စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မလေးရောက် မြန်မာလုပ်သားများ၏ ရိုးဂုဏ်ကို ၀န်ကြီးချုပ်ဟောင်း မဟာသီယာ ထုတ်ဖော်ပြောကြား



 

ငွေကြေးနှင့်ပတ်သတ်လာလျှင် မလေးတရုတ်များနှင့် မြန်မာပြည်က ရောက် လာသော မြန်မာလူမျိုးအလုပ်သမားများက မလေးရှားလူမျိုးများထက် ပိုရိုးသား သည်ဟု မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က ပြောကြား လိုက်ပါသည်။

မလေးရှားနိုင်ငံက စီင်္းပွားရေးကျဆင်းမှုများအပေါ် လူမျိုးရေး အကျင့်စာရိတ္တ အားနည်းချက်နှင့် ပတ်သက်ပြီး သူ၏ အယူအဆများကို မဟာသီယာ က ပြောကြားခဲ့ ခြင်းဖြစ်ပါသည်။

မလေးရှားလူမျိုး အများစုသည် သူတို့ ၏ အကြွေးများကို ပြန်မပေးတတ်ကြောင်း ထို့ ကြောင့် ကုမ္ပဏီအများစုက တရုတ်လူမျိုးများကိုသာ ကန်ထရိုက်ပေး ကြ ခြင်းဖြစ်ကြောင်း မဟာသီက ဆိုသည်။

“ကျွန်တော့်မှာ အခု မုန့် တိုက်တစ်ခု ရှိတယ်၊ ပြောရမယ်ဆိုရင် ကျွန်တော် ရှက်တယ်၊ မလေး၊ တရုတ်၊ မြန်မာ နဲ့ တခြားလူမျိုးအလုပ်သမားတွေ အကြားမှာ မလေးတွေက ငွေနဲ့ တွေ့ ရင် သူတို့ ကို သူတို့ မေ့ပြီး မရိုးသား ကြတော့ဘူး"“ မလေးရှား မီင်္ဒီယာတခုနှင့် သီးခြားတွေ့ ဆုံမေးမြန်းခန်း တွင် ဒေါက်တာ မဟာသီယာ က ပြောကြားခဲ့သည်။

ဒေါက်တာမဟာသီ သည် လုဖ်အမည်ရှိ ဂျပန်နိုင်ငံမှာ နာမည်ကြီး ဂျပန်စတိုင် မုန့်တိုက် လုပ်ငန်းတစ်ခု၏ အကြီးအကဲဖြစ်ပြီး ထိုလုပ်ငန်းကို ၂၀၀၆ခုနှစ်က လန်ကာဝီ ဒေသမှာ စတင်ဖွင့်လှစ်ခဲ့သည်။

မဟာသီယာ၏ ပြောကြားချက်အရ တချို့  မလေးမန်နေဂျာများသည်ပင် အလုပ်သမားများနှင့် ပေါင်းပြီး ဆိုင်ခွဲအချို့  မှ ငွေများကို လိမ်လည်ယူရန် ကြိုးစားသည်ဟု ဆိုသည်။

၁၉၉၃ခုနှစ်ကနေ ၂၀၀၃ခုနှစ်အထိ မလေးရှားကို အုပ်ချုပ်လာခဲ့သော ၀န်ကြီးချုပ်ဟောင်းသည် မလေးရှားနိုင်ငံရှိ မလေးများနှင့် တရုတ်များအကြား ၀င်ငွေ ကွာခြားချက်များကို ကျဉ်းမြောင်းစေရန် မလေးများကို ပစားပေးသည့် စီးပွားရေးမူဝါဒများကို ချမှတ်ခဲ့သူ တစ်ဦး ဖြစ်သည်။

လင်းလင်း
BY : The Ladies News Journal


https://www.facebook.com/photo.php?fbid=777927062249077&set=a.103041283070995.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...