စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အားလပ်ရက်မှာ လည်စရာ၊ မိသားစုလိုက် သီချင်းဆိုနိုင်မယ့်နေရာ


ဓာတ်ပုံ − နစ်ကီ
မိုးကာလ အလုပ်၊ ကျောင်းပိတ်ရက်တွေမှာ အပြင်လျှောက်လည်ပြီး စိတ်အပန်းဖြေလိုသူများအတွက် မိုးလုံလေလုံနဲ့လွတ်လပ်
ပေါ့ပါးစွာ စိတ်ထွက်ပေါက်
ပေးနိုင်မယ့် နေရာတချို့ကို သွားရောက်နိုင်ဖို့
ညွှန်ပြလိုပါတယ်။ အလုပ်အား၊ ကျောင်းအားတဲ့ ပိတ်ရက်မှာ လွတ်လပ်ပေါ့ပါးစွာ
စိတ်ထွက်ပေါက်အဖြစ်
အော်ဟစ်ပေါက်ကွဲနိုင်မယ့် ရန်ကုန်မြို့တွင်းမှာရှိတဲ့ မိသားစု
ကာရာအိုကေခန်းတွေကို ဖော်ပြချင်ပါတယ်။ အဆို
ဝါသနာလည်းပါ၊ သူငယ်ချင်း
တွေနဲ့လည်း စုပေါင်းပြီး ပျော်ပါးချင်သူတွေအတွက်တော့ အဆင်ပြေစေမှာပါ။

Music Box

Music Box ကတော့ လူ ငယ်တွေတော်တော်များများသိ ကြတဲ့ ကာရာအိုကေခန်းမပါ။ ပြည်လမ်းဟယ်လ်ပင်မှတ်တိုင် အနီးမှာရှိတဲ့ ရန်ကုန်အင်တာနေ ရှင်နယ်ဟိုတယ်ထဲက ကာရာအို ကေတေးဆိုခန်းပါ။
Music Box ကို တေးဆိုခန်း ၁၅ ခန်းနဲ့ ဖွဲ့စည်းထားပြီး ကောင်း တဲ့အသံပိုင်းဆိုင်ရာဖွဲ့စည်းမှုများ နဲ့ အမိုက်စားတေးဆိုခန်းများကို တည်ဆောက်ထားပါတယ်။

အခန်းအမျိုးအစားများစွာရှိ ပြီး တစ်နာရီကို ကာရာအိုကေ အခန်းငှားခ ၈,၀၀၀ ကျပ်မှ ၂၂,၀၀၀ ကျပ်အထိ အခန်းအမျိုးအစားကိုလိုက်ပြီး ဈေးနှုန်းခွဲခြားထားတာကို တွေ့ရပါတယ်။ အခန်းငှားခ တစ်နာရီကို ၁၀,၀၀၀၊ ၁၂,၀၀၀၊ ၁၄,၀၀၀ ကျပ် စသဖြင့် အမျိုးမျိုးသတ်မှတ်ထားပါတယ်။

နောက်တစ်ခုက Music Box  မှာ ထူးထူးခြားခြားလုပ်နိုင်သေး တာက လွတ်လွတ်လပ်လပ်ကခုန် နိုင်ပြီး ဘားနဲ့တွဲထားတဲ့ Dancing Floor ရှိတယ်လို့လည်း သိရပါ တယ်။ ကာရာအိုကေမဆိုချင်သူ တွေအတွက် ဘားမှာအေးအေး ဆေးဆေးသောက်ရင်း၊ စကား ပြောရင်း အနားယူလို့ရပါတယ်။

မွေးနေ့ပွဲ၊ ပါတီပွဲတွေ ကျင်းပချင်ရင်တော့ အဲဒီဘားက လူဦးရေ ၆၀ လောက်ဆံ့တယ်လို့ သိရပါတယ်။ ဝန်ဆောင်မှုအနေနဲ့ ဘားမှာဦးရေ ၄၀ နဲ့အထက် ဘူဖေး မှာယူပြီးစားမယ်ဆိုရင် ခန်းမ ငှားရမ်းကြေးထပ်မပေးရတော့ တာကြောင့် မွေးနေ့ပွဲတွေ၊ ညစာစားပွဲတွေပြုလုပ်လိုသူတွေ အတွက် အဆင်ပြေလှပါတယ်။

Music Box မှာ သီချင်းဆို ရင်း တရုတ်စာ၊ ဥရောပစာ စတဲ့ မိမိတို့ကြိုက်နှစ်သက်ရာအစား အသောက်များကို မှာယူစား သောက်နိုင်ပါသေးတယ်။
သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များဆိုရင် လူကျပ်တတ်တာမို့ ဖုန်းကြိုဆက်ပြီး စုံစမ်းစေလိုပါ တယ်။

I Music Family Karaoke

လှည်းတန်း ဦးထွန်းလင်း ခြံလမ်းထဲက I Music ကာရာအို အေဆိုင်ကတော့ လူငယ်တွေ အကြိုက်သီဆိုနိုင်မယ့် ကာရာအိုကေဆိုင်ပါ။  I Music မှာ အခန်းပေါင်း ခြောက်ခန်းဖွဲ့ထားပြီး အသေး၊ အလတ်၊ အကြီးလို့ အခန်းသုံး မျိုးသုံးစားခွဲခြားထားပါတယ်။ အခန်းသေးတစ်ခုကို လူလေးဦး လောက်အထိ သီဆိုနိုင်ပြီး ငှားရမ်းခမှာ တစ်နာရီကို ၄,၀၀၀ ကျပ်သတ်မှတ်ပေးထားပါတယ်။

အခန်းလတ်တစ်ခန်းကို ငှား ရမ်းခတစ်နာရီ  ၆,၀၀၀ ကျပ်သတ် မှတ်ပေးထားပြီး လူခြောက်ဦး ဝန်းကျင်ကောင်းကောင်းသီဆိုနိုင် ပါတယ်။ အခန်းကျယ်ကို လူ ၁၀ ဦးမှ ၁၂ ဦးအထိဝင်ဆံ့နိုင်ပြီး ငှားရမ်းခမှာ တစ်နာရီ ၉,၀၀၀ ကျပ် သတ်မှတ်ထားတာကြောင့် ဈေးနှုန်းအလွန်သင့်တင့်တဲ့ ကာရာအိုကေခန်းဖြစ်ပါတယ်။

မွေးနေ့ပွဲကျင်းပလိုသူတွေ အတွက်လည်း အခမ်းအနားပြင် ဆင်ပေးခြင်း၊ ကိတ်မုန့်၊ ကာရာ အိုကေ ၂ နာရီသီဆိုခွင့်၊ အစား အသောက်များစသော Package အလိုက် ဝန်ဆောင်မှုများလည်း ဆောင်ရွက်ပေးတာကြောင့် လှည်းတန်းလိုနေရာမျိုးမှာတင် မွေးနေ့ပါတီအသေးစားလေးတစ်ခုကို ဖန်တီးနိုင်မှာပါ။ အခန်းအမျိုးအစားအလိုက် မွေးနေ့ဝန်ဆောင်မှု ဈေး နှုန်းမှာလည်း ၂၂,၀၀၀ ကျပ်၊ ၂၇,၀၀၀ နဲ့ ၃၂,၀၀၀ ကျပ်ဆိုပြီး သုံးမျိုးရှိပါတယ်။

ပွင့်သစ်စမ်း

ရွှေဂုံတိုင်မီးပွိုင့်အနီး ကမ္ဘာ အေးဘုရားလမ်းပေါ်မှာရှိတဲ့ ပွင့် သစ်စမ်းဆိုင်ကတော့ အစားအသောက်ပါတွဲရောင်းတာမို့ အစားအသောက် ကောင်းကောင်း ကို သင့်တင့်တဲ့ဈေးနှုန်းနဲ့စားသုံး ရင်း သီချင်းဟစ်ချင်သူတွေ အတွက် အဆင်ပြေမှာပါ။

ပွင့်သစ်စမ်းမှာတော့ တေး ဆိုခန်း ၁၈ ခန်းရှိပြီး အခန်းခနှုန်း ထားတွေက တစ်နာရီ ၆,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထိ သတ်မှတ်ပေးထားပြီး အခန်းအမျိုးအစားလိုက် ၈,၀၀၀ ကျပ်၊ ၁၀,၀၀၀၊ ၁၃,၀၀၀၊ ၁၅,၀၀၀ ကျပ်ဆိုပြီး အသီးသီး သတ်မှတ်ထားပါတယ်။ အစားအသောက်ကတော့ ပွင့်သစ်စမ်းက စားသောက်ဆိုင်နဲ့ ပါတွဲလျက်ဖွင့်ထားတာမို့ တရုတ် စာ၊ မြန်မာ အစားအစာတို့အပြင် လက်ဖက်ရည်ဆိုင်အစား အသောက်မျိုးစုံကိုလည်း မှာယူစားသောက်နိုင်ပါတယ်။ ပွင့်သစ်စမ်းမှာ မွေးနေ့ပွဲကျင်းပလိုသူတွေ အတွက်လည်း အခမ်းအနားပြင် ဆင်ပေးတဲ့ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးတယ်လို့ သိရပါ တယ်။

Kyaw Karaoke

Kyaw ကာရာအိုကေဆိုင် ကတော့ ချက်ထရီယမ်ဟိုတယ် အနီးက ဖိုးစိန်လမ်းမှာရှိတဲ့ ဆိုင် ဖြစ်ပါတယ်။ အသံစနစ်ကောင်း မွန်တဲ့ဆိုင်ဖြစ်တာမို့ ကာရာအို ကေကောင်းကောင်းဆိုချင်သူ တွေအတွက် အကြိုက်တွေ့စေမှာ ပါ။ အခန်းခဈေးနှုန်းသင့်တင့်ပြီး အစားအသောက်အတွက်လည်း K စားသောက်ဆိုင်နဲ့တွဲလျက်ဖွင့် ပေးထားတာမို့ အဆင်ပြေပြေမှာ ယူစားသောက်နိုင်မှာပါ။

M3 Karaoke

ရွှေတိဂုံစေတီအနီး အာဇာ နည်ကုန်းအနောက်ဘက်မှာရှိတဲ့ M3 ကာရာအိုကေဆိုင်ကတော့ လူကြိုက်လည်းများ သီချင်းတွေ လည်းစုံတာမို့ ပိတ်ရက်မှာ သီချင်း ဆိုမယ်ဆိုရင် ရွေးချယ်သင့်တဲ့နေ ရာတစ်ခုပါ။ ဈေးနှုန်းကတော့ တစ်နာရီငှားရမ်းခ  ၅,၀၀၀ ကျပ် မှ ၁၅,၀၀၀ ကျပ်ဝန်းကျင်ရှိတာမို့ သင့်တင့်လှပြီး အစားအသောက် အတွက်လည်း လွယ်လွယ်ကူကူ မှာယူနိုင်တဲ့ M3 Food Center ကိုတွဲပြီးဖွင့်ထားပါတယ်။

ယူတိုးပီးယား

ကန်တော်ကြီး  သဘာဝ ဥယျာဉ်ထဲက ယူတိုးပီးယား တာဝါ ပထမထပ်မှာရှိတဲ့ ကာရာအိုကေခန်းတွေပါ။ အခန်းပေါင်း ၁၇ ခန်းရှိပြီး ဈေးနှုန်းကတော့ အခန်းအမျိုးအစားအလိုက် တစ် နာရီ ၅၀,၀၀၀ ကျပ်မှ ၁၅၀,၀၀၀ ကျပ်အထိရှိပြီး ကြားရက်များမှာ ပရိုမိုးရှင်းအနေနဲ့ ဈေးလျှော့ပေး တယ်လို့ ဆိုပါတယ်။
ကဲ.. ဒီတစ်ပတ်ရဲ့ ပိတ်ရက် မှာတော့ စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့ မိသားစုလိုက် ကာရာအိုကေခန်းတွေဆီကို ချီတက်ပြီး ဟစ်လိုက်ရအောင်ပါ။           ။

http://www.7daydaily.com/story/15502#.U8FDALHzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...