စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓဘာသာနှင့် ကလေးစောင့်ရှောက်မှု

                
                  

မိဘများက သားသမီးအပေါ်ထားရှိသည့် တာဝန်ဝတ္တရားများနှင့် ပက်သက်သော
ဟောကြားချက်များသည် ဗုဒ္ဓဘာသာဝင်များ အတွက်ကြီးမားသော အင်အားတစ်ခု
ဖြစ်ပေသည်။ ဥပမာအားဖြင့် ဗုဒ္ဓကဟော ကြားခဲ့သည်မှာ………

ကလေးများသည် လူသားတို့၏ အလွန် တန်ဖိုးရှိသော ရတနာများဖြစ်သည်။
ကြီးသူများ၏ ချစ်ခြင်းမေတ္တာ ကြင်နာယုယမှု ကရုဏာကိုရှိသော ကလေးများသည် နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော ရတနာများဖြစ်ကြသည်။

ကလေးများသည် မိဘများ၏ ချမ်းသာသုခ တစ်ခုဖြစ်သည်။ ကလေးရှိသောမိဘများသည် ၎င်းတို့၏ ကလေးများကြောင့် ပျော်ရွှင်မှုကို ရရှိကြသည်။
ကလေးမရှိသောအိမ်သည်ပျော်ရွှင်ဖွယ် ဆိတ်သုဉ်းသောအိမ်ဖြစ်သည်။
မိဘများသည်သင့်တော်သောအလေး ထားမြှုဖင့်မိမိတို့၏ကလေးများကိုမေတ္တာ
ထား၍ ကြီးမားသောချစ်ခြင်း ဂရုစိုက်ခြင်း တို့ဖြင့်ကြည့်ရှုစောင့်ရှောက်ရမည်ဖြစ်
သည်။

ဗုဒ္ဓဘာသာဝင်မိဘများအနေဖြင့်မိမိတို့၏ သားသမီးများကိုကိုယ်နှုတ်အမူအယာ
ယဉ်ကျေးစေရန်သင်ကြားပြသဆိုဆုံးမ ခြင်းများ ဘာသာတရား၌မွေ့လျော်စေရန်
ဘုရားစေတီကျောင်းကန်များသို့ခေါ် ဆောင်သွားခြင်းများအမျိုးဘာသာ သာသ
နာကိုကာကွယ်စောင့်ရှောက်ကာတိုင်းချစ် ပြည်ချစ်စိတ်များပေါ်ပေါက်လာစေရန်ပြုလုပ်သင့်ပါသည်။
-၂၀၀၆ ဇန်နဝါရီလထုတ် ဓမ္မရိပ် မဂ္ဂဇင်းမှ

https://www.facebook.com/permalink.php?story_fbid=661269850623223&id=501057299977813 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...