စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မော်တော်ယာဉ် တစ်စီးအား သစ်ပင်ကြီး ပြိုလဲပိမိ၍ လူ(၄)ဦး သေဆုံး

မုံရွာ - မန္တလေး ကားလမ်း မကြီး အတိုင်း မောင်းနှင် လာသော မော်တော်ယာဉ် တစ်စီးအား သစ်ပင်ကြီး ပြိုလဲပိမိ၍ လူ(၄)ဦး သေဆုံး


 
ချောင်းဦး စက်တင်ဘာ ၅

မုံရွာ - မန္တလေး ကားလမ်းမကြီး အတိုင်း မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးသည် ချောင်းဦး မြို့နယ်၊ နတ်ရေကန် ကျေးရွာအနီး၊ ရေပိုးစားကန်ရှေ့ အရောက်တွင် မော်တော်ယာဉ်ပေါ်သို့ ထနောင်းပင်ကြီး ပြိုလဲ ပိမိ၍ လူ(၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 
ဖြစ်စဉ်မှာ စက်တင်ဘာလ(၅)ရက်၊ နံနက်(၁၁၃၀)နာရီအချိန်တွင် မြစ်သားမြို့နယ်၊ မြင်းရွာကြီးရွာမှ ယာဉ်မောင်း ဦးခင်မောင်ချင်း(၃၆)နှစ်၊ (ဘ)ဦးအောင်မြင့် မောင်းနှင်သည့် (7F/------) ဒိုင်နာ အဖြူရောင်ကားသည် ဖရဲစိုက် လုပ်သားများနှင့် ခရီးသည်(၁၈)ဦးဖြင့် မန္တလေးဘက်မှ မုံရွာဘက်သို့ တင်ဆောင်မောင်းနှင်လာစဉ် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီး၊ ရေပိုးစားကန်ရှေ့၊ မုံရွာ-မန္တလေးကားလမ်းမကြီး မိုင်တိုင်အမှတ်၊ (၆၀/၁)နှင့် (၆၀/၂)အကြားတွင် လမ်း၏ ဝဲဘက်ရှိ ထနောင်းပင် လဲကျရာ ကားအား ပိမိခဲ့ပြီး ကားပေါ်တွင် ပါလာသူ ယာဉ်မောင်း ဦးခင်မောင်ချင်းပါ (၉)ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ကိုထူးပါ (၄)ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ ကြောင်း သိရသည်။

သေဆုံးသူ (၄)ဦးမှာ မြစ်သားမြို့နယ်၊ မြင်းရွာကြီးကျေးရွာမှ (၁)ကိုထူး(၂၀)နှစ်(ဘ)ဦးဝင်းသန်း (၂) မင်းညွှန့်(၂၀)နှစ်(ဘ)ဦးပြုံးချို၊ (၃) ထူးအောင်(၂၀)နှစ်(ဘ)ဦးအောင်ဌေး၊ (၄) နေဝင်းထွန်း(၁၉)နှစ်(ဘ)ဦးသိန်းလွင် တို့ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများကို ချောင်းဦးမြို့နှင့် မြင်းမူမြို့တို့ရှိ ပြည်သူ့ဆေးရုံများတွင် အတွင်းလူနာများအဖြစ် ဆေးကုသခံယူလျက်ရှိကြသည်။

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူဇော်၊ မြို့နယ်စီမံခန့်ခွဲမှုကော် မတီဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မုံရွာခရိုင်နှင့် ချောင်းဦးမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ချောင်းဦးမြို့နယ်နှင့် မြင်းမူမြို့နယ် တို့မှ လူမှုကူညီရေးအသင်းများက သစ်ပင်ပြိုလဲကျမှုကို လျှင်မြန်စွာ ရှင်းလင်းဖယ်ရှားပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား အချိန်နှင့် တပြေးညီ လာရောက်ကူညီပေးခဲ့ကြကြောင်း သိရသည်။

MOI Webportal Myanmar
 
 
အချိန်မရွေး ရောက်လာနိုင်သော သေခြင်းတရရားအား သတိရကာ သံဝေဂစိတ် တစ်ချက်ဖြစ်ပါစေ...... 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...