စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြိုတင် သတိပေးခြင်းဖြင့် စိတ်နဲ့ ထိန်းကြောင်းမူ


                       

ယနေ့ ဒီဂျစ်တယ်ခေတ်ဖြစ်သည့်နဲ့ အညီ ကွန်ပျူတာ၊ စမတ်ဖုန်း အစရှိတဲ့ ခေတ်ပေါ် နည်းပညာကရိယာတွေနဲ့ ဘတ်စ်ကားစောင့်တဲ့ အချိန်ကအစ အလစ်မပေးပဲ နောက်ဆုံးပေါ် သတင်းတွေကို ရယူနေကြတဲ့ ခေတ်မှာ Information overload လို့ခေါ်တဲ့ ဦးနှောက်ကို ရူပ်ထွေးခြင်း (သို့) ဦးနှောက်မှတ်ဥာဏ် ၀န်ပိခြင်း ဆိုတဲ့ အကြောင်းအရာတစ်ရပ်က နေ့စဉ်နေ့တိုင်း လူတိုင်းနီးပါးမှာ ဖြစ်ပေါ်လျက်ရှိလာပါတယ်။

ထို ဖြစ်ရပ်ဟာ သာမန်ကြည့်ရင် ဘာမှမဆိုနိင်ပေမဲ့ စိတ်ဓာတ်ကို ဖိအား သက်ရောက်တဲ့ Stress ပိတဲ့ရောဂါ နဲ့ဆက်နွယ်ကာ ရောဂါတစ်ခုအဖြစ် တိုးပွားလာလျက် ရှိတဲ့ကဏ္ဍ တစ်ရပ် ဖြစ်လာနေပါတယ်။ အီးမေလ်၊ ဆိုရှယ်မီဒီယာနဲ့ အခြား လူမူကွန်ရက်တွေ ကို ခေတ်နဲ့ အပြိုင် သုံးစွဲလာကြတာနဲ့ အမျှ အချက်အလက်တွေ၊ သတင်းအစိတ်အပိုင်းတွေ၊ ကို ဦးနှောက်တစ်ခုရဲ့ မှတ်နိင်အားထက်ပိုတဲ့ အနေအထားတစ်ခုနဲ့ မှတ်သားလာရပါတယ်။ Log in ၀င်ဖို့ Password ကအစပေါ့။

( မနက်ကတောင် ရုံးက ကောင်မလေးတစ်ယောက် အလုပ် ခဏ နားရာက ရုံးပြန်တက်တာ ကွန်ပျူတာ Log in ၀င်တဲ့ Password မေ့သွားလို့တဲ့ ရုံးမှာ ဟိုလိုဒီလို ဖြစ်နေလေရဲ့။
ဒီနေရာမှာ အကြုံပေးမူအနေနဲ့ လက်စွဲတော်တွေဖြစ်တဲ့ မိမိ လက်ကိုင်ဖုန်းမှာ ကိုယ်မေ့တတ်တာလေးတွေကို Notepad မှာ ရိုက်ပြီး သိမ်းထားပေးပါလို့ ဆိုတာပါပဲ )

စိတ်ဆိုတဲ့ သဘောတရားဟာ စိတ်ငြိမ်နေတဲ့ အချိန်မှာ ဘယ်အရာကို မဆို အေးအေး ဆေးဆေး ဖြေရှင်းနိင်ပေမဲ့ အခြား စိုးရိမ်မူတွေ ရှိတဲ့အချိန်မှာဆိုရင်တော့ပုံမှန် သိလေ့လုပ်လေ့ရှိတဲ့ အရာတွေကို ပူထူပြီး မေ့ပျောက်လေ့ရှိတာကို လူတိုင်းနီးပါး ဖြစ်ဖူးကြမယ်လို့ထင်ပါတယ်။ ထိုနေရာတွေ အချို့သော် လူတော်တော်များများက ရိုးရာ နည်းတစ်ခုဖြစ်တဲ့ တရားထိုင်ခြင်းနဲ့ သူတို့ရဲ့ ရပ်တည်မူကို စီမံဖို့ ပြုလုပ်ကြပါတယ်။ စိတ်ငြိမ်နေမှ အရာအားလုံးကို အချက်ကျကျ အောင်အောင်မြင်မြင် နဲ့ စီမံခန့်ခွဲ့နိင်မှာ ဆိုတာကိုတော့ ကျတော် စာရူသူ ပရိသတ်ကြီးများ သိရှိပြီး သားဖြစ်မယ်လို့ ယူဆပါတယ်။ ။ ဒါကြောင့် စိတ်ငြိမ်စေနိင်ဖို့က အရေးပါလှပြီး
ထိုသို့ဆောင်ရွက်ခြင်းတွေ အပြင် မိမိရဲ့ နေ့စဉ်နေထိုင်မူပုံစံကိုလည်း အနည်းငယ်ပြောင်းလဲ ကျင့်ကြံဖို့ လိုအပ်ပါတယ်လို့ အကြုံပြုမူ အချို့ က ယခုလို လမ်းညွှန်ထားပါတယ်။

ဒါကတော့ အလုပ်တစ်ခုမလုပ်ခင် နှစ်ကြိမ်ပြန်လည် စစ်ဆေးတာပါပဲ။ လန်ဒန်မှာ ရှိတဲ့ ကုမ္ပဏီတစ်ခုဟာ သူတို့ရဲ့ဝန်ထမ်းတွေဆီကို မေးလ်မပို့ခင် အမြဲတမ်း နှစ်ကြိမ်စစ်ဆေးပြီးမှ မေးလ်ပို့ပြီး ထို့သို့ပြုလုပ်ခြင်းဖြင့် ရလဒ်မှာ တစ်နှစ်ကို အလုပ်ချိန် ၁၁၀၀၀ သက်သာစေတယ်လို့ လေ့လာမူတွေ အရသိရပါတယ်။ အလုပ်တွေ ရူပ်တဲ့ အချိန်၊ အရူပ်တွေလုပ်တဲ့ အချိန်မှာ စိတ်တွေမြန်ဆန် ရူပ်ယှက်ခတ်နေတဲ့ အချိန်မှာ တစ်ခေါက်လောက်နဲ့ က မှားသွားနိင်ပြီး အချိန်တွေပိုကုန်လာနိင်တတ်လို့ပါပဲ။
 
နောက်တစ်ခုက စိတ်ရူပ်စရာ ဖိအားဖြစ်စေမဲ့အရာပါတဲ့ အီးမေးလ်တစ်ခုကို ပြန်စာ ပြန်လည် မပို့မီ အသက် (၃) ခါလောက် ပြင်းပြင်း
ရူခြင်း ထုတ်ခြင်းတွေလည်းပါဝင်ပါတယ်။ ထို ပြုလုပ်မူကို အခြား စိတ်ရူပ်ထွေးစေတဲ့ ကိစ္စတွေ ၊ကိုယ်ကို ဒေါသဖြစ်စေတဲ့ ကိစ္စတွေ မလုပ်ခင် မပြုခင် မတွေးခင် အရင် ကြိုတင် လုပ်ထား သင့်လှပါတယ်။.ဒါဟာ စိတ်ကို မရူပ်စေရန် ဒေါသကို ထိန်းနိင်စေရန် ကြိုတင်ပြင်ဆင်ကာ အသိပေးတဲ့ စိတ်ပိုင်းဆိုင်ရာ psychological effect တစ်မျိုးလည်းဖြစ်ပါတယ်။

စိတ်ကြောင့် အမှားမများမိကြစေရန် ရည်ရွယ်ရင်း ......... တင်ဆက်လိုက်ပါတယ် ခင်ဗျာ။

Ref:Mindcontrol
အောင်ဟိန်း (ရိုးရာလေး)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...