စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုယ်ကံကောင်း မကောင်း ကိုယ့်စေတနာ ကိုယ်ကြည့်


 

 စေတနာဆိုးရင် ကံဆိုးတာပါပဲ။ စေတနာကောင်းရင် ကံကောင်းတာပါပဲ။ ကံကောင်းဖို့ ဘာမျှအခက်အခဲမရှိဘူး။ ငါ့ကံ ကောင်းသလား ၊ မကောင်းဘူးလားဆိုတာကို ဗေဒင်မတွက်နဲ့ သိတယ်။ လက္ခဏာမမေးနဲ့ သိတယ်။ ကံကောင်းသလား ၊ မကောင်းသလား ဆိုတာကို ကိုယ့်စေတနာကို ကိုယ့်ဥာဏ်နဲ့ ကိုယ့်ဟာကိုယ်တွက်ကြည့်ရင် မသိဘူးလား။ စေတနာဆိုးကြရင် ကံဆိုးတာပါပဲ။ စေတနာကောင်းကြရင် ကံကောင်းကြတာပါပဲ။ စေတနာကို ကံလို့ ခေါ်ကြတာ မဟုတ်ဘူးလား။

ကိုယ့်စေတနာ ကိုယ်တွက်မှ သိတာ။ သူများတွက်လို့ ကိုယ့်စေတနာကို သိပါ့မလား။ မသိဘူး။ အေးဗျာ။ အဲဒါ ကိုယ့်စေတနာ ကိုယ့်ဟာကိုယ်တွက်ရင် သိနိုင်လျက်နဲ့ ဟိုလူသွားမေးရ ၊ ဒီလူသွားမေးရနဲ့ ဘယ်နှယ့်ကြောင့် သူများသွားသွားပြီး ကိုယ့်စေတနာကို မေးနေရတာလဲ။

ကံကောင်း ကံဆိုး သူများမမေးနဲ့ ။ ကိုယ့်ကိုကိုယ်မေး။ ဘုန်းကြီးတို့ ပရိတ်သတ်များ ကိုးကွယ်မှု အဆင့်အတန်းမြင့်ဖို့ ဟုတ်လား။ အပြင်ဘက်မှာ အကူအညီမရှာရဘူး။ မိမိမှာ အကူအညီတွေ အပြည့်အစုံရှိပါတယ်။

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...