ဖက်ရှင်အလှအပများ ပေါလွန်းလှသည့် အချိန်တွင် အမျိုးသား၊ အမျိုး သမီးများအတွက် ရွေးချယ် စရာများ ကလည်း များပြားလှသည်။ လူအများ ရွေး ချယ်သည့် အဝတ်အစားသည် ဖက်ရှင်ကျလှပရုံသာမက ကျန်းမာရေးအတွက် သက်ရောက်မှုလည်းရှိသည်။ နေ့စဉ် ဝတ်ဆင်သည့် အဝတ် အစားများ ပုံမှန်လဲလှယ်မှု မရှိသည့်အတွက် လုံလောက်သည့် သန့်ရှင်းမှု မရှိခြင်း၊ ကြပ်လွန်းသည့် အဝတ်အစားများကြောင့် သတိမပြုမိလိုက် သော်လည်း နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ခံစားကြရနိုင်ကြောင်း အရေပြားအထူးကုဆရာဝန် ဒေါက်တာ မြတ်စန္ဒာကျော်က ပြောသည်။ ခန္ဓာကိုယ်အလှကို ပိုမိုပေါ်လွင်စေ
သည့် ဘောင်းဘီကြပ်ကြပ်များ လူငယ်ထုအတွင်း ပိုမိုအကြိုက်များလာကြသည်။
ထိုဘောင်းဘီအကြပ်များသည် အမျိုးသမီးများတွင် အဖြစ်များသည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါဖြစ်စေသည့် အကြောင်းရင်းများစွာထဲမှ တစ်ခုလည်း ဖြစ်နိုင်ကြောင်း သိရသည်။ ဘောင်းဘီကြပ်ကြပ်သည် စမတ်ကျ လှပသော်လည်း သက်သောင့်သက်သာတော့ သိပ် မရှိလှပေ။ လှုပ်ရှား သွားလာနေသူများအတွက် ကြပ်နေသည့် ဘောင်းဘီသည် အရေပြား ပွန်းခြင်းများ၊ နီရဲလာခြင်းများနှင့် သွေးခြေဥခြင်းများအထိ ဖြစ်နိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့်
ဆီးလမ်းကြောင်း ပိုးဝင်သည့်အခါ မကြာခဏ ဆီးသွားလိုခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ ညပိုင်းတွင် ဆီမကြာခဏသွားခြင်း၊ ဆီးအရောင်အနံ့ပြောင်းလာခြင်
"အောက်ခံ အဝတ်ကြပ်ကျပ်တွေကတော့ ပထမဆုံး ပေါင်ပွန်းတာတွေ ဖြစ်တယ်။ ပြီးရင် မွေး ညင်းပေါက်တွေ ရောင်လာတာ၊ မှိုပိုးဝင်တာတွေ ဖြစ်လာတယ်။ အရေပြားမှာ ပွေးပေါက်တာမျိုးတွေဖြစ်ပြီ
ထိုကဲ့သို့သော လိမ်းဆေးများအား ရိုးရိုး ယားနာပျောက်ရန်အတွက် လိမ်းသည့်အခါ အရေပြားပွန်းပဲ့ခြင်းကြောင်
များသောအားဖြင့် ကိုယ်အလေးချိန် တက်လာသော်လည်း အောက်ခံအဝတ်အစားများအား မူလသုံးသည့် ဆိုဒ်များသာ သုံးခြင်းကလည်း အရေပြားပွန်းပဲ့ပြီး နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနိုင်ခြင်းဖြစ်ကြော
ခန္ဓာကိုယ်မှ ထွက်ရှိလာသည့် ချွေးများကြောင့်နှင့် စိုစွတ်နေသည့် အောက်ခံအဝတ်အစားများအတွင်း ပိုးပေါက်ဖွားပြီး မှိုပိုးများ ဝင်နိုင်ခြင်း၊ ပွေးကဲ့သို့သော အရေပြားရောဂါများ ဖြစ်ပွားလာနိုင်ခြင်း စသည်တို့ကို ခံစားကြရနိုင်ကြောင်း သိရသည်။ ထို့အပြင် အဟောင်းများကို မကြာခဏ ပြန်ဝတ်ခြင်း၊ အလွန်ဟောင်း သွားသည်အထိ ထိုအောက်ခံများအား အသုံးပြုနေခြင်းတို့သည် အောက်ခံ အဝတ်များ ဟောင်းသည့် အခါတွင် ထွက်လာသော အမွေးများက အရေပြားတွင် တုံ့ပြန်လွယ်ခြင်းများကြောင
အောက်ခံ အဝတ်အစားများအား ခြောက်လထက်ပိုပြီး အသုံးမပြုသင့်ဘဲ အခြားသူများနှင့် မျှဝေသုံးစွဲခြင်း၊ တစ်ထည်တည်းကို ထပ်ခါဝတ်ခြင်း၊ ပူလောင်နေသည့် အသားဖြင့် ချုပ်ထားသော ပစ္စည်းများသုံးခြင်းကို ဆင်ခြင်ခြင်းဖြင့် ရောဂါများ ကူးစက်ဖြစ်ပွားခြင်းကိုလည်း
“ညဘက်အိပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေလည်း နားနေ ကြတယ်။
အဲဒီချိန်မှာ အညစ်အကြေးတွေ ထုတ်တာ၊ ကိုယ်ခံအားစနစ်တွေ ပြုပြင်ပေးတာတွေ လုပ်နေတဲ့အချိန်မှာ ကြပ်တဲ့ အောက်ခံတွေက အနှောင့် အယှက်တွေပေးတယ်။ အမျိုးသားတွေမှာ အဲလို အောက်ခံကြပ်ကြပ်တွေရဲ့ ဆိုးကျိုးကို ပိုခံစားကြရတယ်” ဟု ဒေါက်တာမြတ်စန္ဒာကျော်က ပြော သည်။ နေ့စဉ် ဝတ်ဆင်သည့် အဝတ်အစားများမှတစ်ဆင့် ရောဂါများ ရရှိသည်အထိ မဖြစ်စေရန် ရွေးချယ် အသုံးပြုကြရန် လိုအပ်ပြီး မိမိနှင့် သင့်လျော်သည့် သိပ်မကြပ်လွန်း၊ မကျယ်လွန်းသည့် အဝတ်အစားများ အသုံးပြုခြင်း၊ အောက်ခံ အဝတ်အစားများအား တစ်ထည်တည်းကို ထပ်ခါဝတ်ဆင်ခြင်းနှင့် အချိန်ကြာ ဝတ်ဆင်ခြင်းအား သတိပြုခြင်း၊ ချွေးစုပ်နိုင်သည့် အသားဖြင့် ပြုလုပ်ထားသော အောက်ခံများအား အသုံးပြုသင့်ကြောင်း သိရသည်။ နိုင်ငံတကာရှိ ကျန်းမာရေးဆိုင်ရာ ပညာရှင်များမှ လေ့လာတွေ့ ရှိထားသည့် ကျန်းမာရေးအတွက် ဆိုးရွားစေသည့် ဆင်ခြင်ရမည့် အချက်များထဲတွင် ဒေါက် ဖိနပ်အမြင့်များ စီးခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ ခန္ဓာကိုယ် အပေါက် များဖောက်ခြင်း၊ နေပူခံခြင်း စသည့် အကြောင်းအရာ များအပြင် အလွန် ကြပ်သည့် ဘောင်းဘီများကလည်း ကျန်းမာရေးအတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားကြသည်။
Source by :
Myanmar Forward
ဝတ်ရည်အောင်
https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186
No comments:
Post a Comment