စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“သေခြင်းတရား”


 
 ဗုဒ္ဓဘာသာတွင် လက်ခံထားသော သေခြင်း (၄)မျိုး ရှိ၏။

(၁) အသက်တမ်းကုန်၍ သေခြင်း။

(၂) ကံစွမ်းကုန်၍ သေခြင်း။

(၃) အသက်တမ်း၊ ကံစွမ်း နှစ်ပါးကုန်၍ သေခြင်း။

(၄) ဥပစ္ဆေဒကကံဖြင့် သေခြင်း။

သတ္တဝါတို့မှာ ဤသေခြင်း ၄-မျိုးအနက် တစ်မျိုးမျိုးဖြင့် သေကြရ၏။
ထိုသို့ သေကြသောအခါ သေခါနီး၌ ‘ကံ’၊ ‘ကမ္မနိမိတ်’၊ ‘ဂတိနိမိတ်’ သုံးမျိုးအနက် တစ်ခုခု ပေါ်၏။

(၁)ကံ = နောက်ဘဝမှာ ပဋိသန္ဓေအကျိုးပေးတော့မည့် ရှေးတုန်းက ပြုခဲ့သော
(မသေမီ ယခုဘဝတွင် ပြုခဲ့သော ကံများလည်း ဖြစ်နိုင်၏) ကုသိုလ်ကံ, အကုသိုလ်ကံ။
ဤကံသည် အတိတ်က ဖြစ်ခဲ့သော အာရုံဖြစ်၍ မနောဒွါရ၌ ထင်၏။


(၂)ကမ္မနိမိတ် = ကံပြုစဉ် တွေ့ကြုံရသော အာရုံခြောက်ပါး။(ဥပမာ – ကျောင်းဆောက်ရာ၌ သင်္ကန်းအလှူ,
ဆွမ်းအလှူ စသည်)တို့ထင်ပေါ်တတ်၏။အာရုံခြောက်ပါးလုံး၌ ဖြစ်၍ ထိုက်သည့်အားလျော်စွာ
ဒွါရခြောက်ပါး၌ ထင်၏။

(၃)ဂတိနိမိတ် = အနာဂတ်ရောက်ရမယ့်ဘဝ တွေ့ကြံရလတံ့သော အာရုံ။(ဥပမာ – အမိဝမ်းရေ၊ ငရဲဘုံ),
“ထိုရောက်မည့်အရပ်တွင် တွေ့ကြုံခံစားရမည့် အရာများ”(ဥပမာ – လင်းတ၊ ခွေး၊ ငရဲမီး၊ ငရဲထိန်း၊
နတ်သား၊ နတ်သမီး)ပေါ်တတ်၏။ပဋိသန္ဓေအကျိုးပေးတော့မည့် ကံ ၊ကံမ္မနိမိတ် နှင်. ဂတိနမိတ် တို.သည် မသေမီ ဘ၀မှ မဟုတ်ဘဲရှေးရှေးဘ၀များစွာက လည်း ကံ ၊ ကံမ္မနိမိတ် နှင်.ဂတိနမိတ် တို.လည်း ဖြစ်နိုင်ပါသည်။
(အကျယ်ကို ကံမ္မဖလသုတ်တော်တွင် ဖတ်ရှုနိုင်သည်။)ထိုသို.တစ်ဘ၀၏ နောက်ဆုံးစိတ်(စုတိစိတ်)ဖြစ်ပြီးနောက်အခြားမရှိ နောက်ဘ၀တွင် ပဋိသန္ဓေစိတ် ဖြစ်သည်။အခြားမရှိဆိုသည်မှာ တဆက်တစပ်ထဲဖြစ်သည်ကိုဆိုလိုသည်။

♦ သေခြင်းနှင်.ပတ်သတ်၍ ဗုဒ္ဓ ဘာသာ များ အထူးသိရန်ဒိဋ္ဌိ နှစ်ပါးကို အောက်တွင် ဖော်ပြထားပါသည်။ သဿတဒိဋ္ဌိ ၊ဥစ္ဆေဒဒိဋ္ဌိ နှစ်ရပ်သည် ရုပ်နာမ်အပေါ်၌အတ္တစွဲလမ်းမှုကို အရင်းခံ၍ ဖြစ်၏။

♦ “ရှေးဘဝက အတ္တဖြစ်သော ရုပ် သို့မဟုတ် နာမ်သည်ပင်ဘဝသစ်၌ ဆက်လက်ပါလာ၏”
ဟု ယူလျှင် “သတ္တဝါသည် မပြတ်မစဲ မြဲ၏”ဟု ယူသော သဿတအယူဘက်သို့ ပါဝင်၏။

♦ “ရှေးဘဝက အတ္တဖြစ်သော ရုပ်နာမ်ဟူသမျှနှင့် လုံးဝအဆက်အသွယ် မရှိ ပြတ်၏”ဟု ယူလျှင်
ဥစ္ဆေဒအယူဘက်သို့ သက်ဝင်ပြန်၏။

♠ ထိုဒိဋ္ဌိနှစ်မျိုးမှ ကင်းလွတ်ဖို့ရာ“ရှေးဘဝက အကြောင်းနှင့်လည်း မကင်းတတ်၊
တိုက်ရိုက်ပါလာခြင်းလည်း မရှိ” ဟုသာ ယူရာ၏။

♠ ဘဝသစ်၌ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းကရုပ်နာမ်များ တိုက်ရိုက် ပြောင်းရွှေ့လာခြင်းမဟုတ်။
ဘဝဟောင်းက အကြောင်းများနှင့်လည်း မကင်းနိုင်။

♠ တောင်အနီး၌ ဟစ်အော်သော အသံသည်တောင်နံရံကို တိုက်ခိုက်မိသောအခါ ‘ပဲ့တင်သံ’
ပြန်ထွက်လာသကဲ့သို့တည်း။ပဲ့တင်သံသည် မူလအော်သံလည်း မဟုတ်။မူလအော်သံနှင့်ကင်းလျက်လည်း မဖြစ်နိုင်။ထို့အတူ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်အဆက်လည်း မဟုတ်၊ဘဝဟောင်းက အဝိဇ္ဇာ ၊ တဏှာ၊ သင်္ခါရ အကြောင်း များနှင့်လည်း မကင်းနိုင်။

♠ ဆီမီးတစ်ခုမှ ဆီမီးကူးညှိရာ၌ ဒုတိယမီးသည်ပထမဆီမီး၏ အဆက်လည်း မဟုတ်၊
ပထမဆီမီးနှင့်လည်း မကင်းနိုင်ပုံ၊

♠ တံဆိပ်နှိပ်ရာ၌ တံဆိပ်ရာသည် မူလတံဆိပ်၏
အဆက်လည်း မဟုတ်၊မူလတံဆိပ်နှင့်လည်း မကင်းနိုင်ပုံကို ဥပမာဆောင်၍ ပြကြသည်။

ကိုးကား :
(သဂြိုဟ်ဘာသာဋီကာ၊ အရှင်ဇနကာဘိဝံသ)

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

https://www.facebook.com/photo.php?fbid=171188476384280&set=a.1317507003

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...