ရာသီဥတု ဖောက်ပြန်မှုကို နည်းပညာဖြင့် ကျော်လွှားနိုင်မည်လား
ယနေ့ကမ္ဘာပေါ်တွင် နေရာအနှံ့အပြား၌ ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို လူအများခံစား နေကြရသည်။ အဓိကမှာ ကမ္ဘာကြီးသည် ယခင်နှင့်မတူ ပူနွေးလာခဲ့သည်။
ယင်းသို့ ပူနွေးလာခြင်းကို သိပ္ပံပညာရှင်များက သူတို့နည်းပညာများနှင့် ဆယ်စုနှစ် တစ်ခုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့မထွက်သော
၁၉၈ဝ ပြည့်နှစ်ကျော်ကျော်က နယူးယောက်မြို့သည် ရွှံ့နွံဗွက်တောကြီး ဖြစ်ခဲ့သည်။ မုန်တိုင်းတိုက်၍ ဖြစ်ရသည် မဟုတ်ဘဲ မြင်းချေးများ၊ သေးများနှင့် နံစော်နေခဲ့သည်။ ထိုစဉ်က မြင်းများသည် သယ်ယူပို့ဆောင်ရေးတွင် အခရာဖြစ်ခဲ့သဖြင့် ဘယ်သွားသွား မြင်းနှင့် သွားကြသည် ဖြစ်ရာ နေ့စဉ်နှင့်အမျှ မြင်းများသည် သူတို့၏ ချေး၊ သေးများကို ပေါင်ချိန် တစ်သန်းကျော်ခန့် ပါချကြသည်။ ထိုအညစ်အကြေးများကြောင့် ကျန်းမာ သန့်ရှင်းရေး ပြဿနာ ဖြစ်လာခဲ့ရသည်။ ဘယ်သူကမျှ ဖြေ ရှင်းရန် မကြိုးစားခဲ့၍ မဟုတ်။ ကြိုးစားသော်လည်း နည်းလမ်းရှာ မရခဲ့ကြဟုဆိုသည်။ တချို့က နယူးယောက် လမ်းတွေတော့ မြင်းချေးတွေအောက် မှာ ပေလေးငါး ဆယ် မြုပ်နေတော့မည်ဟု ခန့်မှန်း တွက်ဆကြသည်။
ဟားဗက်တက္ကသိုလ်မှ ဓာတုဗေဒပညာရှင် ဒန်နီယက်နိုစားရားက ပြောသည်မှာ ''အပြောင်းအလဲ ကတော့ဖြစ်လာပြီ။ မော်တော်ကားတွေ နယူးယောက်ကို ဝင်လာပြီး နေ့ချင်းညချင်း မြင်းတွေရဲ့နေရာကို ကားတွေနဲ့ အစားထိုးလိုက်တော့ မြင်းတွေကို မသုံးရတော့ဘူး။ လမ်းတွေကိုတော့ သန့်ရှင်းရေး လုပ်ဖို့လိုတယ်။ ညစ်ပတ်နံစော်နေတဲ့ နယူးယောက် မြို့ကြီးလဲ သန့်သွားမယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းကယ်တင်ရေး တစ်ရပ်အနေနဲ့ ထောက်ခံခဲ့ကြတယ်'' ဟု ဆိုသည်။ ဘယ်လိုမှ မဖြေရှင်းနိုင်တော့ဘူးလို့ ထင်ထားသော ကိစ္စကြီးမှာ ပြေလည်သွားခဲ့သည်။
ကားများပေါ်လာလို့ တော်သေးသည်။ သို့မဟုတ်လျှင် ခက်ပြီဟု ကားများကို ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပြီး ကျေးဇူး တင်ခဲ့ကြသည်။ ယခုတစ်ခါ လာပြန်ပါပြီ။ ရာစုနှစ်ချီပြီးကြာလာတော့ ကားတွေက ကာဗွန်တွေ ထုတ်လွှတ်လို့ ကမ္ဘာကြီးမှာ ရာသီဥ တုတွေ ဖောက်ပြန်ကုန်သည်။ ကာဗွန်ဓာတ်များက အပူတွေကို ဖမ်းစားထားတော့ သဘာဝအရရှိနေမည့် အပူချိန်များမှာ မထွက်နိုင်တော့ဘဲ အပူများ အောင်းနေ သဖြင့် နေမကောင်းဖြစ်ရပြီး ပင်လယ် ရေမျက်နှာပြင်များလည်း မြင့်တက် လာခဲ့ရသည်။ မိုးများလည်းမရွာ၊ မိုးကြီးခေါင်၊ အပူလှိုင်းတွေကဖြတ်၊ ဟာရီကိန်း မုန်တိုင်းတွေ က တိုက်ဖြစ်နေလို့ ယနေ့ အမေရိကန် ပြည်ထောင်စု USA TODAY ခန်းဆက်ဖြင့်ဆိုလျှင် နှစ်နဲ့ချီ၍ ဖောက်ပြန် ပြောင်းလဲနေသော ရာသီဥတု ကို ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး လေ့လာမှု လုပ်နေရတာတွေကို ပြသနေပါပြီ။
လတ်စ်ဗဲဂတ်စ်မှာလည်း အီလက်ထရွန်နစ် သုံးစွဲနေသူများပြပွဲကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလတွင် လုပ်မည်။ ပြပွဲတွင် သဘောတရားနှစ်ခုကို ပြထားမည်။ တိုယိုတာ ကုမ္ပဏီလုပ် ဖန်လုံအိမ် ဓာတ်ငွေ့မထုတ်သော ဟိုက်ဒြိုဂျင် လောင်စာသုံးကားနှင့် ဖို့ဒ်ကုမ္ပဏီလုပ် ဟိုင်းဘရစ် ပြန်လည် အသုံးပြုနိုင်သော စွမ်းအင်သုံးကားတို့ ကို ပြသ ထားသည်။ နည်းပညာက ယခုအကြိမ် ထုတ်ပေးတော့မှာလား။ သို့မဟုတ် အပူချိန်တွေ မြင့်တက်ကာ အပူကြီးနေသော ကမ္ဘာကြီးကို ဒီအတိုင်းသူ့အရှိန် နှင့်သူ လွှတ်ထား၍ ဓာတ်ပြောင်းအရေးဖြင့် ပြောင်းလဲ သွားသည်အထိ ရောက်အောင် တွန်းပို့ပေးတော့ မှာလားဟု မေးစရာရှိပါသည်။
နိုစာရာကတော့ နည်းပညာ ခေတ်မီတိုး တက်မှု ဟိုက်ဒြိုဂျင် လောင်စာထုတ်လုပ်ရေး အတွက် သူအားကိုးထားသည်။ အရှေ့သို့ ရွေ့လျားမှု တွန်းအားကို လက်ရှိအခြေအနေပေါ် မူတည်၍ အသစ်တီထွင် ပြုပြင် ကာ ရှာဖွေတွေ့ရှိမှုက ပြောင်းလဲ ပစ်လိုက်နိုင်သည်။ တိုယိုတာ ကုမ္ပဏီက ပြမည့် ဟိုက်ဒြိုဂျင် ပါဝါသုံးကားသည် တစ်ခါမောင်းလျှင် မိုင် ၅ဝဝ ရောက်မည်။ လောင်စာ ဆီဖြည့်မည်။ ဖြည့်ချိန်က သုံးမိနစ်ပဲကြာမည်။ ၂ဝ၁၅ ခုနှစ်ဆိုလျှင် စထုတ်တော့မည်ဟု ဆိုသည်။
ဝါရှင်တန်ဒီစီတွင် ရာသီဥတု ဖောက်ပြန်မှုသည် နိုင်ငံရေးအရ သုံးသပ်ရန် ကျန်နေပါသည်။ ကွန်ဂရက်ကလည်း ကာဗွန်ထုတ်လုပ်မှု အခွန်ကောက်ခံ ရန် ပြုလုပ်နေရပါ သည်။ ကိတ်နှင့် ရာသီဥတု သိပ္ပံပညာရှင်များကတော့ သန့်ရှင်းသော စွမ်းအင်အသစ် တီထွင်ရန် အကောင်းဆုံး နည်းလမ်းဖြစ်မည်ဟု ဆိုပါသည်။ ဆန့်ကျင်ဘက် အမြင်ရှိသူများ ဖြစ်သော အမေရိကန်ရေနံအင်စတီကျုက အခွန်ကောက်လိုက်လျှင် စွမ်းအင်ဈေးနှုန်းမြင့်တက်လ
ကမ္ဘာ့ခေါင်းဆောင်များသည် ဖန်လုံအိမ် ဓာတ်ငွေ့ဖြတ်တောက်ရန် သဘောတူညီချက်မှာ တိုးတက်မှု နှေးကွေးနေ ရာ တစ်ဟုန်ထိုး တိုးတက်လာနေသည်။ အိန္ဒိယနှင့် တရုတ်တို့က စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ကျောက်မီးသွေးကို သုံးကြသည်။ ပြောင်းလဲမှုတွေ မြင်နေရပြီ။ နိုင်ငံပေါင်း ၁၂ နိုင်ငံက သူတို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်ကို သုံးသည်ဟု ဆိုကြသည်။ ဝါရှင်တန်ပြည်နယ် bellevue တွင် သူဌေးကြီး ဘီလ်ဂိတ်က ငွေထုတ်ပေး၍ ပိုကြီးသော ၅ဝဝ မဂ္ဂါဝပ်ခရီးသွား ဓာတ်ပေါင်းဖို ကို ပြုလုပ်ခဲ့ရာ နောက်ထပ်နှ စ်ပေါင်း ၄ဝ တိုင်အောင်ထပ်မံ၍ လောင်စာထည့်စရာမလိုဘဲ သုံးနိုင်သည်။ ယင်းလုပ်ငန်းကို အမေရိကန် ကုမ္ပဏီ၊ တရုတ်အစိုးရတို့နှင့် ပူးတွဲလုပ်ကိုင်သည်ဟု ဆိုသည်။
ဆဋ္ဌမအချက်က စွမ်းရည်အသုံးပြုနည်းပါ။ မမြင်ရသော စွမ်းအင်နည်းပါ။ ဘာကြောင့်လဲ ဆိုလျှင် စွမ်းအင်ကိုမသုံးလို့ မမြင်ရတာပါ။ အခြေခံ နည်းပညာ ဖြစ်သော်လည်း စွမ်းရည်က မြင့်မားပါသည်။ စွမ်းရည်တွေကို မြှင့်တင်ကာ ၂ဝ၅ဝ ပြည့်နှစ်ဆိုလျှင် အစိုးရ စွမ်းအင် လိုအပ်ချက်ကို ထက်ဝက်လျှော့ချသွား နိုင်မည်ဖြစ်သည်။ အဆောက်အ အုံတွေကို အကောင်းစား အပူခံ ပစ္စည်းတွေ သုံးပြီးဆောက်မည်။
လေလုံအောင်ဆောက်ကာ အိမ်သုံးစွမ်းအင်ကို ၉ဝ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်။ သို့ဖြစ်၍ ကမ္ဘာတွင် ရာသီဥတု ဖောက်ပြန်မှုကို အရေးတကြီးထားကာ ယနေ့ကပင်ကြိုတင်၍ သုတေသနလုပ်ခြင်းဖြင့် နောင် ၁ဝ နှစ် အနှစ် ၂ဝ ကြာသောအခါ လူသားအားလုံး အကျိုးရှိသော၊ အသုံးပြုနိုင်သော အနေအထားသို့ ရောက်ရှိလာမည်ဖြစ်၍ ရာသီဥတုဖောက်ပြန်မှုကို သိပ္ပံနည်းပညာဖြင့် ထိန်းချုပ် လုပ်ဆောင်သွားနိုင် သဖြင့် အလွန်အမင်း စိုးရိမ်စရာလိုတော့မည် မဟုတ်ကြောင်း ရေးသား လိုက်ရပါသည်။
https://www.facebook.com/photo.php?fbid=524225917675244&set=a.351047714993066.7
No comments:
Post a Comment