စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အာဂျင်တီးနား ပင်နယ်တီအဆုံးအဖြတ်နဲ့ ဗိုလ်လုပွဲ တက်

ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲမှာ အာဂျင်တီးနားက နယ်သာလင်အသင်းကို ပင်နယ်တီမှာ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင် ရ ပြီး ဗိုလ်လုပွဲ ကို တက်သွားပါပြီ။ 


ဓာတ်ပုံ- ဖီဖာ

အာဂျင်တီးနားနဲ့ နယ်သာလန် အသင်းတို့ဟာ မိနစ် ကိုးဆယ် အချိန် ပြည့်သွားပေမယ့် တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ခဲ့လို့ အချိန်ပို မိနစ် သုံးဆယ် ဆက်ကစားခဲ့ကြပါတယ်။ 

ဒုတိယပိုင်း မိနစ် ကိုးဆယ်ပြည့်ခါနီးမှာ နယ်သာလန်အသင်းဘက်က ဂိုးသွင်းလိုက်တာမှာ အာဂျင်တီးနား 
နောက်ခံလူ ကယ်တင်လိုက်လို့ ဂိုးမရခဲ့ပဲ အချိန်ပို ဆက်ကစားဖြစ်သွားခဲ့ရတာပါ။ 

အချိန်ပို မိနစ် ၃ဝ မှာလည်း တဖက်နဲ့ တဖက် အကြိတ်အနယ် ကစားကြရင်း ဂိုးမသွင်းနိုင်ကြလို့ ပင်နယ်တီ နဲ့ အဆုံးအဖြတ် အဆင့် ရောက်သွားခဲ့တာပါဘဲ။ 

နယ်သာလန်ဘက်က ပထမဆုံး ကန်သွင်းတဲ့ ပင်နယ်တီ ကို အာဂျင်တီးနား ဂိုးသမားက ပုတ်ထုတ်နိုင် လိုက်လို့ အာဂျင်တီးနားအတော်စိတ်အားတက်သွားပုံရပါတယ်။ 

ပင်နယ်တီမှာ နယ်သာလန်က ရော်ဘင် ကန်သွင်းတဲ့ ဂိုးကတော့ ချောချောမွေ့မွေ့ ရခဲ့ပေမယ့် နောက်ထပ် နယ်သာလန် သွင်းတဲ့ ပင်နယ်တီကို အာဂျင်တီးနားက ထပ်မံ ပုတ်ထုတ်လိုက်နိုင်ပါတယ်။ 

ပင်နယ်တီ ကန်သွင်းမှုမှာ နယ်သာလန်ဘက်က ရွန်ဘလာနဲ့ ရှနိုက်ဒါ တို့က ဂိုးတွေကို အာဂျင်တီးနား ဘက် က ပုတ်ထုတ်ခဲ့ပြီး အာဂျင်တီးနားဘက်က ၄ ဂိုးနဲ့ နယ်သာလန် ၂ ဂိုး နဲ့ ပွဲ ပြီးသွားခဲ့ပါတယ်။ အာဂျင်တီးနားဟာ ဂိုးသမား ကျေးဇူးနဲ့ အခုတော့ ဗိုလ်လုပွဲ တက်ခွင့် ရသွားခဲ့တာဖြစ်ပါတယ်။ 

ဒီအတွက် အာဂျင်တီးနားဟာ လာမယ့် ဗိုလ်လုပွဲမှာ ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နယ်သာလန်နဲ့ ဘရာဇီး အသင်းတို့ကတော့ တတိယ နေရာ လုကြရမှာဖြစ်ပါတယ်။ 








အိမ့်သံစဉ် ~
http://blog.irrawaddy.org/2014/07/blog-post_7302.html 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...