စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲက ပြောပြတဲ့ တွေးတောဆင်ခြင်စရာ (၁၀)ချက်



တစ်လနီးပါးအချိန်ကာလ ကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကနေ မှတ်သား လောက်စရာ အချက်အလက်အ ချို့ထွက်ပေါ်လာပါတယ်။ Daily Mail သတင်းစာရဲ့ ဘောလုံး အားကစားကလောင်ရှင် ဘော့ဘ် ဒရက်ပါက ဘရာဇီးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး ဘောလုံးပြိုင်ပွဲကြီးကနေ ရရှိလာ တဲ့ စိတ်ဝင်စားစရာအချက် ၁၀ ခု ကို ရွေးနုတ်ပြခဲ့ပါတယ်။

(၁) အရင်ဘရာဇီး
မဟုတ်တော့ဘူး

အိမ်ရှင်အသင်း၊ ကမ္ဘာ့ဘောလုံးအသင်းရဲ့ အစဉ်အလာအကြီး ဆုံး ဘောလုံးအသင်းဟာ အကြို ဗိုလ်လုပွဲအဆင့်မှာ ရုပ်ပျက်ဆင်း ပျက်အရှက်တကွဲ အရေးနိမ့်ခဲ့ မယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ပါ ဘူး။ ဒါပေမဲ့ ဂျာမနီကို (၇-၁)၊ နယ်သာလန်ကို (၃-၀)ဂိုး နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်မတိုင်ခင်ကတည်းက ဘရာဇီးဟာ ပြိုင်ဘက်တွေကို ခံ့ညားလောက်အောင် လွှမ်းမိုးထားနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေး  အရှိန်အ၀ါသိပ်မရှိခဲ့တာ သတိပြုသင့်ပါတယ်။ ၂၀၀၂ ခုနှစ်က ဘရာဇီးအသင်းဟာ ရော်နယ်ဒို၊ ရော်နယ်ဒင်ဟို၊ ရီဗယ်ဒိုတို့ရဲ့ အံ့မခန်းခြေစွမ်းတွေနဲ့ ပရိသတ်တွေကို ပြုစားပြီး ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးရယူခဲ့ဖူးပါတယ်။ တိုက်ဆိုင်တာက အဲဒီတုန်းက ဘရာဇီးအသင်းကို ကိုင်တွယ်ခဲ့သူဟာ လက်ရှိနည်းပြ  လူးဝစ်ဖိလစ်စကိုလာရီပါပဲ။ လက်ရှိထွက်ပေါ်နေတဲ့ ရလဒ်တွေကတော့ ဘရာဇီးရဲ့ မျိုးဆက် သစ်တွေဟာ နောင်တော်တွေကို  လိုက်မီဖို့အများကြီးလိုနေသေးတယ်ဆိုတာပါပဲ။

(၂) ပရိသတ်ကို အဖမ်းစားနိုင်ဆုံးရပ်တည်နေဆဲ

ပရီးမီးယားလိဂ်၊ လာလီဂါ နဲ့ ချန်ပီယံလိဂ်တို့က ကမ္ဘာ့ဘော လုံးလောကမှာ နာမည်အကြီးဆုံး ပြိုင်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။ ဒါ ပေမဲ့ ကမ္ဘာ့ဖလားနဲ့ ယှဉ်လိုက်ရင် တော့ ပရိသတ်တွေရဲ့ ရူးသွပ် ပျော်ဝင်မှုကို တကယ်တမ်းဆွဲ ဆောင်နိုင်ရဲ့လားဆိုတာက သံသ ယ၀င်စရာပါ။ ကော်စတာရီကာ၊ ကိုလံဘီယာနဲ့ အယ်လ်ဂျီးရီးယား တို့ဟာ ပြိုင်ပွဲမှာ အထိုက်အ လျောက်အောင်မြင်မှုတွေရခဲ့ကြ တယ်။ သက်ဆိုင်ရာပရိသတ် တွေရဲ့ စိတ်နှလုံးကို သိမ်းကျုံးလှုံ့ ဆော်နိုင်ခဲ့တယ်။ လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ရာသီတစ် လျှောက်လုံး ဘာစီလိုနာမှာ ပြသခဲ့တဲ့ ခြေစွမ်းထက်ပိုကောင်း အောင် အာဂျင်တီးနားအတွက် ကစားပြခဲ့တယ်။ ကလပ်အသင်းပွဲ တွေ ဘယ်လောက်ကောင်းကောင်း၊လက်ရွေးစင်အသင်းတွေရဲ့ အားပြိုင်မှုဟာ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ စိတ်ပါလက်ပါဖြစ်လာအောင် ပိုပြီးတော့ ဆွဲဆောင်နိုင်ဆဲဖြစ်ပါတယ်။

(၃) စိတ်အား ထက်သန်မှု
သက်သက်နဲ့ အောင်ပွဲမရနိုင်ဘူး

ဘောလုံးလောကမှာ ပွဲတစ်ပွဲကို အနိုင်ရဖို့အတွက် စိတ်ဓာတ်၊ ခွန်အားနဲ့ နည်းစနစ်ပိုင်း ဘယ်အရာက ပိုအရေးကြီးသလဲ ဆိုတာက အငြင်းပွားစရာ အခြေအနေတစ်ရပ်ပါ။ ဒဏ်ရာရနေတဲ့    လူးဝစ်ဆွာရက်ဇ်ဟာ အင်္ဂလန်နဲ့ ပွဲမှာ ၀င်ကစားပြီး ဥရုဂွေးအ တွက် အကောင်းဆုံးခြေစွမ်းပြခဲ့ တယ်။ ကော်စတာရီကာဟာ နယ်သာလန်နဲ့ ပွဲမှာ စိတ်ဓာတ်အပြည့် စုစည်းပြီး ရွပ်ရွပ်ချွံချွံကစားပြခဲ့ တယ်။ ဒါပေမဲ့လည်း ရေရှည်မှာ တော့ နိုင်ငံအတွက် အစွမ်းကုန် ပေးဆပ်ပြီး စိတ်ဓာတ်အပြည့်နဲ့  ကစားနိုင်ရုံနဲ့တော့ နိုင်ပွဲတွေ မရ ဘူးဆိုတာ ပေါ်လွင်လာပါတယ်။ နည်းစနစ်ကြွယ်ဝမှုဟာ ပွဲတစ်ပွဲ ရဲ့ အနိုင်အရှုံးရလဒ်ကို ဖော် ဆောင်ရာမှာ အရေးပါတဲ့ အစိတ် အပိုင်းတစ်ရပ်က ရှိနေဆဲပါ။ ဘရာဇီးဟာ စိတ်ဓာတ်အပြည့် ကစားရင်း နည်းစနစ်ပိုင်းပိုသာတဲ့ ဂျာမနီရှေ့မှောက်ဒူးထောက်ခဲ့ရ တာ အကောင်းဆုံးသက်သေပါပဲ။

(၄) တိုက်စစ်အားပြုကစားပုံ
ရှင်သန်နေဆဲ

အကြိုဗိုလ်လုပွဲမှာ နယ်သာ လန်နဲ့ အာဂျင်တီးနားတို့ဟာ အမှားစောင့်ကစားရင်း ဂိုးမရှိ သရေကျခဲ့တာ နည်းနည်းငြီးငွေ့ စရာပါ။ ဒါပေမဲ့ ပြိုင်ပွဲတစ်ခုလုံး ကို ခြုံကြည့်ရင် အသင်းတော် တော်များများက တိုက်စစ်ကို ရဲရဲ ဖွင့်ကစားခဲ့တာကို တွေ့နိုင်ပါ တယ်။ ဥရောပကလပ်အသင်း ပြိုင်ပွဲတွေမှာ ဘိုင်ယန်မြူးနစ်၊ ဘို ရူးရှားဒေါ့မွန်စတဲ့ အသင်းတွေရဲ့  တိုက်စစ် အားပြုကစားပုံတွေ၊ တောင်အမေရိက နိုင်ငံလက်ရွေးစင်အသင်းတွေရဲ့ ပင်ကိုတိုက်စစ်အားသန်တဲ့ အရည်အသွေးတွေက ဘရာဇီးမြေမှာသွင်းဂိုးမြိုင်မြိုင်နဲ့ ပြိုင်ပွဲတစ်ရပ် ပေါ်ပေါက်လာ စေပါတယ်။ နောက်ပြီး ချန်ပီယံ လိဂ်မှာ ရီးရဲလ်မက်ဒရစ်အောင် မြင်မှုတွေရရှိစေခဲ့တဲ့ တန်ပြန် တိုက်စစ်ကစားပုံကိုလည်း ကမ္ဘာ့ ဖလားပြိုင်ပွဲဝင် အသင်းအချို့က ပီပီပြင်ပြင်ကျင့်သုံးလာတာမြင် နိုင်ပါတယ်။

(၅) အင်္ဂလန်ဟာ ချဲ့ကားအထင် ကြီးခံနေရတုန်းပဲ

အင်္ဂလန်ဟာ ပြိုင်ပွဲမစခင် တုန်းက တော်တော့်ကို ညွှန်းဆိုခံ ရတဲ့ အသင်းပါ။ အုပ်စုအဆင့်က ထွက်ရပြီး နိုင်ပွဲတစ်ပွဲမှ မရှိခဲ့တဲ့ အသင်းဟာ ဟိုးအရင်ကတည်း က လိုတာထက် ပိုပြီးတော့ အထင်တကြီးတွက်ချက်ခံရတဲ့ အသင်း တစ်သင်းဖြစ်ခဲ့ပါတယ်။ ဒီနှစ်ပြိုင် ပွဲမှာလည်း အဲဒီအစဉ်အလာက ပြောင်းလဲမသွားသေးပါဘူး။ ဥရောပရဲ့ အထင်ကရ နည်းပြ ဟောင်း တစ်ယောက်က အင်္ဂလန် ဟာ နည်းဗျူဟာကျေညက်မှုရော၊ အတွေးအခေါ်ပါမရှိတဲ့ အသင်း လို့ဝေဖန်ထားပါတယ်။ ကမ္ဘာ့ ဖလားပြိုင်ပွဲတိုင်းမှာ တိုးတက် အားကောင်းလာမယ့် အင်္ဂလန် အသင်းကို ပရိသတ်တွေ မျှော်လင့်လေ့ရှိပါတယ်။ ဒါပေမဲ့ အခြေအနေက ဒုံရင်းပါပဲ။

(၆) FIFA ရဲ့ အရှိန်အ၀ါက
ကျဆင်းလာပါပြီ

ကမ္ဘာ့ဖလားပြိုင်ပွဲကာလအ တွင်းမှာ  FIFA ရဲ့ ဖွဲ့စည်းပုံလျော့ ရဲမှုတွေ ထင်ရှားလာပါတယ်။ ပြီး တော့ အရှက်ရစရာအရှုပ်အထွေး အချို့လည်း ကမ္ဘာသိထွက်ပေါ် လာခဲ့တယ်။ FIFA ရဲ့အဆုံးအ ဖြတ်တွေအပေါ် တန်ပြန်မေးခွန်း ထုတ်မှုတွေ ပိုပြီးကျယ်ပြန့်လာပါ တယ်။ ဥက္ကဋ္ဌကြီးဘလတ္တာ အနေနဲ့ FIFA ကို အပြောင်းအလဲ တွေနဲ့ ပြင်ဆင်ဖွဲ့စည်းဖို့ လိုအပ်လာပါပြီ။ တကယ်လို့ လာမယ့်နှစ် FIFA ရွေးကောက်ပွဲမှာ လူသစ်တစ်ယောက် အောင်ပွဲခံခဲ့ရင်တော့ ဘောလုံးအားကစားကို အုပ်စိုးထားတဲ့ အဖွဲ့အစည်းကြီးရဲ့ အနာဂတ်ဟာ ပိုပြီး စိတ်ဝင်စားစရာဖြစ်လာပါလိမ့်မယ်။

(၇) ဘရာဇီးဟာ ကမ္ဘာ့ဖလား
အိမ်ရှင်မဖြစ်ခဲ့သင့်ဘူး

ကွင်းထဲမှာ ပွဲကြီးပွဲကောင်း တွေ ယှဉ်ပြိုင်ကစားနေချိန်မှာ ကွင်းပြင်ပလမ်းမတွေမှာ ဆင်းရဲ ကျပ်တည်းနေတဲ့ လူပေါင်း သန်းနဲ့ချီရှိနေတယ်။ စီမံအုပ်ချုပ်ပုံ ညံ့ဖျင်းမှုတွေ၊ ခြစားမှုတွေကြောင့် ဘရာဇီးနိုင်ငံက ဘောလုံးကွင်းတွေဟာ ပြိုင်ပွဲစတင်ဖို့ရက်ပိုင်းအလိုထိ တည်ဆောက်မှု အပြီးမသတ်နိုင်လောက်အောင် အခြေအနေဆိုးခဲ့ပါသေးတယ်။ မြို့တော်ဘရာစီးလီးယားက အမျိုးသားအားကစားကွင်းကြီးဟာ ပြိုင်ပွဲကျင်းပနေတဲ့ အတောအတွင်းမှာပဲ စာရင်းလိမ်မှုစွဲချက်တွေအတွက် စစ်ဆေးခံနေရတယ်။ မာနာရက်စ်က အမေဇုန်ကွင်းကြီးဟာ ပြည်နယ်အစိုးရက ပြည်သူတွေအတွက် အသုံးပြုရမယ့် ထောက်ပံ့ကြေးတွေထဲက ထုတ်နုတ်သုံးစွဲပြီး ဆောက်လုပ် ထားတာလို့ ဝေဖန်ခံနေရတယ်။ တကယ်တော့ ဒီနှစ်ကမ္ဘာ့ဖလားမှာ အိမ်ရှင်ဘရာဇီးအစိုးရနဲ့ သက်ဆိုင်ရာကော်မတီတို့ရဲ့ စီမံခန့်ခွဲပုံတွေ ညံ့ဖျင်းလှပါတယ်။ လာမယ့်ရုရှားနဲ့ ကာတာကမ္ဘာ့ဖလားတွေမှာတော့ ဒီလိုပြဿနာတွေ မကြုံရလောက်ဘူးလို့ မျှော်လင့်ရမှာပါ။


(၈) ဗန်ဂါးလ်ရဲ့ စိတ်ကူးတွေဟာ ဖမ်းဆုပ်လို့မရနိုင်ဘူး

နယ်သာလန်ဟာ အာဂျင် တီးနားကို ပင်နယ်တီအဆုံး အဖြတ်ခံယူပြီး အရေးနိမ့်ခဲ့တဲ့နောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲနဲ့ လွဲခဲ့ပါတယ်။ ဒါပေမဲ့ နယ်သာလန်အသင်းဟာ ပွဲချိန်မိနစ်တွေအတွင်းမှာ ဘယ်အသင်းကိုမှ မရှုံးခဲ့သလို ပြိုင်ပွဲမှာလည်း ခြေစွမ်းပြခဲ့ပါတယ်။ နယ်သာလန်ရဲ့ အထင်ကြီးစရာပြိုင်ပွဲဖြတ်သန်းမှုမှာ အဓိကကျခဲ့တာက နည်းပြ လူးဝစ်ဗန်ဂါးလ်ရဲ့ နည်းဗျူဟာ ပြောင်းလဲမှုတွေပါပဲ။ ဗန်ဂါးလ်ရဲ့ ပွဲထွက်အခင်းအကျင်းဟာ ဘယ်တော့မှ ကြိုတင်မှန်းဆလို့ မရနိုင်ပါဘူး။ စပိန်နဲ့ပွဲမှာ မူလ (၄-၃-၃)စနစ်ကို စွန့်ပယ်ပြီး (၅-၃-၂) ကစားပုံကို ကျင့်သုံးခဲ့တယ်။ ကော်စတာရီကာနဲ့ကစားတော့ ဘယ်သူမှထင်မထားတဲ့ (၃-၄-၃)ပုံစံကို ခင်းကျင်းခဲ့တယ်။ အဲဒီပွဲမှာ ပင်နယ်တီအဆုံး အဖြတ်ခံယူဖို့ အရန်ဂိုးသမား တင်မ်ကရူးကို လူစားလဲလိုက်ပုံကတော့ ပြိုင်ပွဲရဲ့ ပြောစမှတ်တွင်စရာ အကောင်းဆုံးကိစ္စတစ်ခုပါပဲ။ မန်ချက်စတာယူနိုက်တက်ရဲ့ မန်နေဂျာသစ်ဖြစ်လာမယ့် ဗန်ဂါးလ်ဟာ အနိုင်ရဖို့နည်းလမ်း ၁၀၀ ရှိရင် ပွဲတစ်ပွဲမှာ အဲဒီ နည်းအားလုံးကို စုပြုံအသုံးပြုမယ့်သူမျိုးပါ။

(၉) ရွက်ပုန်းသီးပညာရှင်တွေ အများကြီးရှိနေတုန်းပါ။

ကမ္ဘာကြီးက အကျယ်ကြီး ပါ။ ဘောလုံးလောကရဲ့ နာမည် အကြီးဆုံးနည်းပြတွေလိုပဲ ထူး ချွန်တဲ့ အရည်အသွေးကောင်း တွေ ပိုင်ဆိုင်ထားတဲ့နည်းပြ ကောင်းတွေ ဒီပြိုင်ပွဲကြီးကနေ ထွက်ပေါ်လာပါတယ်။ ကော် စတာရီကာအသင်းရဲ့ ကိုလံဘီ ယာသားနည်းပြ ဂျော့ဂ်ျလူးဝစ် ပင်တို၊ ကိုလံဘီယာရဲ့ အာဂျင် တီးနားသားနည်းပြဟိုဆေးပီကာ မန်ချီလီရဲ့ အာဂျင်တီးနားသား နည်းပြဂျော့ဂ်ျဆမ်ပါလိုတို့ဟာ သူတို့ရဲ့ အရည်အသွေးကောင်း တွေကို ပြသခဲ့ပါတယ်။ တစ်နည်း အားဖြင့် ကမ္ဘာတစ်လွှားမှာ နာမည်မကြီးသေးပေမယ့် ထူးချွန်တဲ့နည်းစနစ်ကဝေတွေရှိနေဆဲဆိုတာကို ကမ္ဘာ့ဖလားက ပြသခဲ့ ပါတယ်။ ပရီးမီးယားလိဂ်၊ ချန်ပီ ယံလိဂ်နဲ့ လာလီဂါတို့မှာပဲ ကမ္ဘာ့ အတော်ဆုံးနည်းပြတွေရှိနေတာ မဟုတ်ဘူးဆိုတာကို ကမ္ဘာ့ဖလား က သက်သေခံပြသခဲ့ပါတယ်။

(၁၀) လမ်းကြောင်းမှန်နေတဲ့
ဂျာမန်သားတွေ 

 ၂၀၀၀ ပြည့်နှစ် ဥရောပ ဖလားမှာ ကျဆုံးမှုတွေကြုံလာပြီး တဲ့နောက် ဂျာမနီဟာ လူငယ် ဘောလုံးသမားတွေပေါ်ထွန်းလာ အောင် အင်နဲ့အားနဲ့ မြှုပ်နှံခဲ့ပါ တယ်။ ဘွန်ဒက်စ်လီဂါကလပ် အသင်းတွေနဲ့ လက်ရွေးစင် အသင်းလက်တွဲဆောင်ရွက်ခဲ့သလို တိုးတက်မှုတွေလည်း ရှိလာခဲ့တယ်။ အင်္ဂလန်မှာ လက်ရွေးစင်အသင်းရဲ့ ကျရှုံးမှုတွေအတွက် နာမည်ကြီးနည်းပြတွေကို ဖြုတ်လိုက်၊ ခန့်လိုက်နဲ့ ငွေကုန်ခံနေချိန်မှာ ဂျာမနီကတော့ ပိုပြီးအခြေခံကျတဲ့နည်းလမ်းကို ရွေးချယ်ခဲ့တယ်။ နှစ်ရှည်စီမံကိန်းတွေနဲ့ အကောင်အထည်ဖော်ခဲ့တဲ့ လုပ်ဆောင်မှုတွေက အကျိုးဖြစ်၊ မဖြစ်ဆိုတာ အခုတော့ ထင်ထင်ရှားရှားဖြစ်လာပါပြီ။ တကယ်လို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့တယ်ဆိုဦးတော့၊ ဂျာမနီအသင်းဟာ သူတို့ဖြတ်သန်းခဲ့သမျှအရာအတိုင်းအတွက် အပြည့်အဝဂုဏ်ယူနိုင်မှာ သေချာပါတယ်။

http://www.7daydaily.com/worldcup2014/15849#.U8PuCrHzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...