စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နံရိုးအောက် နာကျင်ခြင်း


                      
:::::ဘာသိသင့်သလဲ...

ရင်ဘတ်အောက် အထူးသဖြင့် ညာဘက်ခြမ်းမှာ အောင့်ပါက သည်းခြေကျောက်ကြောင့် ဖြစ်နိုင်ပါတယ်။ အသက် ၂၀ မှ ၆၀ ကြားအရွယ်မှာ ဖြစ်တတ်ကာ အမျိုးသမီးတွေက အမျိုးသားတွေထက် ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ သည်းခြေကျောက်တွေဟာ သည်းခြေပြွန်ကို ပိတ်စေနိုင်ကာ ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ သည်းခြေကျောက်ဆိုတာဟာ တကယ်တော့ ကိုလက်စထရောတွေ မာကျောကာ ခဲသွားခြင်း ဖြစ်ပြီး လေးစင်တီမီတာ အရွယ်လောက်ထိ ကြီးနေနိုင်ပါတယ်။

:::ဘာလုပ်နိုင်သလဲ...

မျိုးရိုးလိုက်ခြင်းကြောင့် အများဆုံး ဖြစ်နိုင်ကာ မျိုးရိုးမှာ ဒီရောဂါရှိပါက ကာကွယ်နိုင်တဲ့နည်းလမ်း သိပ်မရှိပါ။ ဆရာဝန်နဲ့ ပြသကာ Ultrasound ရိုက်ကြည့်ပါ။ ရင်ပြည့်ခြင်း၊ ပျို့ခြင်း၊ အစာမကြေခြင်းတို့ပါတွဲပြီး ဖြစ်နေရင်ပေါ့။ အဝလွန်ခြင်းကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဝိတ်လျှော့ပါ။ ဒါပေမဲ့ ဖြည်းဖြည်းနဲ့ မှန်မှန်သာလျှော့ပါ။ ရုတ်တရက် စိတ်ပျော့သွားပါက အသည်းကနေ ကိုလက်စထရောတွေ အထွက်များပြီး သည်းခြေကျောက် ဖြစ်စေနိုင်တာကြောင့်ပါ။

Dr.Nu Myat (Goodhealth)

နှင်းဆီဖူးလေးများ-Love BUDS


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35101

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...