စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အစိုးရမှ အိမ်ကိုဘူဒိုဇာတိုက် မြေကိုသိမ်းယူသဖြင့် မိသားစုလိုက် ပိုးသတ်ဆေးသောက်ဆန္ဒပြ



တရုတ်နိုင်ငံ Jiangsu ပြည်နယ် အရှေ့ဘက်မှ မိန်းမ ၅ ယောက်နဲ့ ယောက်ျား ၂ ယောက်ပါတဲ့ မိသားစုတစ်စုဟာ တရုတ်သတင်းစာ China Youth Daily ရုံးရှေ့မှာ ပိုးသတ်ဆေးသောက်ခဲ့ကြပါတယ်။
အစိုးရက သူတို့ရဲ့အိမ်ကို ဘူဒိုဇာနဲ့တိုက်ကာ မြေကိုသိမ်းယူသွားခဲ့တာကြောင့် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
မျက်မြင်သက်သေတစ်ဦးရဲ့အဆိုအရ ဒီအုပ်စုဟာ ပလတ်စတစ်ပုလင်းတွေကိုထုတ်ပြီး အထဲမှာပါတဲ့အရာတွေကို သောက်ခဲ့တဲ့အခါမှာ လည်ပင်းတွေကို ဆုပ်ကိုင်ရင်း လဲကျသွားခဲ့ကြတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က အစိုးရဟာ လျော်ကြေးတစ်ပြားမှမပေးဘဲ သူတို့ရဲ့အိမ်တွေကို ဖြိုဖျက်ခဲ့တာကြောင့် ဒီမိသားစုဟာ အိမ်ခြေရာမဲ့တွေ ဖြစ်ခဲ့ကြပါတယ်။

သူတို့ကိစ္စကို လူအများအာရုံစိုက်လာအောင် လက်ကမ်းစာစောင်ဝေခြင်းနဲ့ ပိုစတာကပ်ခြင်းများကို မိသားစုလိုက် လုပ်ခဲ့ကြပေမဲ့ ထောက်ခံမှုမရခဲ့ဘူးလို့ဆိုပါတယ်။
ဒါကြောင့် သူတို့ ၇ ယောက်စလုံးဟာ မြို့တော်ဘေဂျင်းကိုတက်ပြီး  တရုတ်နိုင်ငံ ကွန်မြူနစ်လူငယ်အသင်း (Communist Youth League of China) ပိုင် သတင်းစာတိုက်ရှေ့မှာ ပိုးသတ်ဆေးသောက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆရာဝန်တွေအဆိုအရ လေးယောက်ဟာ အသက်အန္တရယ်က လွတ်ခဲ့ပြီဖြစ်ပေမဲ့ သုံးယောက်ကတော့ စိုးရိမ်ရပြီး အသက်သေဆုံးနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
သတင်းစာတိုက်မှာ အလုပ်လုပ်သူတစ်ဦးဖြစ်တဲ့ Bo Tuan က သူ အလုပ်ကိုလာရာမှာ ဆန္ဒပြနေတဲ့ ဒီအဖွဲ့ကို မြင်ခဲ့တယ် လို့ဆိုပါတယ်။

“တရားမျှရေးဆိုပြီး သူတို့အော်နေတာ ကျွန်တော်ကြားတယ်။ ကျွန်တော်လည်း သိပ်ဂရုမစိုက်ဖြစ်ဘူး။ ဒါပေမဲ့ သူတို့က ပလတ်စတစ် ပုလင်းတွေကို ဆွဲထုတ်ပြီး အထဲကအရာတွေကို မော့ချလိုက်တယ်။  လည်ချောင်းတွေကို ဆုပ်ပြီး လဲကျသွားကြတယ်။ မြင်ရတာ တကယ်ကြောက်စရာပဲ။ အမြှပ်တွေထ အသက်ရှုပ်တွေကြပ်ပြီး သူတို့အားလုံးငြိမ်ငြိမ်လေး လဲနေတော့တာပဲ” လို့ Bo Tuan က ပြောကြားခဲ့ပါတယ်။

www.myanmarlatestnews.com
Credit:phothutaw
 http://www.searchmyanmar.com/link/frame/cid/39216

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...