက် ကာကွယ် ဆေးထိုးဖို့ လိုအပ်နေပါပြီ။

အသည်းရောင်အသားဝါပိုး ဟုဆိုသော်လည်း အသားမဝါဘဲ အသည်းရောင်သောသူ များလည်း ရှိကြပါတယ်။ ဒါကြောင့် ဆေးပညာလောက မှာ အသည်းရောင်ဗိုင်းရပ်စ်ပိုးဟုသာ ခပ်တိုတို ခေါ်ဆို လေ့ရှိပါတယ်။

A,B,C,D,E နှင့် G ဟူ၍ အသည်းရောင် ဗိုင်းရပ်စ်ပိုးခြောက်မျိုးရှိပြီး အသည်းရောင်ရောဂါ A နှင့် E မှာ ခြောက်လအတွင်း ပျောက်ကင်းသွားတာကြောင့် နာတာရှည်အသွင် မဖြစ်လာတတ်ပါဘူး။ အသည်းရောင် ရောဂါ B နှင့် C မှာ နာတာရှည်အသွင်လာတတ်ပါတယ်။ တချို့သော အသည်းရောင်ရောဂါ B နှင့် C ဝေဒနာရှင် များမှာ ခြောက်လကျော်(သို့မဟုတ်)တစ်သက်လုံး အသည်း ရောင်ရောဂါကိုခံစားနေရပြီးနောက် ထိုသူတွေမှာ နာတာ ရှည်အသည်းရောင်ရောဂါမှစ၍ အသည်းခြောက်ရောဂါ၊ အသည်းရောင်ရောဂါ၊ အသည်းကြွပ်ရောဂါ၊ အသည်းကင် ဆာအထိ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်လာစေပါတယ်။

ကိုယ်ခံအားတွေကျဆင်းနေတဲ့အချိန်မှာ ဗိုင်းရပ်စ် ပိုးတွေဟာ အသွင်ပြောင်းပြီးဝင်လာတဲ့အခါမှာတော့ ကိုယ် ခံစွမ်းအားတွေက ထိုပိုးရဲ့ ၆ဝရာခိုင်နှုန်းလောက်ကိုသာ တိုက်ထုတ်နိုင်ပါတော့တယ်။

ပိုးကူးစက်ခံရသူတွေ၏ ပျမ်း မျှ ၂ဝ ရာခိုင်နှုန်းက အသည်းရောင် အသားဝါဖြစ်ကြပြီး ၁ဝရာခိုင်နှုန်းမှာတော့ ရောဂါလက္ခဏာ မပြကြပါဘူး။

သို့သော် ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေပါပြီ။ ၄င်းအ နက် လေးရာခိုင်နှုန်းမျှသောသူတွေဟာ ကိုယ်ခံစွမ်းအား အနည်းအများပေါ်မူတည်၍ နောင်တစ်နှစ်၊ နှစ်နှစ်၊ ငါးနှစ် စသည်ဖြင့် အချိန်ကြာလာတဲ့အခါမှာ အသည်းရောင်အ သားဝါ ဖြစ်လာတတ်ကြပါတယ်။

မန်ဆာချူးဆက်ပြည်နယ် အမျိုးသမီးဆေးရုံကြီးမှဆရာဝန်များဟာ ထိုကူးစက်ပိုး ဝင်နေသူ လူနာသုံးသိန်းကိုလေ့လာကြည့်တဲ့အခါမှာ ခန္ဓာ ကိုယ်ထဲမှာကိန်းအောင်းနေတဲ့ဘီပိုးဟာ နေ့စဉ် အကောင် ရေ ဘီလီယံ ၁ဝဝ ပွားများပြီး စီပိုးက နေ့စဉ်အကောင်ရေ ဘီယီယံ ၁၅ဝ ပွားတယ်လို့ ကြောက်ခမန်းလိလိ လေ့လာ တွေ့ရှိခဲ့ပါတယ်။

ဘီပိုးနှင့် စီပိုးတို့ ကွာခြားချက်
*********************************
အသည်းရောင်ရောဂါဘီပိုးဟာ စတင်ကူးစက်သော အသက်အရွယ်ကိုလိုက်၍ နာတာရှည်ရောဂါဖြစ်နှုန်း ကွာ ခြားပါတယ်။

အကယ်၍ လူကြီးအရွယ်မှာ ဘီပိုးစဖြစ်လျှင် ၁ဝရာခိုင်နှုန်းသာ နာတာရှည်ဖြစ်၍ ကျန် ၉ဝရာခိုင်နှုန်း မှာ သူ့အလိုလို ပျောက်ကင်းသွားပါတယ်။

ကလေးဘဝ မှာ စတင်ဖြစ်ပွားပါက ပိုးဝင်သူ၏ ပျမ်းမျှ သုံးပုံတစ်ပုံခန့် မှာ နာတာရှည်ဖြစ်၍ သုံးပုံနှစ်ပုံမှာ အလိုလိုပျောက်ကင်း နိုင်ပါတယ်။

မွေးကင်းစအရွယ်မှာ ရောဂါကူးစက်ခံရပါ က ၉ဝရာခိုင်နှုန်းမှာ နာတာရှည်ဖြစ်ပြီး ၁ဝရာခိုင်နှုန်းခန့် သာ သူ့အလိုလို ပျောက်ကင်းနိုင်ပါတော့တယ်။

အကြောင်း ရင်းကတော့ ကလေးငယ်များ၏ကိုယ်ခံစွမ်းအား ကောင်း မွန်စွာ မဖွံ့ဖြိုးသေးတာကြောင့်ပါပဲ

ဘီရောဂါပိုးရှိသော မိခင်နို့ရည်မှတစ်ဆင့် ရင်သွေးငယ်သို့ကူးစက်နိုင်တာကြောင့် ကလေးငယ်အား မွေးကင်းစမှ အသက်တစ်နှစ်အတွင်း ကာကွယ်ဆေးထိုးပေးပါ။
စီပိုးဟာ ဘီပိုးထက် နာတာရှည်ဖြစ်မှုနှုန်း ပိုများပါ တယ်။

အသည်းရောင်ရောဂါစီပိုးရှိသူ၏ နာတာရှည်ဖြစ်မှု နှုန်းမှာ
************************************************************
အသက်အရွယ်လိုက်၍ ကွာခြားမှုမရှိပါဘူး။ အ သည်းရောင် စီပိုးရောဂါ ဖြစ်ပွားပြီးနောက် ၁၅မှ ၂ဝ ရာခိုင် နှုန်းမျှသာပျောက်ကင်းနိုင်ပြီး ကျန် ၈ဝ မှ ၈၅ ရာခိုင်နှုန်း သောသူများမှာ နာတာရှည်အသည်းရောင်ရောဂါ ဖြစ်ပွား လေ့ရှိပါတယ်။

ယနေ့အချိန်အထိ စီပိုးတွင် ဘီပိုးကဲ့သို့ ကာကွယ်ဆေး ထိထိရောက်ရောက်မရှိသေးပါဘူး။ သို့ သော် ကံကောင်းသည့်အချက်မှာ စီရောဂါပိုးဟာ ဘီရောဂါ ပိုးလောက် ကူးစက်နှုန်း မများကြသေးပါဘူး။

ဘီပိုးနှင့်စီပိုးတို့ ကူးစက်ပုံနည်းလမ်းများ
*****************************************
အထက်မှာဖော်ပြထားခဲ့သလိုပါပဲ ယနေ့ကမ္ဘာနှင့် တစ်ဝန်း အသည်းရောင်အသားဝါဘီနှင့်စီရောဂါပိုး ကူး စက်ခံရသူဦးရေ တဖြည်းဖြည်းတိုးပွားလာနေတာကြောင့် ထိုရောဂါများနှင့်ပတ်သက်၍ ကူးစက်နိုင်ပုံကို ဗဟုသုတ အဖြစ် အမြင်ကျယ်သိထားသင့်ပါပြီ။

အရပ်သုံးစကားများ ဖြစ်ကြတဲ့ အေဘီစီဟုအလွယ်တကူခေါ်ဝေါ်နေကြသော အေအိုင်ဒီအက်စ်၊ အသည်းရောင်အသားဝါဘီနှင့် စီရော ဂါပိုးများဟာ ယေဘုယျအားဖြင့် ကူးစက်ပုံချင်း တော်တော် လေး ဆင်တူကြပါတယ်။

အသည်းရောင်အသားဝါဘီပိုးနှင့်စီပိုးတို့ ကူးစက်ပုံနည်းလမ်းများဇယား
******************************************************************************
မှတ်ချက်

(၁) အကယ်၍ မိသားစုဝင်ထဲမှာတစ်ဦး တစ်ယောက် ဘီ (သို့မဟုတ်) စီပိုးရှိနေပါက ထိုသူအတွက် ပန်းကန်၊ ခွက်ယောက်၊ ဇွန်း စတာတွေကိုခွဲ၍ သီးခြား သုံးသင့်ပါတယ်။ (ရေနွေးဆူဆူမှာ အချိန်ငါးမိနစ်ခန့်ကြာ အောင် စိမ်၍ ဆေးကြောမှသာ ထိုပိုးတွေ သေစေနိုင်မှာပါ။)

(၂) တစ်လင်တစ်မယားအိမ်ထောင်ရေးစောင့်ထိန်း သောစုံတွဲများအနေဖြင့် တစ်ဦးဦးတွင် စီပိုးရှိပါက တာ ရှည်စွာ ကွန်ဒုံးအသုံးပြုရန် မလိုအပ်ကြောင်း ရောဂါကာ ကွယ်ထိန်းချုပ်ရေးစင်တာ (CDC)မှ ထုတ်ပြန်ထားပါတယ်။

ဘီပိုး စီပိုးကူးစက်ခံပြီးသူများ အထူးသတိပြုရှောင်ကြဉ်ရန်
********************************************************************
(၁) ဆေးလိပ်မသောက်ပါနှင့်

(၂) အသည်းကိုထိ ခိုက်စေနိုင်သော ဆိုးဆေးပါတဲ့အစားအသောက်များ၊ မှို တက်သောအစားအစာများ၊ သက်တမ်းလွန် ပဋိဇီဝဆေး ဝါးများကို ရှောင်ကြဉ်ပါ။

(၃) စီရောဂါပိုးရှိသူသည် အ ရက်သုံးစွဲပါက အသည်းခြောက်နှုန်းပိုမြန်ဆန်သည့် အ တွက် အရက်၊ ဘီယာ၊ ဝိုင်၊ ထန်းရည် စသည်တို့ကို လုံးဝ ရှောင်ကြဉ်ပါ။

(၄) သွေးမလှူပါနှင့်

(၅) မိမိတွင် ဘီပိုး (သို့ မဟုတ်) စီပိုးရှိနေကြောင်းကို ဆေးကုသမှုခံယူတိုင်း သက် ဆိုင်ရာ ဆရာဝန်၊ ဆရာမများအား အသိပေးပြောကြားပါ။

(၆) ဘီပိုး (သို့မဟုတ်) စီပိုးသယ်ဆောင်သူဟာ မိမိ၏ မိ သားစုမှာသာမက အလုပ်အကိုင်ပတ်ဝန်းကျင်အသိုင်းအ ဝိုင်းမှာလည်း အသိစိတ်ဓာတ်ဖြင့် ကိုယ်ပိုင်အသုံးအဆောင် ရေခွက်တို့ကို သီးသန့်ထား၍ အသုံးပြုပါ။

(၇) ခန္ဓာကိုယ် ထဲမှာ သံဓာတ်များလျှင် အသည်းမှာ အမာရွတ်ပိုထင်လွယ် သဖြင့် သံဓာတ်များစွာပါသော အစားအစာများဖြစ်ကြတဲ့ အသည်း၊ အမြစ်၊ ကလီစာ၊ သွေးခဲများ၊ အနီရောင်အ သားများနှင့် သံဓာတ်အားဖြည့်ပဋိဇီဝဆေးဝါးများကို ရှောင် ကြဉ်ပါ။

(၈) ဗီတာမင်စီက သံဓာတ်ကို အူလမ်းကြောင်းမှ စုပ်ယူမှုများစေသဖြင့် ဗီတာမင်စီဓာတ်များစွာပါသော ရှောက်သီး၊ သံပရာသီး၊ ဂရိတ်ဖရုသီး စသည့်အရည်ရွှမ်း သောအသီးများကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ် ပါ။

(၉) ရောဂါပိုးဝင်ပြီးသူများအဖို့ ဗီတာမင်စီဖြည့်စွက် ပဋိဇီဝဆေးဝါးများကို (လုံးဝ)ရှောင်ကြဉ်ပါ။ (သို့မဟုတ်) ဆရာဝန်၏ညွှန်ကြားမှုမရှိဘဲ မလိုအပ်ဘဲနှင့်မမီဝဲပါနှင့်

(၁ဝ) အဆီများသောအသားများ၊ ခရု၊ ကဏန်းကဲ့သို့ အခွံ မာသော ရေသတ္တဝါများ၊ ပင်လယ်စာများကို ရှောင်ပါ။

(၁၁) အဝမလွန်ပါစေနှင့်။

#TheYangonTimes



 https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.33411

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...