စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







CVအလန်းတစ်စောင်ရေးရအောင်!


 

CVရေးခါနီးတိုင်း အခက်အခဲရှိနေပါသလား? သင့်ရဲ့ CVရေးသားပုံက
သင်အလုပ်ရနိုင်ခြေပေါ် အများကြီးမူတည်နေပါတယ်။ တကယ်တော့
CVဆိုတာက သင့်ရဲ့အရည်အချင်းတွေကို ရောင်းချတဲ့ စာတစ်စောင်ပါ။
သင့်ရဲ့CV ကတစ်နည်းအားဖြင့် သင့်ရဲ့တန်ဖိုးကိုဖော်ပြနေပါတယ်။ ဒီတော့
သင့်တန်ဖိုးကိုဖော်ပြတဲ့ စာတစ်စောင်ကို ပစ်စလက်ခတ်ရေးလို့မရပါဘူး။
 

စနစ်တကျနဲ့ ရေးနိုင်မှ သင့်တန်ဖိုးတက်မှာ ဖြစ်ပါတယ်။ အလုပ်ရှာတဲ့သူ
တော်တော်များများက CVကောင်းကောင်း မရေးတတ်ကြတာကိုတွေ့ရလို့
ဒီစာလေးရေးဖြစ်တာပါ။မိတ္တူဆိုင်က CV တွေ၊ အင်တာနက်က
downloadဆွဲပြီးသားCVတွေနဲ့ပဲတင်ကြတာများပါတယ်။ တကယ်တော့
CVဆိုတာ ကိုယ့်ဘာသာကို ဖန်တီးရင် ပိုကောင်းပါတယ်။ CV တစ်စောင်
ဖန်တီးဖို့ဆိုတာ အရမ်းခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ 


ဟင်းချက်သလိုပါပဲပါဝင်တဲ့ပစ္စည်းလေးတွေသိမယ်။ ဘယ်လိုရောစပ်ရမယ် ဆိုတာသိရင်
ဟင်းကောင်းတစ်ခွက်ရမှာပါ။ ဆိုင်က၀ယ်စားဖို့မလိုတော့ဘူးပေါ့။ ဒါပေမဲ့
ဟင်းခွက်လေးရဲ့တန်ဖိုးကတော့ ပါဝင်တဲ့ပစ္စည်းပေါ်မူတည်ပြီး
အရသာကတော့ကွာမှာပေါ့။ ကြက်သားဟင်းနဲ့ ငါးဟင်းလို ကွာခြားချင်ကွာခြားမှာပေါ့။ဒါပေမဲ့ငါးဟင်းဖြစ်နေလို့လည်း စိတ်မပူပါနဲ့။ ပိုင်ပိုင်နိုင်နိုင်လေးသာ ချက်လိုက်ပါ။ငါးဟင်းကြိုက်တဲ့သူတွေလောက ကြီးမှာအများကြီး ရှိပါတယ်။ ကဲဒီတော့
ဟင်းကောင်းကောင်းချက်နည်းလေး ပြောပြပါတော့မယ်။

Step (1)
ထိပ်ဆုံးမှာ နာမည်အရင်စရေးပါ။ ပြီးရင် အောက်မှာသင့်ကိုဆက်သွယ်ဖို့ လိပ်စာရေးမယ်။
ဥပမာ
Jay Kris
Building (4), Room (202), Aung Chan Thar (1) Street, Kamaryut Tsp,Yangon
Ph. No. 01……………., 09……………….
Email……………………………….

Step (2)
ပြီးရင်တော့ လျှောက်ထားတဲ့ ရာထူးကိုရေးပေးရပါ့မယ်။ မျှော်မှန်းလစာကိုလည်း
ဖြစ်နိုင်ရင်ရေးပေးပါ။ Negotiable လို့တော့မရေးပါနဲ့။။ သင့်တန်ဖိုးကို သင့်ဘာသာနှိမ့်ချရာကျပါတယ်။ လစာအများကြီးလည်းမရေးပါနဲ့။ သင့်ကိုအလုပ်ခန့်ဖို့ခက်ခဲသွားပါလိမ့်မယ်။
Applied Position – Marketing Manager
Expected Salary – …………………….

Step (3)
ပြီးရင်တော့ သင့်အကြောင်းလေးနည်းနည်းရေးပေါ့။အသေးစိတ်ကြီး ခန္ဓာကိုယ်
အလေးချိန်တွေ အရပ်အမြင့်တွေလောက်တော့အသေးစိတ်ရေးဖို့မလိုပါဘူး။
အရေးကြီးတဲ့အချက်လေးတွေပဲ ရေးဖို့လိုပါတယ်။
Name —————–
Father’s name —————–
D.O.B —————–
N.R.C No ——————
Passport No ——————-
Religion ——————
Race ——————-
Marital Status ——————
စသဖြင့်ပေါ့။

Step (4)
ပြီးရင်တော့ ပညာအရည်အချင်းပေါ့။ပညာအရည်အချင်းမှာကတော့ Academic
Education နဲ့ Non-Academic Education ဆိုပြီးနှစ်မျိုးဖော်ပြလို့ရပါတယ်။
Academic Education မှာတော့ အစိုးရကျောင်းတက်ခဲ့တာတွေ၊တက္ကသိုလ်
ကောလိပ်တက်ခဲ့တာတွေကို ဖော်ပြလို့ရပါတယ်။ Non-academic Education
မှာတော့သင်တက်ထားတဲ့အင်္ဂလိပ်စာသင်တန်းလက်မှတ်တွေ၊
ကွန်ပျူတာသင်တန်းလက်မှတ်တွေ စသဖြင့်အကုန်ဖော်ပြလို့ရပါတယ်။
Academic Education
1998 to 2008 B.E.H.S (1) Sanchaung,Yangon
2009 to 2013 Government Technological College, Yangon (B.E Civil)
Non-Academic Education
Computer A+ certificate
British Council Upper Intermediate General English Course Certificate
စသဖြင့်ပေါ့။

Step (5)
ပြီးရင်တော့ လုပ်ငန်းအတွေ့အကြုံကိုရေးပေးပါ။ ဘယ်မှာဘာတွေလုပ်ဖူးတယ်ပေါ့။
အရင်လုပ်ခဲ့တဲ့ ကုမ္ပဏီနာမည်တွေ ဘယ်နှခုနှစ်ကနေဘယ်နှခုနှစ်အထိ ဘာရာထူးနဲ့လုပ်ခဲ့လဲဆိုတာတွေရေးလို့ရပါတယ်။ အတွေ့အကြုံမရှိသူများအနေနဲ့ စေတနာ့ဝန်ထမ်း
လုပ်ဖူးတာမျိုးရှိရင် ရေးလို့ရပါတယ်။
Experience
…………………………………………………
…………………………………………………..

Step (6)
ပြီးရင်တော့ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေရေးလို့ရပါတယ်။ ကိုယ်တကယ်ကျွမ်းကျင်တဲ့
အရာဆိုအပီအပြင်သာ ရေးပစ်လိုက်ပါ။
Skills
English – Fluent
Spanish – Studying
Typing Speed – 40 AWPM or (quick or very quick or normal)
Hard-working
Decisive
Team-player
စသဖြင့်ပေါ့။

#အရေးကြီးသောအချက်များ

-ဘယ်တော့မှ CV ကို scanဖတ်ထားတာကြီးမပို့ပါနဲ့။ အင်တာနက်မှပို့မယ်ဆိုရင်
Microsoft word နဲ့ ဖြစ်ဖြစ် Excel နဲ့ဖြစ်ဖြစ် ရေးသားထားသော fileကိုပေးပို့နိုင်ပါတယ်။
အပြင်မှာဆိုရင်လည်း printထုတ်ပြီးပို့နိုင်ပါတယ်။

-လျှောက်ထားတဲ့ရာထူးပါအောင်ရေးပါ။ ဖြစ်နိုင်ရင် မျှော်မှန်းလစာပါထည့်ပါ။
ကိုယ့်တတ်ထားတဲ့ အရည်အချင်းတွေနဲ့ လုပ်မည့်အလုပ်အကိုင်ကိုလေ့လာပြီး
ပတ်ဝန်းကျင်မှာမေးမြန်းကာ သင့်တော်သောလစာကို ထည့်နိုင်ပါတယ်။

-သင့်ကိုဆက်သွယ်ရမဲ့ဖုန်းနံပါတ်တော့ရေးဖို့မမေ့ပါနဲ့။

-ရှင်းရှင်းလင်းလင်းရေးသားပါ။ Font Designအလန်းတွေနဲ့ မျက်စိရှုပ်အောင်မလုပ်ပါနဲ့။
Bold တွေ Italicတွေကို လိုအပ်တဲ့နေရာမှာသာသုံးပါ။
-အရင်အလုပ်အတွေ့အကြုံအကြောင်းအသေးစိတ်ရေးပေးပါ။

-ပရဟိတအဖွဲ့တွေမှာ Volunteerလုပ်ဖူးတယ်ဆိုရင်လည်းထည့်ရေးလို့ရပါတယ်။

-ဓာတ်ပုံတစ်ပုံထည့်ပေးပါ။ ဓာတ်ပုံကို CVရဲ့ အပေါ်ဆုံးညာဘက်ထောင့်မှာဖြစ်ဖြစ်
အပေါ်ဆုံးအလယ်မှာဖြစ်ဖြစ်ထည့်နိုင်ပါတယ်။

-English လိုရေးပါ။ အရေးအသားမှန်ကန်ပါစေ။

-Skill တွေကိုတော့ပါအောင်ရေးပေးပါ။ English လိုပြောနိုင်တယ်တို့ ၊အလုပ်ကြိုးစားတယ်တို့
အသင်းအဖွဲ့နဲ့အလုပ်လုပ်တတ်တယ်တို့ ……….စသဖြင့်ပေါ့။

-အထက်ပါအချက်အလက်များအတိုင်း ပုံသေကားချပ်ရေးရမယ်လို့မဆိုလိုပါ။
အဓိကပါဝင်သင့်တဲ့အချက်တွေကိုဥပမာအဖြစ်သာဖော်ပြချင်းဖြစ်ပါတယ်။
ကိုယ့်ဘာသာစိတ်ကြိုက် CVတစ်စောင်ဖန်တီးနိုင်ပါတယ်
အပေါ်ကအချက်တွေကတော့ မပါမဖြစ်ပါသင့်တဲ့အချက်များဖြစ်ပါတယ်။
CVကို၂မျက်နှာထက်ပိုမရေးပါနဲ့။

-Googleမှာလဲ CV formatတွေကိုရှာဖွေလို့ရပါတယ်။ ဒါပေမဲ့
ကိုယ့်ဘာသာကိုရေးတာကို ပိုအားပေးပါတယ်။
ဘာလို့လဲဆိုတော့အင်တာနက်မှာက CV formatတွေကအများကြီး။
အဲဒါတွေအားလုံးကိုကြည့်ပြီး ခေါင်းရှုပ်သွားမှာစိုးလို့ပါ။


ကိုယ့်ဘာသာကို ရှင်းရှင်းလင်းလင်းလေးနဲ့ အရေးကြီးတဲ့အချက်တွေပါအောင်
ရေးနိုင်ရင်ရပါပြီ။ စရေးကတည်းက သင့်CVကိုဖတ်ပြီးရင် သင့်ကိုအင်တာဗျူး
ခေါ်ကိုခေါ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ထားပြီးရေးပါ။ အင်တာဗျူးခေါ်ရင်တော့
သင်အလုပ်ရဖို့တော်တော်လေးနီးစပ်သွားပါပြီ။ အင်တာဗျူးမှာဆောင်ရန်
 

ရှောင်ရန်လေးတွေအတွက် ကျွန်တော်ရေးထားတဲ့
“ အင်တာဗျူးဖြေခါနီးတိုင်း ရင်ခုန်နေလားဆိုတဲ့?”
https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.327 

ဆောင်းပါးမှာအသေးစိတ်ဖတ်နိုင်ပါတယ်။

ကဲ CV အလန်းရေးပြီး အလုပ်ကောင်းတွေရကြပါစေဗျာ။

မိုးရှင်း (I.M.T)


https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.327695830

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...