စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နေမာ ဆက်လက်ပါဝင်နိုင်တော့မည်မဟုတ်ဟု ဘရာဇီးလ်အသင်း အတည်ပြု



ကိုလံဘီယာကို အနိုင်ရခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဇူနီဂါ၏ ကြမ်းတမ်းသည့် ကစားပုံကြောင့် ကျောရိုးဆစ်ဒဏ်ရာရရှိခဲ့သည့် နေမာသည် ဒဏ်ရာပြင်းထန်သောကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆက်လက်ပါဝင်နိုင်တော့မည်မဟုတ်ကြောင်း ဘရာဇီးလ်အသင်းက အတည်ပြုပေးခဲ့သည်။

ဘရာဇီးလ်အသင်း၏ဆရာဝန် ရိုဒရီဂိုလက်စ်မာက နေမာ၏ ဒဏ်ရာကို အသေးစိတ်ဆေးစစ်မှုများပြုလုပ်ခဲ့ပြီးနောက် တတိယကျောရိုးဆစ်ရိုးကျိုးသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆက်လက်ပါဝင်နိုင်တော့မည်မဟုတ်ဟု အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

ဘရာဇီးလ်ပရိသတ်အချို့သည် နေမာ၏ ဒဏ်ရာအခြေအနေကို သိရှိရန် ၎င်းဆေးကုသမှုခံယူနေရာ ဆေးရုံအပြင်ဘက်တွင် စောင့်ဆိုင်းခဲ့ကြပြီး ယခုသတင်းမှာ ဘရာဇီးလ်ပရိသတ်များအတွက် စိတ်ပျက်ဖွယ်ရာဖြစ်ခဲ့ရသည်။
ဂျာမနီအသင်းနှင့် တွေ့ဆုံရမည့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် နေမာ ပါဝင်နိုင်တော့မည်မဟုတ်သလို၊ အဓိကနောက်ခံလူ သီယာဂိုဆေးလ်ဗားမှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သဖြင့် ဘရာဇီးလ်အသင်းနည်းပြ စကိုလာရီအတွက် ခေါင်းခဲစရာအအခြေအနေတစ်ခုဖြစ်ပေါ်လာခဲ့သည်။

နေမာ၏ ဒဏ်ရာအခြေအနေကို ဆေးရုံအပြင်ဘက်တွင် စောင့်ဆိုင်းနားထောင်နေကြသည့် ဘရာဇီးလ်ပရိသတ်အချို့(Photo-AFP)

https://www.facebook.com/photo.php?fbid=698730490164577&set=a.211329105571387

 ဘရာဇီးလ်တိုက်စစ်မှူးနေမာအား ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ရ

ကိုလံဘီယာအသင်းနှင့်ကစားခဲ့သော ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲတွင် ကျောဒဏ်ရာရရှိခဲ့သည့် ဘရာဇီးလ်တိုက်စစ်မှူးနေမာအား ဆေးရုံသို့ချက်ချင်း
တင်ပို့ကာ ဆေးစစ်မှုပြုလုပ်ခဲ့ရကြောင်းသိရသည်။ 


အဆိုပါပွဲတွင် ပွဲချိန်(၈၈)မိနစ်တွင် ကိုလံဘီယာနောက်ခံလူဇူနီဂါ၏ ကြမ်းတမ်းသောကစားပုံကြောင့် နေမာမှာ နောက်ကျောဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ကွင်းအတွင်းမှထမ်းစင်ဖြင့်သယ်ယူသွားခဲ့ရသည်။ နေမာအား ဆေးရုံသို့ပို့ဆောင်ကာ စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ရပြီး သူ၏ဒဏ်ရာအနေအထားမှာ ပြင်းထန်ခြင်းရှိ၊ မရှိကိုမူ မသိရသေးကြောင်း ဘရာဇီးလ်ရုပ်သံလိုင်း Globo ကထုတ်ပြန်ကြေညာခဲ့သည်။

နောက်ကျော်ဒဏ်ရာရရှိခဲ့သည့် နေမာအား ထမ်းစင်ဖြင့်သယ်ယူနေစဉ် (Photo:AFP)


https://www.facebook.com/photo.php?fbid=698687986835494&set=a.2113291055713

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...