စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မေးစေ့နှစ်ထပ်မဖြစ်စေမယ့် နည်းလမ်း


မေးစေ့နှစ်ထပ်ဖြစ်နေသူတွေ ငွေကုန်ကြေးကျခံစရာမလိုဘဲ ထိရောက်တဲ့လေ့ကျင့်ခန်းလုပ်နိုင်ဖို့ နည်းလမ်းလေးတွေမျှဝေချင်ပါတယ်။ မေးစေ့နှစ်ထပ်ဖြစ်ရတဲ့ အကြောင်းရင်းများစွာရှိတဲ့အနက် အများစုကတော့ ကိုယ်အလေးချိန်များတာရယ်၊ သွက်လက်မှု မရှိတဲ့နေထိုင်ပုံစနစ်တွေရယ်ကြောင့်ဖြစ်ပြီး အသက်ကြီးလာတာနဲ့အမျှ အရေပြားတွေတွဲကျပြီး မေးစေ့ နှစ်ထပ်ဖြစ်လာပါတယ်။

မေးစေ့တစ်ဝိုက်က ကြွက် သားတွေတင်းရင်းပြီး မေးနှစ်ထပ် မဖြစ်စေဖို့အတွက် လွယ်လွယ်ကူ ကူလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတချို့ ကိုဖော်ပြပေးလိုက်ပါတယ်။

ပါးစပ်ဖွင့်လေ့ကျင့်ခန်း- အထိ ရောက်ဆုံးလေ့ကျင့်ခန်းကတော့ ပါးစပ်ကို ကျယ်နိုင်သမျှကျယ် အောင်ဖွင့်တာရယ်၊ လျှာကိုအ ပြင်ထုတ်နိုင်သမျှထုတ်ပြီး မေးစေ့ ကိုလျှာနဲ့ထိနိုင်အောင်ကြိုးစား ကြည့်တာပဲဖြစ်ပါတယ်။ တစ် ကနေ ၁၀ အထိရေတွက်ပြီးဆယ် ကြိမ်လောက်နေ့စဉ်လုပ်ပေးမယ် ဆိုရင် မေးနဲ့လည်ပင်းကြွက်သား တွေတင်းရင်းစေမှာပါ။

ဦးခေါင်းတွဲလောင်းချလေ့ကျင့် ခန်း – အိပ်ရာ (ဒါမှမဟုတ်)ဆိုဖာ မှာလှဲအိပ်ရင် ဦးခေါင်းကိုတွဲ လောင်းချနေပါ။ တစ်ကနေ ၁၀ အထိရေတွက်ရင်း မေးစေ့ကို လက်နဲ့ပင့်တင်ခြင်းကို ဆယ်ကြိမ်ခန့်ပြုလုပ်ပေးပါ။

မေးစေ့ပင့်တင်လေ့ကျင့်ခန်း – ကျောရိုးကိုတည့်မတ်စွာနေပြီး လည်ပင်းကို တည့်တည့်အနေ အထားဖြင့် မတ်တတ်ရပ်ပါ။ မေးစေ့ကိုအပေါ်ဘက်သို့ပင့်တင်ပြီး နှုတ်ခမ်းကိုစုထားကာ ၁ မှ ၁၀ အထိရေတွက်ပြီး ဆယ်ကြိမ်ပြုလုပ်ပေးပါ။

လည်ပင်းလေ့ကျင့်ခန်း – ခန္ဓာကိုယ်ကိုတည့်မတ်တဲ့အနေအထားနဲ့မတ်တတ်ရပ်ပြီး မေးစေ့နဲ့ ပခုံးတစ်တန်းတည်းဖြစ်အောင် ဦးခေါင်းကိုလှည့်လိုက်ပါ။ အဲဒီနောက်ဦးခေါင်း အသာငုံ့ပေးတဲ့ အနေအထားကို ဘက်ပြောင်းပြီး ၁၀ကြိမ်စီပြုလုပ်ပေးပါ။

မေးရိုးနှင့်လည်ပင်းကြွက်သား လေ့ကျင့်ခန်း – မေးရိုးနဲ့လည်ပင်းနားက ကြွက်သားတွေတင်းရင်းစေဖို့အတွက် နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ကနေ အပေါ်ကို ၁၀ စက္ကန့်လောက်ပင့်တင်လိုက်၊ ဆွဲချလိုက်ဆယ်ကြိမ်လောက်ပြုလုပ်ပေးပါ။

တင်းနစ်ဘောလုံးလေ့ကျင့်ခန်း – တင်းနစ်ဘောလုံးတစ်လုံးကို မေးစေ့နဲ့ တင်းတင်းညှပ်ထားပြီး ဖြည်းဖြည်းချင်းလွှတ်လိုက်တာကို ဆယ်ကြိမ်လောက်ဆက်တိုက်လုပ်ပေးပါ။


http://www.searchmyanmar.com/click/search#content-42028

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...