စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျန်ရှိနေတဲ့ သက်တမ်းကို အကျိုးရှိအောင် ကုသိုလ်ဖြင့် ဘ၀နေနည်း။




လူတစ်ယော်ရဲ့ တန်ဖိုးကို ရာထူး၊ ဂုဏ်၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံ၊ တွေနဲ့ 
တိုင်းတာကြသလိုသီလ၊ သမာဓိ၊ ပညာ၊ ဆိုတဲ့ သိက္ခာသုံးပါးနဲ့ လဲ တိုင်းတာကြပါသည်။ ဗုဒ္ဓဘာသာဝင်
သူတော်စင် အပေါင်းတို့ ၏ နောက်ဆုံးပန်းတိုင် နိဗ္ဗာန်ဆီသို့  သီလ၊ သမာဓိ၊ ပညာ၊ ဖြင့်သာ ရောက်နိုင်
ပါသည်။လူ့ ဘ၀ သက်တမ်းကို ယခုအချိန်တွင် ယေဘူယျ အားဖြင့် ၇၅ နှစ် သပ်မှတ်သည်ဆိုလျှင် အ
သက် ၆၀ ရှိတဲ့သူဆိုလျှင် ၁၅ နှစ်ဘဲ နေခွင့်ရတော့မှာပါ။ ကျန်နေတဲ့အချိန်ဟာ ကိုယ့်အတွက် သိပ်တန်
ဖိုးရှိနေပါတယ်။ ဒီအချိန်ဟာ သူတစ်ပါးကောင်းတာမကောင်းကို ဝေဖန်နေရမဲ့ အချိန်အရွယ် မဟုတ်တော့
ပါဘူး။ ကိုယ်ကောင်းအောင်ဘဲ နေရမဲ့ အချိန်အရွယ်ဖြစ်နေပါပြီ။
ဆိုလိုတာက သူတစ်ပါး ကောင်းတာ မကောင်းတာထက်၊ နေရမဲ့ အချိန်လေးမှာ ကိုယ်ကောင်းအောင် နေ
ဖို့ အဓိကပါ။ ဘ၀အတွက် အကျိုးရှိမဲ့ အပြစ်ကင်းတဲ့ ပြုမှူ၊ ပြောဆို၊ နေထိုင်၊ ကြံစဉ်၊ စဉ်းစား၊ တွေးတော၊
စားသောက်၊ ရပါမယ်။သံဝေဂဖြစ်ဖွယ် ဥဒယဘဒ္ဒ ဇတ်ကို ပြောရရင်=တစ်ခုသော ညတစ်ညမှာ ဥဒယဘ
ဒ္ဒ မင်းသမီးဟာ ပြသာဒ်ထက် တိုက်ခန်းမှာ နေနေပါတယ်။ အဲဒီအချိန်မှာ လုလင်ပျိုတစ်ယောက်ဟာ ရွှေ
ခွက်နဲ့  ရွှေအပြည့်ထည့်ပြီး ရောက်လာပြီး မင်းသမီးကိုလူပျိုစကား စပြောပါတယ်။ "ငါကနတ်သားတစ်
ယောက်ပါ ၊ သင်က ငါ့ကို ချစ်တယ်ဆိုရင် ပါလာတဲ့ ရွှေခွက်နဲ့  ရွှေအပြည့်ပေးပါ့မယ်။" ဒီတော့ မင်းသမီး
က "သင်ဟာ နတ်သားမကလို့  ဘာဘဲ ဖြစ်နေဖြစ်နေ ကွယ်လွန်သွားတဲ့ ကျမခင်ပွန်းဟောင်းမင်းသားမှ
တစ်ပါး ဘယ်သူ့ ကိုမှ မမြတ်နိုးဘူး။ သင်ပြန်ပါတော့" လို့  နှင်လွှတ်လိုက်ပါတယ်။
ဒုတိယ ညကျတော့ လုလင်ပျို နတ်သားက ငွေခွက်နဲ့  ရောက်လာပြန်ပါတယ်။ ဒါပေမဲ့ မင်းသမီးက
ချက်ချင်းဘဲ ပြန်လွှတ်ပါတယ်။ တတိယ ညကျတော့ ကြေးခွက်နဲ့  ချစ်ရေးဆိုလာ ပြန်ပါတယ်။ ဒီမှာ
တင် မင်းသမီးက စဉ်းစားပြီး လုလင်ကိုပြန်မေးကြည့်ပါတယ်။ "အသင်ယောက်ျား...ယောက်ျားတွေ
ဟာ မိန်းမကို ချစ်ရေးဆိုရင် ပစ္စည်းဥစ္စာကို တိုးပြီးတိုးပြီးပေးကြတယ်။ သင်က ဘာဖြစ်လို့  တစ်နေ့ 
ထက်တစ်နေ့  လျှော့ လျှော့ပေးရတာလဲ။" လို့ မေးပါတယ်။ဒီတော့ လုလင်ပျိုကလည်း ပြန်ဖြေပါတယ်။
" မင်းသမီးရဲ့  အသက်နဲ့  ရုပ်ရည်အဆင်းက တစ်နေ့ ထက်တစ်နေ့  လျှော့လျှော့ အိုလာတာဘဲ။ ဒါ
ကြောင့် ငါကပစ္စည်းကို လျှော့ လျှော့ပေးတာပါ။ မင်းသမီးရယ်၊ တစ်ရက်တစ်ည ကုန်လွန်တာကိုထား
ပါဦး။ အသင့်ကို ငါကြည့်နေဆဲ မှာပဲ သင့်ရဲ့ ရုပ်ရည် အဆင်းတွေက တစ်ဖြုတ်ဖြုတ်နဲ့  အို အို လာနေပြီ၊
တစ်နေ့ ထက်တစ်နေ့  ပျို ပျို လာတာမှ မဟုတ်တာ။" လို့ ရှင်းပြလိုက် ပါတယ်။
လူတစ်ယောက်ဟာ တစ်ရက်ကုန်သွားတာနဲ့  သေဖို့ တစ်ရက် နီး နီး သွားတာပါ။ သေဖို့ တစ်ရက် နီး
သွားတာနဲ့  ကုသိုလ်ပြုဖို့  အခွင့်အရေး တစ်ရက်လျှော့သွား တာပါ။ တစ်ရက်ကုန်သွားတာနဲ့  အို အို
သွားတာပါ။ ဒီတရားသဘောကို အခြေခံပြီး ဆရာတော်ကြီးတွေက "တစ်ရက်ကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေ
ရန်တစ်ရက် နီးလာပြီ။" လို့ သတိပေးထား ကြပါတယ်။ဒါကို အမြဲတမ်း သတိရနေရင် တစ်နေ့ တာ ကု
သိုလ်ပြုဖို့ ကိုပဲ ကြံစဉ် အားထုတ်တော့မှာပါ။ ဘယ်အသက်အရွယ်ပဲ ရောက်နေရောက်နေ ကျန်ရှိနေတဲ့
သက်တမ်းကို အကျိုးရှိအောင် ဘယ်လိုနေမှာလဲ။ ?
မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင် ကြိုးစားပြီး၊ ဖြစ်ပြီးသား အကုသိုလ်တွေ ချက်ချင်းရပ်ပြီး ပယ်
ထုတ်နိုင်ရမယ်။ ကိုယ် သတိအားကောင်းရင် သတိပဌာန် နည်းနဲ့ အားထုတ်ပါ။ ကိုယ် ၀ိရိယအားကောင်
ရင် သမပဌာန် နည်းနဲ့ အားထုတ်ပါ။ သဒ္ဓါအားကောင်းရင် အနုဿတိနည်းနဲ့  အားထုတ်ပါ။ သီလယူ၊ဂုဏ်ေ
တ်ာပွား၊ မေတ္တာပို့ ၊ တာကအစ ကုသိုလ်ဖြစ်နေတာပါဘဲ။ ဘုရားရှိခိုး၊ ဆွမ်းတော်ကပ်၊ ပန်း၊ ဆီမီး၊ ရေချမ်း၊
ကပ်လှူခြင်းတွေလဲ၊ ကုသိုလ်ရနေတာပါ။ အချိန်ကိုအကျိုးစေခြင်းဖြင့် ဘ၀သက်တမ်း တစ်ခုအောင်မြင်နိုင်
စေလို့  တိုက်တွန်းလိုက်လိုက်ရပါတယ်။ ။ ။
{၁၃၇၀-ခုနှစ် ၀ါဆိုလပြည့်ကျော် ၁၃ ရက်၊ မှော်ဘီမြို့၌ အရှင်ဆေကိန္ဒ ဟောကြားသော"နေစဉ်အလုပ်-နေ့ 
စဉ်လုပ်" /ရဝေနွယ်(အင်းဝ)၏"ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမှာလဲ" တို့ မှ ကောက်နုတ် ရေးသား
ပါသည်။}http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A2084861&xg

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...