မြန်မာနိုင်ငံ 
 ပြည်သူတို့၏ နေ့စဉ်ဝင်ငွေနှင့် လူနေမှုဘဝ က ထူးခြားစွာ  တိုးတက်ပြောင်းလဲ 
လာခြင်းမရှိသေးပေ။သို့သော် နေထိုင်သွားလာမှု လူမှုပုံစံကတော့ 
ပြောင်းလဲလာပါပြီ။ မြန်မာပြည် သူတို့ကလည်း ခရီးသွားခြင်း၊ 
အပန်းဖြေဥယျာဉ်များတွင်အနား ယူခြင်း၊ ဝန်ဆောင်မှုကောင်း 
သောစားသောက်ဆိုင်များတွင် စားသုံးခြင်း၊ ဈေးဝယ်စင်တာတို့ တွင်လည်ပတ်ခြင်း 
စသောယဉ် ကျေးမှုကို နှစ်သက်ခုံမင်လာကြ သည်။
အထူးသဖြင့် ရန်ကုန်မြို့နေ လူထုသည် ပိတ်ရက်များတွင်လည်ပတ်စရာနေရာတစ်နေရာကို လိုလိုချင်ချင်ဖြင့် ရှာဖွေလာကြသည်။
သို့သော် မြို့ပြအငွေ့အသက် များနှင့်ရောယှက်ပြီး 
လူတို့ဖန်တီးထားသောပန်းခြံများ၊ ဈေးဝယ်စင်တာများ၊ ရုပ်ရှင်ရုံ 
များကိုသာသွားလာနေကြရပေသည်။
ရန်ကုန်တွင် မြို့နှင့်လည်း မဝေး၊ တောတောင်ရေမြေကို ခံစားနိုင်မည့် 
သဘာဝဥယျာဉ်ရှိ သော်လည်း ဝန်ဆောင်မှုအား နည်းချက်ရှိနေ၍   သွားလိုသော်လည်း 
‘ဘာရှိလို့လဲ’ဟူ သောမေး ခွန်းများဖြင့် ရှောင်ဖယ်နေကြ သည်။
‘‘သွားချင်တာပေါ့ အဲဒီလို နေရာမျိုးကို။ ရန်ကုန်မှာရှိတဲ့ 
လှော်ကားဥယျာဉ်ကလည်း ဘယ် လိုသွားလို့ရတယ်၊ ဘာတွေရနိုင် တယ်ဆိုတာတွေကို   
မသိတော့ သွားချင်တယ်။ သူငယ်ချင်းတွေနဲ့ သွားဖို့စီစဉ်လိုက်ရင် ပျက်ပျက် 
သွားတယ်’’ဟု ရုံးပိတ်ရက်တွင် မြို့နှင့်ဝေးရာသို့လည်ပတ်လေ့ရှိသူ 
ဂရပ်ဖစ်ဒီဇိုင်နာကိုနေလင်းက ပြောပြသည်။
တောတောင်ရေမြေများနှင့် သဘာဝအလျောက်ဖြစ်တည်နေ သောဘေးမဲ့တောဥယျာဉ်များ 
သည် နိုင်ငံတစ်ဝန်းတွင် ၃၈ ခုရှိ သော်လည်း ရန်ကုန်တွင်လှော် 
ကားဥယျာဉ်တစ်ခုတည်းသာရှိ နေသည်။
ထို့အတူ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်သည်လည်း နေပြည်တော် တိရစ္ဆာန်ဥယျာဉ်သို့ 
အကောင် အချို့ရွှေ့ပြောင်းပြီး နောက်ပိုင်း တွင် သွားရောက်လည်ပတ်သူ 
နည်းပါးသွားခဲ့သည်။
‘‘အခုဆိုရင် သွားတဲ့သူတွေ က အသစ်ပြုပြင်ပေးထားတဲ့ ဗန္ဓု 
လပန်းခြံလိုနေရာမျိုးတောင်မှ စု ပြုံပြီးသွားနေကြတာ လှော်ကား လိုမျိုး 
တိရစ္ဆာန်ဥယျာဉ်လိုမျိုးနေ ရာတွေကို သေသေချာချာလုပ် မယ်ဆိုရင် ဒီကလူတွေတင်မက
 ဘူး နိုင်ငံခြားသားဧည့်သည်တွေ ပါလာကြမှာ’’ဟု အင်းစိန်မှဆူး လေသို့ 
နေ့စဉ်အလုပ်ဆင်းရန် သွားလာနေသော ကိုဝေယံက ပြောပြသည်။
မင်္ဂလာဒုံလှော်ကားရှိ အမြဲ စိမ်းတောကြီးကို ၁၉၈၉ ခုနှစ်က စတင်၍ 
ဘေးမဲ့တောဥယျာဉ် အဖြစ်သတ်မှတ်ခဲ့ပြီး ထိုစဉ်အခါ က ရွှေသမင်၊ ကျား၊ ယုန်၊ 
မျောက်၊ဆတ်၊ ဒရယ်စသော တိရစ္ဆာန်များကိုထားရှိခဲ့သည်။
‘‘အခုတော့ ကျားလည်းသေ သွားပြီလို့ပြောတယ်။ မျောက် တွေကလွဲရင် ဘာအကောင်မှ
 သိပ်မတွေ့ရတော့ဘူး’’ဟု ယခု ရက်ပိုင်းအတွင်း   သွားရောက် လည်ပတ်ခဲ့သော 
အိမ်ရှင်မတစ် ဦးက လက်ရှိလှော်ကားဥယျာဉ်၏ အခြေအနေကိုပြောပြပါသည်။
ဘန်ကောက်တွင် ဧက ၅၀၀နီးပါးရှိသော မြေအကျယ်၌ဆာဖာရီ ဥယျာဉ် (Safari 
World)တစ်ခုကို ဖန်တီးထား ပြီး ယင်းဥယျာဉ် သည် 
တိရစ္ဆာန်မျိုးစုံရှိပြီးဝန်ဆောင်မှု ကောင်းကောင်းနှင့် ကမ္ဘာလှည့် 
ခရီးသည်များကို ဆွဲဆောင်သည့် ထိုင်းနိုင်ငံ၏အဓိကနေရာတစ်ခု လည်းဖြစ်နေသည်။ 
ဝင်ကြေးက လည်းများသည်။
‘‘ဘန်ကောက်က ဆာဖာရီ ရဲ့အဓိကစီးပွားရေးကတော့ တိ ရစ္ဆာန်ပြပွဲတွေပဲ။ 
နောက်ပြီး အဲဒီ မှာ ခုနောက်ဆုံးလုပ်ထားတာက အစိတ်အပိုင်းလေးတစ်ခုက အာ ဖရိကက 
ဆာဖာရီဥယျာဉ်အတိုင်း ခြင်္သေ့တွေ၊ ဆင်တွေ၊ ကျားတွေ ကို သဘာဝအတိုင်းလွှတ်ထား 
တယ်။ သွားတဲ့သူတွေက ကားနဲ့ ဝင်ပြီး ကားပေါ်ကနေပဲကြည့်ရ တယ်’’ဟု ဘန်ကောက်ရှိ 
Safari World သို့သွားရောက်လည်ပတ် ဖူးသောခရီးသွားလုပ်ငန်းလုပ် ကိုင်သူ  
ဒေါ်စံပယ်အောင်ကဆို သည်။
ရန်ကုန်ရှိ တိရစ္ဆာန်ဥယျာဉ် ၏   အကျယ်အ၀န်းသည်  ဘန်ကောက်ဆာဖာရီ၏ 
တစ်စိတ်တစ်ပိုင်းမျှသာရှိသည်။ ဘန်ကောက်ဆာဖာရီတွင် 
တိရစ္ဆာန်များပြသထားခြင်းမှာလည်း ဥယျာဉ်၏တစ်စိတ်တစ်ပိုင်းအခြေအနေမျှသာ 
ဖြစ်သည်။ ရန်ကုန်တွင် ဆာဖာရီဥယျာဉ်ကဲ့သို့   လုပ်ဆောင်၍ရသောနေရာမှာ 
လှော်ကားဥယျာဉ် တစ်ခုတည်းသာ  ရှိနေသည်ဟု    ၎င်းကဆိုသည်။
လှော်ကားဥယျာဉ်သည် ဧက ၁၅၀၀ ကျော်ရှိပြီး သစ်ပင်အမျိုးပေါင်းများစွာ 
နှစ်ချို့နွယ်ပင်ကြီးများနှင့် မြို့ပြနှင့်အနီးဆုံးနေရာတွင်ရှိသော 
အမြဲစိမ်းတော ကြီးဖြစ်ပေသည်။
လှော်ကားဥယျာဉ်သည် အိမ်နီးချင်းနိုင်ငံများရှိ ဥယျာဉ် များနှင့် 
နှိုင်းယှဉ်မည်ဆိုပါက သဘာဝကိုအခြေခံထားသော ဥယျာဉ်ဖြစ်ခြင်း၊ ကျယ်ဝန်းခြင်း 
နေရာဒေသ     ကောင်းမွန်ခြင်း စသည့် အားသာချက်များရှိနေသည်ဟု 
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်ဒေါက်တာသိန်း အောင်က    သုံးသပ်ပြောကြား 
သည်။
‘‘ဧည့်သည်က ဒါတွေကို ကြည့်မယ်၊ ခံစားမယ်၊ လေ့လာ မယ်ဆိုရင် 
အဲဒီမှာသဘာဝကပေး တဲ့ဝန်ဆောင်မှုတွေရနိုင်မယ့် တကယ့်နေရာကောင်းတစ်ခုပါ။ 
အဲဒီမှာရှိတဲ့အရာတွေကို အသေး စိတ်လေ့လာနိုင်မယ့်ဝန်ဆောင်မှု 
တွေပေးမယ်ဆိုရင်တော့ သိပ်ကို ကောင်းမယ့်နေရာလေးတစ်ခုပါ’’ ဟု ၎င်းကဆိုသည်။
ထို့အတူ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကိုလည်း အဆင့်မြှင့်တင် မည်ဆိုပါက 
ရန်ကုန်မြို့နေ  ပြည် သူများသာမက နိုင်ငံခြားသားဧည့် သည်များအတွက်ပါ လည်ပတ်
 စရာတစ်နေရာတိုးလာမည်ဖြစ် သည်ဟု ခရီးသွားလုပ်ငန်းလုပ် 
ကိုင်သူတစ်ဦးကပြောသည်။
ရန်ကုန်မြို့ရှိ မိသားစုများ သည် ကန်တော်ကြီး၊ ကန်တော် မင်္ဂလာပန်းခြံ၊ 
အင်းလျားကန် ပေါင်၊   စိမ်းလမ်းစိုပြည်ပန်းခြံ စသည့်နေရာများကိုသာ 
ပိတ်ရက်တွင်အပန်းဖြေနေရာအဖြစ်ရွေး ချယ်ရမြဲပင်ဖြစ်သည်။
ယင်းနေရာများသည်လည်း ချစ်သူစုံတွဲများကျက်စားရာ နေရာဖြစ်သောကြောင့်   
မိသားစုလိုက် သွားရောက်သူများသည် ကစားကွင်းများ၊ ဘုရားများ စသည်တို့ကိုသာ 
ရွေးချယ်လေ့ရှိကြပြီးမြို့ပြ၏   အငွေ့အသက်များကို 
ရှောင်ကွင်းနိုင်ခြင်းမရှိကြချေ။
ငယ်ရွယ်သောကျောင်းသား လူငယ်သူငယ်ချင်းများကတော့ ရုပ်ရှင်ရုံများနှင့် ဈေးဝယ်စင်တာ များတွင်သာ အချိန်ကုန်လေ့ရှိကြ သည်။
‘‘တကယ်တော့ လှော်ကား ဥယျာဉ်လိုနေရာမျိုးက အသိနည်း သွားလို့ဖြစ်မယ်။   
ဘာလို့လဲဆို တော့ ပဲခူးနားကရွှေပြည်လိုနေ ရာမျိုးတောင်မှ သွားကြတဲ့လူတွေ 
ရှိတာပဲ။ လှော်ကားမှာလည်း ဝန် ဆောင်မှုကောင်းကောင်းရှိမယ် ဆိုရင်တော့
သွားကြမယ်ထင် တယ်’’ဟု ကိုနေလင်းက သူ၏ အမြင်ကိုပြောပြသည်။
လက်ရှိတွင် ရန်ကုန်၏တစ် ခုတည်းသော သဘာဝဘေးမဲ့ တော၌ ယခင်ကလို ရွှေသမင် 
များ၊ ယုန်များကို မမြင်တွေ့ရ တော့ဘဲ မျောက်၊ 
သမင်နှင့်တည်းခိုနေနိုင်သည့်   ဘန်ဂလိုကိုသာတွေ့ မြင်ရတော့သည်ဟု 
ကိုနေလင်းကဆိုသည်။
‘‘ဒီကိုအခုလာကြတဲ့ ဧည့်သည်တွေက  ကိုယ့်ဟာကိုယ်နေရာထိုင်ခင်းရှာတယ်။ 
ချက်ပြုတ်စားသောက်တယ်။  သီချင်းဆိုကြ တယ်။ ဒီလိုပဲနေထိုင်ကြတယ်။ 
ကိုယ်တွေမှာ ဒီထက်ပိုပြီးဖန်တီးပေးမှုလေးလိုနေတယ်။    
သူများနိုင်ငံတွေဆိုရင်    ဖန်တီးတယ်။တစ်ခါတလေ ဒီထက်တောင်ပို 
သွားသေးတယ်’’ဟုဒေါက်တာ သိန်းအောင်ကဆိုသည်။
လှော်ကားဥယျာဉ်နှင့် တိ ရစ္ဆာန်ဥယျာဉ်တို့ကို အဆင့်မြှင့် တင်ရန် 
အကောင်များဖြည့်တင်းခြင်း၊ ပညာရှင်များခေါ်ယူကာ ပြုပြင်မွမ်းမံခြင်းများကို 
ပြုလုပ်ရန်ရှိနေကြောင်း ယင်းဥယျာဉ်တို့ကိုတာဝန်ယူဆောင်ရွက် နေသော 
ထူးကုမ္ပဏီမှသိရသည်။
‘‘အဲဒီနေရာတွေက တကယ် ကိုလုပ်သင့်တဲ့နေရာတွေပါ။ ဘာ 
မဟုတ်တဲ့မိကျောင်းမွေးမြူရေး စခန်းတောင်မှ သွားပြီးလေ့လာ ကြတဲ့   
နိုင်ငံခြားသားဧည့်သည် တွေများနေတယ်လို့ သတင်းတွေ မှာတွေ့နေရတာပဲ’’ဟု  
အင်းစိန် မြို့နေ ကိုဝေယံကပြောသည်။
မြန်မာနိုင်ငံတွင်လည်း သဘာဝအခြေခံသောဥယျာဉ်ကြီး တွေရှိနေပါလျက်နှင့် 
အခြားနိုင်ငံများနည်းတူ တိရစ္ဆာန်မျိုးစုံ၊ သန့်သန့်ရှင်းရှင်း၊ 
ဝန်ဆောင်မှုကောင်း ကောင်း ပြပွဲများနှင့်စည်ကားနေ သောအပန်းဖြေဥယျာဉ်ကြီးတစ် 
ခုကို မြန်မာပြည်သူများ တောင့်တနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။
http://ec2-54-255-198-232.ap-southeast-1.compute.amazonaws.com/story/12038#.U4noFyhIPYg