စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အချိန်ပို သွင်းဂိုးဖြင့် ကမ္ဘာ့ချန်ပီယံဖြစ်လာသည့် ဂျာမနီ



ကမ္ဘာ့ဖလား ဗိုလ်လုပွဲ၌ အာဂျင်တီးနားကို အချိန်ပိုတွင် အနိုင်ကစားပြီးနောက် ဂျာမနီအသင်းသည် ၎င်းတို့၏ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆုကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့သည်။
နှစ်သင်းလုံး လူစုံတက်စုံဖြင့် ပွဲထွက်လာခဲ့ပြီး အမှားစောင့်ကာ အလစ်အငိုက် တိုက်စစ်ဆင် ကစားခဲ့သော်လည်း ပထမပိုင်းတွင် အာဂျင်တီးနားက အခွင့်အရေးများ ပိုမို ရရှိခဲ့သည်။ (၂၁)မိနစ်တွင် ဂိုးဧရိယာ အပြင်ဘက်နားမှ ဟီဂူရင်း လှမ်းကန်သောဘောလုံး ဂိုးဘားတန်း ကျော်သွားသည်။

မိနစ်(၃၀)တွင် ဟီဂူရင်း ဂိုးသွင်းသော်လည်း လူကျွံအနေအထား ဖြစ်နေသဖြင့် ဒိုင်က ခွင့်မပြုခဲ့ချေ။ မိနစ်(၄၀)တွင် မက်ဆီထံ ရောက်လာသော ဘောလုံးကို ၎င်းအခွင့်အရေး မယူနိုင်မီ ဂျာမနီ ခံစစ်က ကာကွယ်နိုင်ခဲ့သည်။ ပထမပိုင်း ပြီးခါနီးတွင် ဂျာမနီ နောက်ခံလူ ဟောင်ဝီဒက်စ်က ထောင့်ကန်ဘောကို ခေါင်းတိုက်ရာ ဂိုးသမား ရိုမဲရိုး လှုပ်ချိန်ပင် မရလိုက်သော်လည်း တိုင်အပြင်ဘက် ရှပ်မှန်ပြီး ဂိုးလွန်ဘော ဖြစ်သွားခဲ့သည်။



ဒုတိယပိုင်း ပြန်စပြီး (၂)မိနစ်တွင် ဘစ်ဂလီယာ ပေးပို့သော ဘောလုံးကို မက်ဆီကန်သွင်းရန် အားထုတ်ခဲ့သော်လည်း ဂိုးတိုင်ဘေးမှ လွဲချော်ထွက်သွားသည်။ (၇၁)မိနစ်တွင် ဧရိယာထဲ၌ ဂျာမနီ လူစားဝင် တိုက်စစ်သမား ရှာရဲလ် ဘောလုံး တားယူပုံ မသေသပ်သဖြင့် အာဂျင်တီးနား ခံစစ်က မြန်မြန်ဆန်ဆန် ရှင်းထုတ်နိုင်ခဲ့သည်။ နှစ်သင်းလုံး မိနစ်(၉၀)အတွင်း ဂိုးမသွင်းနိုင်သဖြင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး ပွဲပြီးခါနီး (၂)မိနစ် အလိုတွင် ဂျာမနီနည်းပြက တိုက်စစ်ပိုင်း အပြောင်းအလဲအဖြစ် ကလိုဆေး နေရာတွင် ဂေါ့ဇီကို အစားထိုး ထည့်သွင်းခဲ့သည်။



အချိန်ပို စတင်သည်နှင့် ဂျာမနီက တိုက်စစ်ဆင်လာပြီး ရှာရဲလ်၏ ကန်ချက်ကို အာဂျင်တီးနား ဂိုးသမား ရိုမဲရိုး ကာကွယ်သွားနိုင်ခဲ့သည်။ (၉၇)မိနစ်တွင် အာဂျင်တီးနား နောက်ခံလူ ရိုဂျို ပေးပို့သော ဘောလုံးကို ပလာစီယို့စ်က ဧရိယာထဲမှ ကန်သွင်းသော်လည်း ဂိုးတိုင်ဘေးမှ ထွက်သွားခဲ့သည်။ အချိန်ပို (၁၁၃)မိနစ်တွင်မူ ဂျာမနီအတွက် ချန်ပီယံဆုဖလား သေချာစေသည့်ဂိုးကို လူစားဝင် ကစားသမား ဂေါ့ဇီက သွင်းယူခဲ့သည်။ ဘယ်ခြမ်းမှ ရှာရဲလ် ဘောလုံးဆွဲယူလာပြီး ခုပ်တင်ပေးလိုက်ရာ ဧရိယာထဲတွင် Marking လွတ်နေသည့် ဂေါ့ဇီက တားယူပြီး ရိုမဲရိုးနှင့် အတွေ့တွင် အပိုင်ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက်ပိုင်းတွင် ဂျာမနီက အနိုင်ကို ထိန်းကစားပြီး (၂၀၁၄)ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး၏ ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။

_Ref: Dailymail

 http://www.7daydaily.com/worldcup2014/15851#.U8PtgbHzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...