စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြက်ကာလသားချက်


ဝိုက်ဖီက ဒီတစ်ပတ်တော့ ကြက်ကာလသားဟင်းတစ်ခွက် ချက်ထားပါတယ်။
ဒီဟင်းလေးချက်ဖို့ ကြက်သား ၃၀ ကျပ်သားခန့် (ရေစင်စင်ဆေး၊ အတုံးသေးသေးတုံး)၊ စပါးလင်နှစ်ပင် (ရေဆေးပြီး နှစ်လက်မခန့် စောင်းစောင်းလှီးပါ)၊ ငရုတ်တောင့်ရှည်လေးတောင့်၊ ချင်းလက်နှစ်ဆစ်ခန့်၊ ကြက်သွန်ဖြူ လေး၊ ငါးတက်ခန့်၊ ကြက်သွန်နီဥကြီးနှစ်လုံး၊ ငရုတ်ကောင်းအနည်းငယ်၊ ဆီ(ဇွန်းကြီးတစ်ဇွန်း)၊ ဆားအနည်းငယ်၊ ငံပြာရည်နဲ့ အရသာမှုန့်တို့ လိုအပ်ပါတယ်။

ပထမဦးစွာ အိုးထဲကြက်သားထည့် ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ လုံးခြမ်းကွဲအောင် ထောင်းထည့်ပါ။ ငံပြာရည်၊ ဆား၊ နနွင်း(များများ)ထည့်ပြီး ကောင်းကောင်းနယ်ပါ။ ဆီထည့်ပြီး မီးရှိန်ကောင်းကောင်းနဲ့ တည်ပါ။ လုံးရေမခန်းခင် ရေဆူဆူကို ဟင်းတုံးများမြုပ်သည်အထိထည့်ပြီး ၂၅ မိနစ်ခန့် ပွက်ပွက်ဆူအောင်တည်ပါ။ စပါးလင်ထည့်ခတ်ပြီး မီးဖိုကချလို့ရပါပြီ။ ဟိုတစ်ချိန်က ကာလသားများ အပျော်သဘော မိမိတို့အိမ်အသီးသီးမှ ကြက်ကို မသိအောင်ခိုးပြီး ရေးကြီးသုတ်ပျာ ချက်စားလေ့ရှိသော ကြက်သားဟင်းတစ်ခွက်သည် ယခုအခါ တုပ်ကွေးဖျား၊ နာလန်ထများအတွက် လျှာရင်းမြက်စေသော ဟင်းတစ်ခွက် ဖြစ်နေပါပြီ။ နောက်တစ်ပတ်မှာ သူနဲ့လိုက်ဖက်တဲ့ သခွားသီးတောသုပ် ချဉ်ချဉ်စပ်စပ်လေး လာမယ်နော်။

http://www.7daydaily.com/story/20923#.VBr02GOM-So

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...