စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘ၀မှာ အောင်မြင်ဖို့ နေနည်း (၅) သွယ်


                  

 
အောင်မြင်ဆိုတဲ့ အထဲမှာ ကိုယ်ကိုယ်ကို အောင်မြင်တာပါပါတယ်။ အလုပ်မှာ အောင်မြင်တာပါပါတယ်။ အချစ်ရေး၊ စီးပွားရေး။။။ စတဲ့ မိသားစု အရေးတွေမှာလည်း ပါဝင်သုံးစွဲနိင်ပါတယ်။ ဘယ်လို လုပ်မှ ကျတော်တို့ ဘ၀ကို အပေါ်က အချက်တွေပေါ်မှာ အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းနိင်မှာပါလဲ ?

စာရူသူတို့ ယခုထက်ပိုပြီး ဘ၀ရဲ့ နေရာတော်တော်များများမှာ အောင်မြင်နိင်ဖို့
ဘ၀နေနည်း အခြေခံ (၅) ခုကို ဖော်ပြလိုက်ပါတယ်။

၁) အကောင်းမြင်ပါ။

ဒါက ဗုဒ္ဓရဲ့ တရားတော်နဲ့လည်း အကျုံးဝင်နေပါတယ်။ ကျတော်တို့နဲ့ ဆိုင်တဲ့ အရာ အားလုံးဟာ ကျတော်တို့ရဲ့ စိတ်ထဲကနေ စတင်ဖြစ်ပေါ်လာရတာပါ။ ကျတော်တို့ရဲ့ ကိုယ်စိတ်နှလုံး (၃)ပါးလုံးတွင် ကြမ်းတမ်းမလား၊ နှုးညံမလား၊
ယဉ်ကျေးမလား ဆိုတာဟာ ကျတော်တို့ရဲ့ စိတ်ထားရှိ မူပေါ်မှာ မူတည်ပါတယ်။ ကျတော် တို့ဟာ ကိုယ်ရဲ့ ကံတရားကို တတ်အား သမျှ ကိုယ်ပိုင် ဖန်တီး
သူေ တွဖြစ်ဖို့ ကြိုးပမ်းသင့် ပါတယ်။ စိတ်ညစ်စေတဲ့ အကြောင်းရှိလည်း
" အော်ဒါ ငါ စိတ်ညစ်ရမဲ့ အချိန်ကြုံလို့ ပါလားဆိုတဲ့ " အတွေးနဲ့ ကိုယ်ကိုကိုယ် အကောင်းမြင်စေချင်ဟာ စိတ်ဆင်းရဲခြင်းတွေလည်း မရှိလို့ ဘ၀မှာ နေပျော်စေပါတယ်။ ဒါကြောင့် အကောင်းမြင် စိတ်ရှိခြင်းဟာ ဘ၀ကို အောင်မြင်စေဖို့ အချက်တွေထဲက ပထမတစ်ချက်ထဲမှာ ပါဝင်ပါတယ်။

၂) တာဝန်ယူပါ။

ကျတော်တို့မှာ တစ်စုံတစ်ရာကို လွတ်လွတ်လပ်လပ် ရွေးချယ်ဖို့ အခွင့်ရှိသလို ရွေးချယ်ထားတဲ့ အရာပေါ်တွင်လည်း တာဝန်ယူမူတွေ ရှိရပါမယ်။ လူတိုင်းကတော့ အကောင်းဆုံးကို မျှော်လင့်ကြတာဖြစ်ကြသလို ကိုယ်ရွေးချယ်ထားတဲ့ အရာတစ်ခုသည် တွေးထားသလို ဖြစ်မလာတော့သည့်အခါ ကိုယ်က ဒါကို စိတ်ပျက်အားငယ်ခြင်းမရှိပဲ
ရွေးချယ်မူအပေါ်တာဝန်ယူကာ ရှိစေရပါမယ်။ အတွေးတွေဟာ ကိုယ်ကိုယ်တိုင်ရဲ့ အပြုအမူတွေ ကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။ ထိုရဲ့ အကျိုးဆက်အနေနဲ့ မိတ်ဆွေဟာ ကိုယ်ကတာဝန်ယူနိင်စွမ်းရှိတဲ့ အတွေးတွေကို ထွက်ပေါ်လာတတ်တဲ့ အကျင့်တစ်ခုဖြစ်တတ်လာပြီး ကမ္ဘာ့ကြီးကို ဦးဆောင်လာနိင်မှာ ဖြစ်ပါတယ်။

၃)ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ပါ။
 
ခေါင်းဆောင်ဆိုတဲ့ နေရာမှာ ကိုယ်ကိုယ်တိုင် အတွက်လည်းပါပါတယ်။ မိသားစု၊ အိမ်ထောင်၊ အသင်းအဖွဲ့၊ ကုမ္ပဏီ၊ စတဲ့ အကြောင်းအရာတွေ အားလုံးပါဝင်ပါတယ်။ အခြေခံ အားဖြင့် ကိုယ်ကိုယ်ကို အရင် ဘယ်လို ဦးဆောင်မလဲဆိုတာ နားလည်းဖို့လိုပြီး ထိုမှသာ အရာအားလုံးအပေါ်မှာ တစ်ဆင့်တက်ကာ သွားနိင်မှာ ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ ခေါင်းဆောင်းကောင်းတစ်ယောက်ဟာ
အနောက်ဆီကနေ ငြိမ်းသက်တိတ်ဆိတ်စွာ မလိုအပ်တဲ့ ရေးကြီးခွင်ကျယ် ဇာချဲ့ခြင်းတွေ မရှိစေဘဲ တစ်ခမ်းတစ်နားမဖြစ်စေဘဲ ဦးဆောင်မှာ ဖြစ်ပါတယ်။

၎) မကြောက်ရွံ့ပါနဲ့
 
ကြောက်ရွံ့မူတွေ သင့်ကို ရပ်စေဖို့ ခွင့်မပြုပါနဲ့။ ကျတော်တို့ ကြီးပြင်လာတဲ့ အချိန်တိုင်းဟာ ကြောက်ရွံ့မူတွေချည်းပါပဲ။ အသစ်တစ်ခုလုပ်လိုက်တိုင်း၊ နေရာတစ်ခုကို ကျယ်ပြန့်ဖို့ လုပ်လိုက်တိုင်း ဒီအချိန်တွေတိုင်းဟာ အောင်မြင်မလား စိုးရိမ်ရင် ထိတ်ရင်းကနေ ကြောက်ရွံ့မူတွေတိုင်းပါပဲ။ ဟုတ်ပါတယ်။ ဒါဟာ ဘ၀ရဲ့ သဘာဝပါ။ ဘ၀ဟာ အမြဲတမ်းရွေ့လျားနေပါတယ်။ ကျတော်တို့ရှေ့ကို တက်မလား နောက်ကို ပြန်ဆုတ်မလား ဆိုတာ ကိုယ်အပေါ်မှာမူတည်ပါတယ်။
ကျတော်တို့မှာ ရွေးချယ်စရာက တိုးတက် အောင်မြင်စေမှာလား ဒါမှမဟုတ် သေမှာလား ဆိုတာရှိပြီး တိုးတက်အောင်မြင်မူက ကြောက်ရွံ့မူနဲ့ ဒွန်တွဲနေပါတယ်။ ဒါကြောင့် ဘာပဲ လုပ်လုပ် မအောင်မြင်မှာကို မကြောက်ပါနဲ့။

၅) လေ့လာမူကို ဘယ်တော့မှ မပြတ်ပါစေနဲ့
အောင်မြင်ပြီး ရည်မှန်းချက်ပြည့်ဝနေတဲ့ ဘ၀တစ်ခုထဲမှာ လေ့လာခြင်းဟာ အခြေခံကျတဲ့ လုပ်ဆောင်မူ တစ်ခု ဖြစ်ပါတယ်။ ကျတော်တို့ လေ့လာဖို့ ပျက်ကွက်ခဲ့ရင် အောင်မြင်ဖို့လည်း ပျက်ကွက်ပါလိမ့်မယ်။ ဘ၀ဟာ မဆုံးနိင်တဲ့ အခွင့်အရေးတွေကို ကျတော်တို့ဆီကို လေ့လာဖို့ ပေးပါတယ်။ ပိုခက်ခဲတဲ့ အခြေအနေတစ်ခုဆိုရင် ကျတော်တို့ ပိုပြီးတောင် လေ့လာရပါမယ်။
ကျတော်တို့ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အခြား အောင်မြင်နေတဲ့ သူတစ်ယောက်ဆီက လေ့လာမူတွေ ပြုဖို့လိုပါတယ်။ သူတို့ဟာ ကျတော်တို့ကို အများကြီး ကူညီ သင်ကြားပေးနိင်ပါတယ်။

ထို (၅) ချက်ဟာ သင့်ဘ၀မှာ အလေ့အကျင့်တစ်ခုနည်းပါး အလွတ်ရ ကျင့်သုံးနိင်လာပြီးဆို ဘ၀မှာ အောင်မြင်ဖို့ သေချာသလောက် ရှိနေပါပြီ။
 
နေရာတိုင်းဆီမှာ အောင်မြင်တဲ့ သူတို့ ဖြစ်နိင်ကြပါစေ။

Ref: Changeblo
အောင်ဟိန်း (ရိုးရာလေး )
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...