စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







☆ အကယ်၍များ ☆


                  

အကယ်၍များ •••
၁၉၀၀ ပြည့်နှစ် မေ ၁၆ ရက်နေ့တုန်းက သာယာဝတီခရိုင် အုတ်ဖိုဆိုတဲ့ မြို့လေးမှာ မြေပိုင်ရှင်ဦးဖိုးကြူနဲ့ဇနီးဒေါ်ပန်း တို့ နောင်တွင် မြန်မာ့သမိုင်းကိုအမည်းရောင် ခြယ်မှုန်းမယ့် ဂဠုန်ဦးစောလောင်းလျာလေးကို မမွေးဖွားခဲ့ပါလျှင် ---

အကယ်၍များ •••
၁၉၄၆ခုနစ် စက်တင်ဘာလ ၂ ရက်နေ့ ပြည်လမ်းပေါ်မှာ ဦးစောကားနောက်ကို ဂျစ်ကားနှင့်လိုက်ပြီး
လုပ်ကြံကြသော ပြည်သူရဲဘော်ယူနီဖောင်းဝတ်ထားတဲ့အထဲက ရန်ကုန်ဘဆွေရဲ့ပစ္စတိုပစ်ချက် ဦးစောနဖူးကိုရှပ်မမှန်ပဲ ပစ်မှတ်ဖြစ်သော နောက်စေ့တည့်တည့်သာမှန်ပြီး အကြံအစည်အောင်ခဲ့ပါလျှင် ---

အကယ်၍များ •••
၁၉၄၇ ခုနစ် ဇွန်လအတွင်း ဘရင်းဂန်း ၆၀ ပျောက်ဆုံးသွားပြီးနောက် ထိုအချိန်က ပုလိပ်တပ်ဖွဲ့ လက်ထောက်ကော်မရှင်နာမင်းကြီး မိုက်ကယ်ဘတ်စ်ခ် ( Michael Busk )က အတွင်းဝန်ရုံး လုံခြုံရေးပိုချထားဖို့နှင့် ဦးစောနေထိုင်ရာ အေဒီလမ်း ခြံအမှတ် ( ၄ ) ကို ရှာဖွေရန် ဝရမ်းတောင်းခဲ့ခြင်းအား နိုင်ငံရေးအကြောင်းပြချက်နှင့် မပယ်ချခဲ့ပါလျှင် ---

အကယ်၍များ •••
မေဂျာဒိန်းက မင်္ဂလာဒုံပင်မစစ်လက်နက်ပစ္စည်းသိုလှောင်ရုံမှ ဗိုလ်ချုပ်ကိုပစ်ခဲ့သော လက်နက်များကို ဦးစောတို့အား မထုတ်ပေးခဲ့ပါလျှင် ---

အကယ်၍များ •••
ကပ္ပတိန်ဗီဗီယန်း၊ မေဂျာဒိန်း၊ မေဂျာယန်း အစရှိတဲ့ ဗြိတိသျှစစ်အရာရှိများ ဦးစောအား မည်သည့်အကူအညီမျှ မပေးခဲ့ပါလျှင် ---

အကယ်၍များ •••
လွှတ်တော်ကော်မတီအစည်းအဝေးနဲ့ EC အစည်းအဝေး ( ဝန်ကြီးများအဖွဲ့အစည်းအဝေး ) တစ်ရက်ထဲ မတိုက်ဆိုင်ခဲ့ပဲ မူလအစီအစဉ်အတိုင်း ဇူလိုင် ၁၆ ရက်နေ့ ( ဗုဒ္ဓဟူးနေ့ )တွင် EC အစည်းအဝေးကျင်းပဖြစ်ခဲ့ပါလျှင် ---

အကယ်၍များ •••
ပျော်ဘွယ်ဦးမြက လုံခြုံရေးစိတ်မချရတဲ့အတွက် အစည်းအဝေးကျင်းပရာ အတွင်းဝန်ရုံအနီး လက်နက်ကိုင်ရဲတပ်စိတ်တစ်စိတ်ချထားခြင်းကို ဗိုလ်ချုပ်မြင်ပြီး ရုပ်သိမ်းဖို့မပြောခဲ့ပါလျှင် ---

အကယ်၍များ •••
အစည်းအဝေးကျင်းပရာ အတွင်းဝန်ရုံးပေါ်တက်ရသည့် လှေကားထစ်တွင် မြန်မာရဲတပ်ဖွဲ့အတူချထားသော ဗြိတိသျှအကြပ်တပ်သားနှစ်ဦးအား အခင်းမဖြစ်ပွားရက်ပိုင်းအတွင်း မရုတ်သိမ်းခဲ့ပါလျှင် ---

အကယ်၍များ •••
ဗိုလ်ချုပ်တို့ အစည်းအဝေးကျင်းပရာ အတွင်းဝန်ရုံးအဝင်ပေါက်တွင်စောင့်ရသော မင်းစေကလေး သောင်းစိန်တစ်ယောက် လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူခွင့်ရှိခဲ့ပါလျှင် ---

အကယ်၍များ •••
ဖော်ကောင်ဘညွှန့်တစ်ယောက် နိုင်ငံတော်လုပ်ကြံမှု့ကြီးမဖြစ်ပွားမှီ အမြင်မှန်စောစီးစွာရပြီး သက်ဆိုင်ရာကို ဦးစော၏အကြံအစည်များအား ဦးစွာ ဖော်ထုတ်ခဲ့ပါလျှင် --

အကယ်၍များ •••
ဗိုလ်ချုပ်တစ်ယောက် ပြည်သူအားလုံးမေတ္တာနှင့်လုံခြုံနေသည်ဟူသော အယူအဆကိုဖယ်ပြီး လုံခြံရေးကိုအလေးထားကာ သူယုတ်မာများကိုလျှော့မတွက်ခဲ့ပါလျှင် ---

ကျွှန်တော်တို့နိုင်ငံသမိုင်းမှာ တစ်နှစ်တစ်ခါကြေကွဲရသော အမှောင်ဖုံးတဲ့နေ့တစ်နေ့ဆိုတာ ဘယ်တော့မှရှိခဲ့မှာမဟုတ်သလို ဗိုလ်ချုပ်ကိုယ်တိုင် အသက်သွေးချွေးတို့နဲ့ရင်းပြီး တည်ဆောက်ခဲ့ရတဲ့ တပ်မတော်က တိုင်းပြည်ကိုချနင်းနှိပ်စက်ကာ ပြည်သူကိုဘယ်တော့မှ မနှိပ်စက်ဘူးဆိုတာ ကျွှန်တော် အသက်နဲ့ရင်းပြီး ယုံကြည်နေပါတယ် ---။ ။ ။

၁၉ ဇူလိုင် အမှတ်တရ

ဒိုင်း ဒိုင်း
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...