စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မလေးရှားလေယာဉ် MH 17 နှင့် ပတ်သက်၍ ကံကြမ္မာစေစားခံရသည့်လူများ



ပါးစပ်စီးတယ်လို့ပဲ ပြောရမလားမသိဘူး။ ပစ်ချခံရတဲ့ မလေးရှားလေယာဉ် MH 17 ပေါ် ပါသွားတဲ့ ဒတ်ခ်ျနိုင်ငံသား Cor Pan ဆိုတဲ့လူဟာ လေယာဉ်ပေါ်မတက်မီ လေယာဉ်ကို အရင်ဆုံး ဓာတ်ပုံရိုက်ခဲ့ပါတယ်။

နောက်တော့ ဒီပုံကို သူကဖေ့စ်ဘုတ်ပေါ်တင်ခဲ့ပါတယ်။ တင်တဲ့အခါမှာ သူက
“ပျောက်သွားမယ်ဆိုရင်တော့ ဒီလိုပုံနဲ့တူတယ်” လို့ ရေးသားခဲ့ပါတယ်။
သူရည်ညွှန်းချင်တာက အရင်တစ်ခါ ဘယ်ပျောက်လို့ ပျောက်သွားမှန်းမသိတဲ့ မလေရှားလေယာဉ်ကို ပြောခဲ့တာ ဖြစ်ပါတယ်။ သူ့ သူငယ်ချင်းတွေကလည်း ဒီပုံကို ဝိုင်းနောက်တဲ့ ကော်မန့်တွေ ပေးခဲ့သေးတယ် လို့ဆိုပါတယ်။

Flight steward Sanjid Singh, 41, made a last minute shift swap and boarded flight MH17

လေယာဉ်ပေါ် ပါသွားတဲ့ နောက်တစ်ယောက်ကတော့ ကံကြမ္မာရဲ့ လှည့်ကွက်လို့ပဲပြောရမှာပါပဲ။
The Malaysian Insider ရဲ့ဖော်ပြချက်အရ မလေးရှားလူမျိုး Sanjid Singh ဆိုတဲ့ လေယာဉ်မောင်ဟာ လေယာဉ်ထွက်ခါနီးမှ အကြောင်းကိစ္စတစ်ခုကြောင့် သူ့လုပ်ဖောက်ကိုင်ဖက်နဲ့ တာဝန်ခြင်းလဲခံရပြီး လေယာဉ်ပေါ်လိုက်သွားခဲ့ရပါတယ်။

ထူးခြားတာက သူ့ဇနီးကလည်း လေယာဉ်မယ်ဖြစ်ပါတယ်။ သူ့ဇနီး လေယာဉ်မယ်ဟာ အရင်တစ်ခါ ပျောက်သွားတဲ့ မလေးရှားလေယာဉ်  MH370 မှာတာဝန်ကျခဲ့ပါတယ်။ ဒါပေမဲ့ ထွက်ခါနီးမှ နေရာခြင်းလဲခဲ့တာကြောင့် အသက်မသေဘဲ လွတ်မြောက်သွားခဲ့သူဖြစ်ပါတယ်။

family_0

နောက်စုံတွဲတစ်တွဲကတော့ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့ လင်မယားပါပဲ။
Barry Sim နဲ့ သူ့ဇနီး Izzy တို့ဟာ ဒီလေယာဉ်နဲ့ လိုက်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ခုံမရှိတော့ဘူးလို့ ပြောတာကြောင့် နောက်လေကြောင်းလိုင်းကို ပြောင်းစီးခဲ့ရပါတယ်။
ကံကောင်းသွားတဲ့ဒီလင်မယားကိုသူတို့စီးမယ့် လေယာဉ်ပျက်ကျသွားကြောင်း ပြောတဲ့အခါ
ယောကျာ်းဖြစ်သူ မစ္စတာ Sim က “ရင်ဘတ်ထဲမှာဗျာ ပျို့လာတယ်”လို့ ပြောကြားခဲ့ပါတယ်။
ထို့ပြင် ဇနီးဖြစ်သူ Izzy ကလည်း သူ့ယောကျာ်းက နောက်လေကြောင်းလိုင်း KLM ကို မကြိုက်တာကြောင့် စီးလေ့မရှိကြောင်းနဲ့ “ကျွန်မတို့က Malaysia Airlines ကို သစ္စာရှိတယ်။ ကျွန်မတို့က Malaysia Airlines နဲ့ပဲ သွားချင်ခဲ့တာ”လို့ပြောကြားခဲ့ပါတယ်။
www.myanmarlatestnews.com
Credit: phothutaw

http://www.searchmyanmar.com/link/frame/cid/39216

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...