နှလုံးနဲ့ ကျန်းမာရေးအတွက် ကိုယ်တိုင်လည်း နှလုံးအားနည်းတာ၊ သွေးကြောကျဉ်းတာမျိုးဖြစ်နေ
ကျနော့်မှာတော့ လွန်ခဲ့တဲ့ နှစ်များစွာထဲက အိပ်ပျက်တွေ များခဲ့တာကြောင့် နှလုံးကို လေဟပ်ပြီး မေ့လဲခဲ့တာလည်း သုံးခါလောက်ရှိတယ်။ ဒီကြားကာလတွေမှာလဲ အိပ်ပျက်များလာရင် နှလုံးက စူးအောင့်တာမျိုးလည်း ဖြစ်ခဲ့တာ အခုအချိန်အထိပါပဲ။ ပညာသင်နေတဲ့အချိန်ထဲက ညဥ့်နက်သန်းခေါင် ၃ နာရီလောက်မှ အိပ်တာက များခဲ့တာလည်း ပါမည်။
၂၀၀၈.ခုတုန်းက အထူးကုဆရာဝန်ကြီးနဲ့ တကိုယ်လုံးကို ဘာရောဂါများ ရှိလဲလို့ ဓာတ်မှန် ငါးမျိုးလောက် ရိုက်ပြီး ဆေးစစ်ခဲ့တာ ဘာရောဂါမှ မရှိဘူးတဲ့၊ နှလုံးကတော့ အားနည်းနေတယ် ပြောတယ်။ ကျနော်က ညဘက် အအိပ်နည်းတယ်လို့ အရင်ထဲက ညဥ့်နက်မှအိပ်ပြီး အခု လေးငါးနှစ်မှာဆို မနက် ၄ နာရီ ၅ နာရီလောက်မှ အိပ်တာများတယ်၊ အစောအစောဆုံး အိပ်တဲ့ နေ့ဟာ ၄ နာရီလောက် ဖြစ်နေတယ်လို့ ပြောတော့ ဆရာဝန်က ဘာမှ မပြောတော့ဘူး။ ဆေးယူဦးမလားတောင် မေးတယ်။ မယူချင်ရင်တောင် ရသလို ပုံစံပြောတယ်လေ။ အဓိက အအိပ်မမှန်လို့ နှလုံးအားနည်းတဲ့ သဘောပေါ့။
အဲဒီမှာ နှလုံးအားဆေး တလစာ ဝယ်ခဲ့ပါတယ်။ သောက်တာ အတော်လေး လန်းတယ်။ပြတ်သွားတော့ ဆက်မစားဖြစ်တော့ဘူး။
ကျနော့်မှာ လက်ကိုင် စွဲထားတဲ့ ဆေးနည်း တခုရှိတယ်။ အဲဒါက တခြားတော့ မဟုတ်ဘူး။ သံပုရာသီးပဲ။
အဲဒီနည်းကို လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်ထဲက ပြည်က အမေကြီး တယောက်က သူကိုယ်တိုင် ပျောက်ခဲ့လို့ ပေးခဲ့တာပါ။ ကျနော် မေ့လဲကျချိန်ထဲကသုံးဖူးတယ်။
နည်းက မခက်ပါဘူး။ သံပုရာသီး တခြမ်းကို ပွက်ပွက်ဆူထားတဲ့ ရေနွေး မိုက်ခွက် တလုံးထဲကို နည်းနည်းလေး ညှစ်လိုက်ပြီး အစေ့ပါ အကုန်လုံး စိမ်ထားလိုက်တယ်။ အဲဒါကို ရေနွေး အေးခါနီးနီးရင် သောက်လို့ ရပြီ။ အေးသွားလဲ ကျန်တာများကို တနေကုန်ရေဆာတိုင်း သောက်နေရုံပဲ။ တနေ့ကို သုံးခါလောက် သောက်နိုင်ရင်တော့ ကောင်းတယ်။ ကျနော်ကတော့ တနေ့ မိုက်ခွက်(ဖန်ခွက်ကြီး)တလုံ
ပစ်ထားလိုက်တာ။
ဖြစ်လာမှ ပြန်သောက်ပဲ။ ဒီလိုနေလာခဲ့တာ နှလုံးသွေးကြောကျဉ်းတာကတော့
http://
https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.34473255
No comments:
Post a Comment