စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးထူးဆန်းဆန်း, ဗဟုသုတ(၁၀)


 နားကျပ်ဖြင့် သီးချင်း အကျယ်ကြီး နားထောင်ခြင်း ဆိုးကျိုး



ပလတ်စတစ် ရေသန့်ဘူးတွေ ရောင်းချတာကို ပိတ်ပင်တဲ့ မြို့

San Francisco ကကမ္ဘာပေါ်မှာ ပထမဆုံး ပလတ်စတစ် ရေသန့်ဘူးတွေ ရောင်းချတာကို ပိတ်ပင်တဲ့ မြို့ဖြစ်လာ ပါတယ်။ ၉လကြာ အကြိတ်အနယ် ဆွေးနွေးပြီး နောက်မှာ စွန့်ပစ် ပစ္စည်းတွေ လျော့ချဖို့ အတွက် ရေသန့်ဘူးတွေ ရောင်းချတာကို ပိတ်ပင်ဖို့ အတည်ပြု လိုက်ပါတယ်။ ဒီမြို့ထဲက လူတိုင်းက ရေဘူး ကိုယ်စီ ဆောင်ထား ပြီးတော့ နေရာတိုင်းမှာ ရေသန့် အလကား ဖြည့်လို့ ရတဲ့ နေရာလေးတွေ ထားရှိပေး ထားပါတယ်။

[source: general knowledge and image: greenstyle]

 
https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018

 
England နိုင်ငံ Lancashire မှာရှိတဲ့ Singing Ringing Tree က၃မီတာ အမြင့်ရှိတဲ့ လေစွမ်းအင်ကို အသုံးပြု ထားတဲ့ တေးဂီတပိုင်း ဆိုင်ရာ ရုပ်တု တစ်ခု ဖြစ်ပြီး Tonkin-Liu ရဲ့ဒီဇိုင်း လက်ရာပါ။ စတီးချောင်း တွေကို သစ်ပင်ပုံစံ တည်ဆောက် ထားပြီး လေတိုက်တဲ့ အခါ မှော်ဆန်တဲ့ တေးဂီတာကို ဖန်တီး ပေးပါတယ်။ ဒီသစ်ပင်က ပိုက်လုံးတွေရဲ့ အတိုအရှည် ပေါ်မူတည်ပြီး အသံထွက်က ကွာခြားပြီး တချို့နေရာ မှာဆို ပိုက်တွေကို ပိုကျဉ်းမြောင်းအောင် တည်ဆောက် ထားပါတယ်။ အမြင်ဆန်းတဲ့ ဒီဇိုင်း သာမက ဒီပိုက်လုံး တွေက ထွက်တဲ့ အသံကလည်း သာယာ လွန်းတာကြောင့် Lancashire ရဲ့အထင်ကရ အနုပညာ လက်ရာ တစ်ခုပါ။
[source: wiki, image from OMG Facts]


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186

 
 

လူတွေ အတော်များများ ပြုလုပ်နေကြပါတယ်။ အဲဒါကတော့ နားကျပ်ဖြင့် သီးချင်း အကျယ်ကြီး နားထောင်ခြင်းပါ။အဲဒီလို အကျယ်ကြီး နားထောင်တဲ့ အခါမှာ နားအတွင်း ပြင်းထန်သော တုန်ခါမှုတွေ ဖြစ်ပေါ်ပြီး ဦးနှောက်ကိုထိခိုက်စေနိုင် တယ်လို့ သုတေသန ပညာရှင်တွေက ပြောပါတယ်။ ဒါတင်မက သေးဘဲ လိင်ပိုင်ဆိုင်ရာကိုပါ ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် သီချင်းနားထောင်တဲ့ အခါမှာ နားအတွင် ပြင်းထန်သော တုန်ခါမှု မဖြစ်အောင်
ပုံမှန် အသံလေးဖြစ်သာ နားထောင်ပါလို့ တိုက်တွန်းပါရစေ။
သင့် သူငယ်ချင်းထံ Share လုပ်ခြင်းဖြင့် မျှဝေနိုင်ပါတယ်။


 https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186583

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...