
ပုံမှာ မြင်တွေ့ နေရတဲ့ တရုတ် အမျိုးသား Yang Jianbin ဟာ ကမ္ဘာ့ အကြီးဆုံး ကင်ဆာ အကြိတ် ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အသက် ၃၇ နှစ် အရွယ် ရှိပြီ ဖြစ်ပြီး မွေးကတည်းက တင်ပါးမှာ အကြိတ်ပါလာသူ ဖြစ်ပါတယ်။
အသက် ၁၂ နှစ်မှာ ကြီးမားတဲ့ ခွဲစိတ်မှု တစ်ခု ပြုလုပ်ပြီး အနည်းငယ်သာ ကျန်ခဲ့ ပါတယ်။ ဒါပေမယ့် အမြစ်မပျက်ပဲ ဆက်လက် ပွားများ လာတာကြောင့် ၂၀၁၄ ခုနှစ် မှာ ပုံတွင် မြင်ရသလိုပဲ ကမ္ဘာ့ အကြီးဆုံး ဖြစ်လာခဲ့ ပါတယ်။ ဒါကြောင့် လမ်းလည်း လျှောက်လို့ မရ ပါဘူး။ အချိန်တိုင်း ကုတင် ပေါ်မှာပဲ နေထိုင် ရ ပါတယ်။ အကြိတ်က အလေးချိန် အားဖြင့် ၁၁၀ ကီလိုဂရမ် (၁၇ စတုန်) ရှိပါတယ်။ တရုတ်နိုင်ငံ Shanxi ပြည်နယ်မှာ နေထိုင်သူ တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ရောဂါကို Neurofibromatosis လို့ အမည်ပေးထား ပြီး ဆဲလ်တစ်ရှူးများ အဆ မတန် ကြီးထွား လာတတ်တဲ့ ရောဂါ လို့ ခေါ် ပါတယ်။
သူ့မှာ ဖြစ်တဲ့ ပုံစံမျိုး ကမ္ဘာမှာ ရှားပါး ပါတယ်။ ခွဲစိတ်နေတဲ့ ပုံရိပ်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://metro.co.uk/2014/
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/photo.php?fbid=724621724247749&set=a.247917771918149.
No comments:
Post a Comment