







အရုပ်တွေချည်း စုပြီး လူနေရာ အစားထိုးထားတဲ့ရွာ ဂျပန်နိုင်ငံမှာ ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ လူဦးရေ အနည်းဆုံး ကျွန်း ဖြစ်တဲ့ Shikoku မှာ ရှိပြီး Nagoru လို့ အမည်ရတဲ့ ရွာ ဖြစ်ပါတယ်။ တစ်ချန်တုန်းက လူဦးရေ များပြားတဲ့ စည်ကား သိုက်မြိုက်တဲ့ ရွာလေးပါ။
နောက်တော့ အိုစာကာ သို့မဟုတ် တိုကျိုသို့ သွားပြီး ရွှေ့ပြောင်း အလုပ်လုပ် ကြတာကြောင့် ရွာဟာ တဖြည်းဖြည်းနဲ့ လူနည်း သွားပါတယ်။ နောက်ဆုံးတော့ လူဦးရေ ၁၀ ယောက်ကျော်သာသ ကျန်ရှိတော့တဲ့ အထိ ဖြစ်သွား ပါတယ်။ ဒါကြောင့် တိုကျိုမှာ သွားအလုပ်လုပ်တဲ့ ရွာခံ အမျိုးသမီး တစ်ဦးဟာ ရွာပြန်ရောက်လာပြီး ဖြစ်ပျက်နေမှုကို မြင်တော့ စိတ်မကောင်း ပါဘူး။ ဒါကြောင့် လူတွေကို အစားထိုးမယ့် အရုပ်များ ဆက်တိုက် ပြုလုပ် ပါတော့တယ်။ ပုံမှာ မြင်တွေ့ ရသလိုပါပဲ။ ရွာမှာ စုစုပေါင်း အရုပ် ၃၅၀ ကျော် သွားပြီး ဆက်တိုက်လည်း ပြုလုပ် နေပါတယ်။ ဘတ်စ်ကားဂိတ်၊ စာသင်ကျောင်း၊ အိမ်ထဲ၊ အိမ်ပြင် တို့မှာ ထားရှိထားတာကို ယခုလို မြင်တွေ့ ရပါတယ်။
နေ့ခင်းဘက်ပဲ လည်လည်၊ ညဘက်ပဲ လည်လည် တစ်ယောက်တည်း ဆိုရင် အတော်လေး စိတ်ခြောက်ခြား ဖွယ်ရာ ကောင်းမှာပါ။ သို့ပေမယ့် နိုင်ငံခြားသားများ တကူးတက လာရောက် လည်ပတ်လျက် ရှိတဲ့ ကျွန်း တစ်ခု ဖြစ်သွား ပါတယ်။ အရုပ်ဖန်တီးသူ အမျိုးသမီးရဲ့ အမျိုးသမီး ကောင်းမှုကြောင့် Nagoru ဟာ ဂျပန်နိုင်ငံက လည်ပတ်သူ များတဲ့ ကျွန်းရွာလေး တစ်ခု ဖြစ်သွား ပါတယ်။
Ref: visualnews
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
https://www.facebook.com/yoyarlaydotcom/photos/pcb.730672223642699/730669613642960/?type=1&theater
No comments:
Post a Comment