စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“အရေးကြီးတဲ့ တာဝန်”


 

လူတွေရဲ့ အရေးကြီးတဲ့ တာဝန်က “လှပတဲ့ဘ၀”ကို ဖန်တီးဖို့ပဲ။ လှပတဲ့စိတ်ရှိမှ လှပတဲ့ ဘ၀ကို ရမယ်။

အပေါစား အပျော်အပါး တွေနဲ့ နေတဲ့သူရဲ့ ဘ၀ဟာ လှပတဲ့ဘ၀ ဘယ်မှာ ဖြစ်နိုင်ပါ့မလဲ။
စည်းကမ်းမဲ့တဲ့ သူရဲ့ဘ၀၊ ပရမ်းပတာ ထင်ရာလုပ်တဲ့ သူရဲ့ဘ၀ဟာဘယ်မှာ လှပတဲ့ဘ၀ ဖြစ်နိုင်မလဲ၊၊

လှပတဲ့ဘ၀ကို နားလည်လာမှသာ၊အပေါစား အပျော်အပါး တွေရဲ့
လွှမ်းမိုးမှုကနေ လွတ်နိုင်မယ်။ဘ၀ဆိုတာမှာလည်း အနုပညာသဘော ရှိပါတယ်။
ပရမ်းပတာ ဖြစ်သွားနိုင်တဲ့ ဘ၀တစ်ခုကို ပရမ်းပတာ မဖြစ်ဘဲ၊စည်းကမ်းရှိအောင်၊
ဦးတည်ချက်ရှိအောင်၊ပုံစံတစ်ခု ပေါ်လာအောင် လုပ်တာဟာ အနုပညာ တစ်မျိုးဖြစ်ပါတယ်။
လှပတဲ့ဘ၀တစ်ခုကို ဖန်တီးနိုင်တာဟာ အဆင့်မြင့်တဲ့ အနုပညာပါ။

သတိနဲ့ ၊ ဉာဏ်နဲ့ ၊ စည်းကမ်းနဲ့ နေတတ်မှသာ လွတ်လပ်တဲ့ ဘ၀၊ လှပတဲ့ဘ၀ကို ဖန်တီးလို့ရမယ်။
 

-【ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ၏အလှတရားမှ အမှန်တရားသို့ မှ -】
Posted by ►

www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...