စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပူပန်ကြောင့်ကြစိုးရိမ်ခြင်းဆိုတာအချိန်ဖြုန်းခြင်းပါပဲ။

                 

ပူပန်ကြောင့်ကြစိုးရိမ်ခြင်းဆိုတာအချိန်ဖြုန်းခြင်းပါပဲ။
ဘာမှလဲအပြောင်းအလဲဖြစ်မလာစေပါဘူး။ ပူပန်ကြောင့်ကြစိုးရိမ်ခြင်းက
သင့်ရဲ့ပျော်ရွှင်မှုတွေကိုခိုးယူပြီး သင်အခြားဘာမှမလုပ်ဖြစ်လောက်အောင်
အလုပ်ရှုပ်စေတာက လွဲပြီးဘာမှအကျိုးမရှိပါဘူး

လူတော်တော်များများက အစိုးရိမ်လွန်တတ်ကြပါတယ်။ တကယ်တော့
အဲ့လိုစိုးရိမ်နေတာက ဘာမှအကျိုးမရှိပါဘူး။ အဲဒိစိုးရိမ်တဲ့အချိန်အတွင်
မှာသင်စိတ်ဆင်းရဲနေရပါတယ်။ ပြီးတော့ သင်စိုးရိမ်ကြောင့်ကြလိုက်လို့လဲ
ဘာမှမပြောင်းလဲသွားပါဘူး။ နောက်တစ်ချက်က သင်ဘာမှလုပ်ချင်ကိုင်ချင်စိတ်
မရှိပဲဖြစ်နေပါလိမ့်မယ်။ အဲဒိတော့ သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရပါတယ်။



နောက်ဆုံးအရေးကြီးဆုံးတစ်ချက်ကတော့ သင့်ရဲ့ပူပန်စိုးရိမ်မှုတွေဟာ များသောအားဖြင့်တကယ်ဖြစ်လာတတ်ပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ သင့်ရဲ့စိတ်မှာကြီးမားတဲ့တန်ခိုးရှိပါတယ်။ဥပမာ သင်ခရီးတစ်ခုကို သင်ကိုယ်တိုင်ကားမောင်းသွားမယ်ဆိုပါစို့။ သင်က တစ်ခုခုဖြစ်မှာပဲလို့တွေးနေရင် သင့်ရဲ့စိတ်က အလိုလိုလေးလံလာပါတယ်။ အကျိုးဆက်အနေနဲ့ သင်ကားမောင်းရာမှာစိုးရိမ်စိတ်တွေဝင်လာပြီး
တစ်ခုတစ်ခုaccidentဖြစ်တတ်ပါတယ်။ 


တကယ်တော့ သင်တွေးတာနဲ့ ဖြစ်ပျက်သွားတာကတိုက်ရိုက်ကြီးပက်သက်နေတာတော့မဟုတ်ပါဘူး။ သင့်ရဲ့စိတ်က သင့်ရဲ့အပြုအမူတွေကိုလွှမ်းမိုးတယ်။သင့်ရဲ့အပြုအမူက အဖြစ်အပျက်တွေကိုလွှမ်းမိုးတယ်။ အဲ့လိုတစ်ဆင့်ချင်းဖြစ်ပွားလာတာပါ။

ဒီတော့အကောင်းမြင်စိတ်ဓာတ်နဲ့စိုးရိမ်ပူပန်ကြောင့်ကြမှုနည်းပြီး ပျော်ရွှင်စွာ
ဘ၀ကိုဖြတ်သန်းနိုင်ကြပါစေ။

မိုးရှင်း (I.M.T)
www.work.com.mm


https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.3276958306

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...