စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆံပင်ကျွတ်ခြင်းသက်သာရန်


                          
၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ

ယင်းတို့ထဲမှာ ပါဝင်တဲ့ ဆာလဖာဟာ အရေပြားက ကော် လာဂျင်ထွက်ရန် ကူညီပေးပြီး ဆံပင် တွေဖွံ့ဖြိုးရန်ကူညီပေးနိုင်ပါသည်။

အသုံးပြုပုံ - ပါးပါးလှီးပါ။ အရေညှစ် ပါ။ ယင်းအရည်ကို ဦးရေပြားမှာ ၁၅ မိနစ်ခန့်ထားပြီး ခေါင်းလျှော်ပါ။ ကြက်သွန်ဖြူဆိုရင် အမြွှာလေးတွေ ကို ကြိတ်ပါ။ အုန်းဆီနည်းနည်း ရောပါ။ ပြီးနောက် မိနစ်အနည်း ငယ်ခန့် ဆူပွက်အောင်ထားပါ။ ထို့ နောက် အအေးခံပြီး ခပ်နွေးနွေး၌ ဦးရေပြားသို့ ဖြေးညှင်းစွာ နှိပ်ပေးပါ။ တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ်ထိ လုပ်ပေးသင့်ပါတယ်။

၂။အုန်းသီး

အုန်းနို့တွင် ပါဝင်သော ပရို တင်း၊ အဆီနဲ့ ပိုတက်ဆီယမ်၊ သံစာဓာတ်တို့က ဆံပင်ကျိုးခြင်း၊ ကျွတ်ခြင်းကိုသက်သာစေပြီး ဆံပင် ကိုလည်း အမြစ်မှစပြီး အားပြည့်စေပါတယ်။အသုံးပြုပုံမှာအုန်းနို့အားဆံပင်ကြဲနေသည့်၊ ပြောင်နေသည့် နေရာအား ကွက်၍လိမ်းပေးပါ။ နောက်တစ်နေ့ မိုးလင်း၌ ဆေးချပါ။

၃။ ဒန်းပင်

ဒန်းပင်ဟာ ဆံပင် အရောင်ကို ထိန်းပေးနိုင်ရုံသာမက ဆံပင်ကို ပိုမိုသန်စွမ်းစေပါတယ်။

အသုံးပြုပုံမှာ မုန်ညှင်းဆီ 250ml အား ရေဆေး အခြောက်ခံထားသော ဒန်းရွက် ၆၀ g ခန့်တွင် ရောနှောပါ ။ ထို့နောက် ယင်းအရောအား ဆူပွက်လာသည် အထိပြုတ်ပါ။ အဆီအား အဝတ်ပါး ဖြင့် စစ်ထုတ်ပါ။ ယင်းအဆီအား လေလုံသောဘူးဖြင့် သိမ်းထားပြီး ဦးရေပြားအား ယင်းအဆီဖြင့် နေ့စဉ် နှိပ်ပေးပါ။ တချိUKကတော့ ဒန်းရွက် ခြောက်အမှုန့်အား ဒိန်ချဉ်ဖြင့် ရော ပြီး လိမ်းပေးလေ့ရှိပါတယ်။

၎။ ခေါင်ရမ်းပင်

အုန်းဆီနဲ့ ခေါင်းရမ်းပွင့်ဟာ ဆံပင်ထူတဲစေတဲ့လျှိုဝှက်ချက်တစ်ခု ပဲ ဖြစ်ပါတယ်။

အသုံးပြုပုံ - ခေါင်းရမ်းပွင့်အချိUKအား နှမ်းဆီ (သို့မဟုတ်) အုန်းဆီဖြင့် ရော ပြီး အနှစ်ရအောင် ပြုလုပ်ပါ။ ယင်း အား ဦးရေပြားပေါ်တွင် လိမ်းထား ပြီး နာရီအနည်းငယ်ခန့်ထားပြီး ဆေး ပစ်ပါ။

၅။ ဥ

ဥတွေဟာ ဆာလဖာကြွယ်ဝရုံ သာမက ပရိုတင်း၊ ဆယ်လီနီယမ်၊ အိုင်အိုဒင်း၊ ဖော့စဖရပ်၊ သံနဲ့ ဇင့် တွေ ပါဝင်တဲ့အတွက် ဆံပင်ပေါက် ရန် အားပေးပြီး ဖွံ့ဖြိုးမှုကို ကူညီပါ တယ်။

အသုံးပြုပုံ- ကြက်ဥ (သို့မဟုတ်)ဘဲဥ အစိမ်းရဲ့အနှစ်ကိုဖယ် အကာအား သံလွင်ဆီ၊ တစ်ဇွန်းဖြင့်ရောပါ။ အနှစ်ရသည်အထိ မွှေပါ ။ ထို့နောက် ဦးခေါင်းအား လိမ်းပေးပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထားပြီးနောက် ခေါင်း လျှော်ချပါ။

Credit to နှင်းဆီဖူးလေးများ-Love BUDS


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...