စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ဖလား၏ ရွှေဘောလုံးနှင့် ရွှေလက်အိတ် ဆုရှင်များ ဆန်ခါတင် စာရင်းကို FIFA ထုတ်ပြန်


Photo - Adidas
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အသီးသီး အစွမ်းပြခဲ့သည့် ကစားသမားများအတွက် ရွှေဘောလုံးဆု၊ လူငယ်ကစားသမားဆုနှင့် ရွှေလက်အိတ်ဆု ဆန်ခါတင် အမည်စာရင်းများ အသီးသီး ထွက်ပေါ်လာပြီ ဖြစ်သည်။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA)က ရွေးချယ်ခန့်အပ်သည့် နည်းစနစ်လေ့လာရေး အဖွဲ့က ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ချီးမြှင့်မည့် ရွှေဘောလုံးဆုအတွက် ဆန်ခါတင် (၁၀)ဦးစာရင်းကို ကြေညာခဲ့ရာ ဗိုလ်လုပွဲ ရောက်ခဲ့သည့် ဂျာမနီနှင့် အာဂျင်တီးနားတို့မှ ကစားသမား အများစု ပါဝင်နေသည်ကို တွေ့ရသည်။ အဆိုပါ စာရင်းတွင် ဂျာမနီမှ (၄)ဦးနှင့် အာဂျင်တီးနားမှ (၃)ဦးထိ ပါဝင်နေသည်။


ရွှေဘောလုံးဆုအတွက် ဆန်ခါတင် စာရင်းဝင် ကစားသမား (၁၀)ဦးမှာ - ဂျာမနီမှ တိုနီခရူးစ်၊ မတ်စ်ဟမ်မဲလ်စ်၊ ဖိလစ်လမ်း၊ သောမတ်စ်မူလာ၊ အာဂျင်တီးနားမှ လီယွန်နယ်လ်မက်ဆီ၊ အိန်ဂျယ်လ်ဒီမာရီယာ၊ ဂျာဗီးယား မာရှေယာနို၊ ဘရာဇီးမှ နေမာ၊ နယ်သာလန်မှ အာယန်ရော်ဘန်နှင့် ကိုလံဘီယာမှ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်တို့ ဖြစ်ကြသည်။

FIFAက အကောင်းဆုံး လူငယ်ကစားသမားဆု (Hyundai Young Player Award)အတွက်မူ ကစားသမား (၃)ဦးကို ပဏာမ စာရင်းအဖြစ် ရွေးထုတ်ပေးခဲ့သည်။ ၎င်းတို့မှာ ပြင်သစ်မှ ပေါလ်ပေါ့ဂ်ဘာနှင့် ရာဖာရဲလ်ဗာရိန်း၊ နယ်သာလန်မှ မမ်းဖစ်ဒီပေးတို့ ဖြစ်ကြသည်။

အကောင်းဆုံး ဂိုးသမား နေရာအတွက် ရွေးချယ်သည့် ရွှေလက်အိတ် ဆန်ခါတင် (၃)ဦးစာရင်းတွင်လည်း ဗိုလ်လုပွဲရောက် (၂)သင်းမှ ဂိုးသမားများ ပါဝင်နေသည်။ ဂျာမနီမှ မန်နျူရယ်လ်နျူအာ၊ အာဂျင်တီးနားမှ ဆာဂျီယို ရိုမဲရိုတို့ကို စိန်ခေါ်သူအဖြစ် ကော်စတာရီကာ ဂိုးသမား ကီလော်နာဗက်စ်က ပါဝင်လာသည်။
ဂိုးအများဆုံး သွင်းယူသူ စာရင်းတွင်မူ ကိုလံဘီယာမှ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်က (၆)ဂိုးဖြင့် ဦးဆောင် ရပ်တည်နေဆဲဖြစ်ပြီး ၎င်း၏နောက်တွင် ဂျာမနီသား သောမတ်စ်မူလာက (၅)ဂိုး၊ အာဂျင်တီးနားမှ လီယွန်နယ်လ်မက်ဆီနှင့် ဘရာဇီးမှ နေမာတို့က (၄)ဂိုးစီဖြင့် အသီးသီး ရပ်တည်နေကြသည်။
_Ref: FIFA

http://www.7daydaily.com/worldcup2014/15697#.U8FBibHzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...