စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခွဲစိတ်ပြုပြင်ခြင်းမရှိပဲ သဘာဝအတိုင်း အရုပ်မနှင့် တူသူ

                       

                         

                      

 



                       

 

                    

                     

ယူကရိန်းနိုင်ငံမှ အသက် ၁၆ နှစ်အရွယ်ရှိ Lolita Richi အမည်ရတဲ့ အမျိုးသမီး ငယ်လေးဟာ ဘာနဲ့မှ ခွဲစိတ်ပြုပြင်ခြင်းမရှိပဲ အရုပ်မ (ဘိုမရုပ်)နဲ့ တူနေတာ ကြောင့် အွန်လိုင်းမှာ နာမည်ကြီးလာပါတယ်။ ရုရှားတို့ အသုံးပြုတဲ့ VK ဆိုရှယ်မီဒီယာပေါ်မှာ ပရိတ်သတ်ပေါင်း များစွာ ရှိပြီး သူမဟာ ပုံများ တင်လျက် ရှိပါတယ်။

သူမဟာ ငယ်စဉ်ကတည်းက သာမန်လူလိုသာ နေလာခြင်း ဖြစ်ပြီး ဘာ ပလက်စတစ် ဆာဂျရီနဲ့မှ ခွဲစိတ်ထားခြင်း မရှိပဲ ဘိုမရုပ်နှင့်တူနေခြင်း ဖြစ်ပါတယ်။ မျက်လုံးကိုတော့ ဘိုမရုပ်တွေလို ကြီးအောင် မျက်ကပ်မှန် တပ်ထား ပါတယ်။ အဲ့ဒါကလွဲလို့ ကျန်တာ ဘာမှ ပြုပြင်ခြင်း မရှိပါဘူး။ အထက်တန်းကျောင်း စတက်ချန်ကစလို့ သူမဟာ ဘိုမရုပ်နဲ့ သိသိသာသာ တူလာတာကြောင့် နေထိုင်မှု ပုံစံပါ လိုက်လှံ ပြောင်းလဲခဲ့ ပါတယ်။ 

ဒါကြောင့်မို့ ခါး size ၂၀ သာ ရှိပြီး 32F bra size ရှိပါတယ်။ အရပ်ကတော့ ၅ ပေ ၄ လက်မ ပါ။ ယူကရိန်းမှာ ဘိုမနဲ့ တူအောင် ခွဲစိတ်ပြုပြင်သူ ၂ ယောက်ကမ ရှိလာပြီး သူမ ကတော့ သဘာဝအတိုင်း ဖြစ်တာကြောင့် အချိန်တို အတွင်း နာမည်ကြီးလာခြင်း ဖြစ်ပါတယ်။ 

သူမ တင်တဲ့ ပုံတွေကို သူမရဲ့ အမေကိုယ်တိုင် ရိုက်ပေးခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ပုံကိုလည်း ဘာ Photoshop နဲ့မှ ပြုပြင် စီရင်ထားခြင်း မရှိကြောင်း ပြောဆိုထားပါ သေးတယ်။ အထက်တန်းကျောင်းမှာလဲ ဘိုမနဲ့ တူတာကြောင့် အများ ဂရုတစိုက် အကြည့်ခံရသူ ဖြစ်ကြောင်း ဆိုပါတယ်။ သူမဟာလည်း အနုပညာ လိုင်းဘက်သို့ ရောက်ရှိလာနိုင်ဖွယ်သူ တစ်ဦး ဖြစ်ကြောင်း ခန့်မှန်းထားကြ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
 https://www.facebook.com/yoyarlaydotcom/photos/pcb.750909498285638/750907781619143/?type=1&theater

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...