စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြက်ဥအတုနှင့် အစစ်




================
အပေါ်ယံကြည့်ရုံမျှဖြင့် မရနိုင်သော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ကြက်ဥအတုများကို သိရှိစေရန် ခွဲခြားနည်းကိုဖော်ပြပေးလိုက်ပါတယ်

ကြက်ဥအတုနှင့် အစစ်ခွဲခြားရန်မှာ ကြက်ဥအတုကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါက အဆန်ချောင်နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်ကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါကမူ အဆန်ချောင်၍ မရှိခြင်း။

ကြက်ဥအတုနှင့်အစစ်ကို ယှဉ်၍ မှန်၊ ဇလုံ၊ ပန်းကန်တစ်ခုခုပေါ်တွင် တင်၍ လှည့်ကြည့်ပါက အတုသည် ဂျင်လည်သကဲ့သို့ မွှတ်နေအောင် လည်ပတ်နှုန်းမြန်ပြီး လည်ပတ်ချိန် ပိုကြာခြင်း။

ကြက်ဥအတုနှင့် အစစ်ကို ယှဉ်ကြည့်ပါက အတု၏ အရောင်က ပိုရင့်ခြင်း။

အတု၏အခွံသည် ဖယောင်းနှင့်ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် ပိုမိုအလင်းပြန်ခြင်း။

ကြက်ဥများကို ပွတ်ကြည့်လျှင် အတု၏အခွံ မျက်နှာပြင်က ပို၍ကြမ်းခြင်း။

ကြက်ဥကို ခွဲ၍ကြည့်မည်ဆိုပါက အတု၏ အနှစ်နှင့် အကာသည် သီးသန့်မနေဘဲ ရော၍သွားခြင်း။

ကြက်ဥအတု၏အခွံ၌ အမြှေးမပါဘဲ အစစ်၌ အမြှေးပါခြင်း။
ပြုတ်လိုက်ပါကလည်း အတုသည် အစစ်ကဲ့သို့ အနှစ်နှင့်အကာ သီးခြားမနေဘဲ ရော၍သွားကြောင်း တွေ့ရသည်။

စာဖတ်သူများအနေဖြင့် အထက်ပါနည်းလမ်းများဖြင့် သတိပြု ခွဲခြားစိစစ်ဝယ်ယူ စားသုံးကြရန်၊ ရောင်ချသူများ အနေဖြင့် ကြက်ဥအတုများ ရောင်းချခြင်းမပြုရန်၊ စားသောက်ဆိုင်များမှလည်း ကြက်ဥအတုများ အသုံးပြု၍ ကြော်လှော်ချက်ပြုတ် ရောင်းချခြင်းမပြုကြဖို့လိုအပ်ပေသေးသည်မဟုတ်ပါလား

The New Light of Myanmar

Credit to သင့်အတွက်ကျန်းမာရေး
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...